မင်းကြီးက``ငြိမ်းချမ်းစွာသွားလော့'' ဟု ဆိုသဖြင့်အဗရှလုံသည်ဟေဗြုန်မြို့ သို့သွားလေ၏။-
သို့ရာတွင်သူသည်ဣသရေလအနွယ်ရှိ သမျှတို့ထံသို့စေတမန်များလွှတ်ပြီး လျှင်``သင်တို့သည်တံပိုးခရာများမှုတ် သံကိုကြားသောအခါ``အဗရှလုံသည် ဟေဗြုန်မြို့တွင်နန်းတက်တော်မူပြီ' ဟု ကြွေးကြော်ကြလော့'' ဟုမှာကြားထား လေသည်။-
ရှုရိပြည်ဂေရှုရမြို့တွင်နေထိုင်စဉ်အခါက အကယ်၍ထာဝရဘုရားသည် အကျွန်ုပ်အား ယေရုရှလင်မြို့သို့ပြန်လည်ပို့ဆောင်ပေး တော်မူပါလျှင် ကိုယ်တော်အားဟေဗြုန်မြို့ တွင်ဝတ်ပြုကိုးကွယ်ပါမည်ဟုအကျွန်ုပ် ကတိထားခဲ့ပါ၏'' ဟုလျှောက်၏။-
ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် ဧဂလုန်မြို့မှတောင်ကုန်းဒေသတွင် တည်ရှိသော ဟေဗြုန်မြို့သို့ချီတက်၍မြို့ကို တိုက်ခိုက်၊-
ဧလိက``စိတ်ချမ်းသာစွာသွားပါလော့။ ဣသရေလ အမျိုးသားတို့ကိုးကွယ်သောထာဝရဘုရားသည် သင်တောင်းလျှောက်သည်အတိုင်းပေးသနားတော် မူပါစေသော'' ဟုဆို၏။
ထိုနောက်ဒါဝိဒ်သည်အဘိဂဲလယူဆောင် လာသောလက်ဆောင်များကိုလက်ခံပြီး လျှင်သူ့အား``သင်ပြုစေလိုသည့်အတိုင်း ငါပြုမည်။ စိုးရိမ်မှုမရှိဘဲအိမ်သို့ပြန် လော့'' ဟုဆို၏။