သို့ဖြစ်၍ဒါဝိဒ်၏အဆွေတော်ဟုရှဲသည် မြို့တော်သို့ပြန်လေ၏။ ထိုအချိန်၌ပင် လျှင်အဗရှလုံသည်မြို့တော်သို့ရောက် ရှိလာလေသည်။
အဗရှလုံက``ယခုဟုရှဲကိုခေါ်ခဲ့ကြ။ သူ ၏အကြံကိုလည်းနားထောင်ကြစို့'' ဟု ဆို၏။-
နယ်ဘုရင်ခံချုပ်၊ နာသန်၏သားအာဇရိ၊ ဘုရင့် အတိုင်ပင်ခံအမတ်၊ နာသန်၏သားယဇ်ပုရော ဟိတ်ဇာဗုဒ်၊
အဟိသောဖေလသည်ဘုရင်၏အတိုင်ပင်ခံ အမတ်ဖြစ်၍ အာခိမြို့သားဟုရှဲသည်ဘုရင် ၏အဆွေတော်တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ် သတည်း။-
တစ်ဖန်ဗေသလမြို့မှလုဇမြို့သို့လည်း ကောင်း၊ ထိုမှတစ်ဆင့်အာခိအမျိုးသား များနေထိုင်ရာအတရုတ်အန္ဒာမြို့သို့ လည်းကောင်းရောက်သည်။-