၂ ရာ 15:28Common Language Bibleဤအတောအတွင်း၌ငါသည်သင်၏ထံ မှသတင်းစကားမရမချင်းတောကန္တာရ ရှိကူးတို့ဆိပ်တွင်စောင့်ဆိုင်းနေမည်'' ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းက``သင်သည်ဤပစ္စည်းများကို အဘယ်ကြောင့် ယူဆောင်လာပါသနည်း'' ဟု မေးတော်မူ၏။ ဇိဘက``မြည်းများသည်အရှင်မင်းကြီး၏ မိသားစုစီးရန်ဖြစ်ပါသည်။ မုန့်နှင့်သစ်သီး များမှာငယ်သားတို့စားရန်ဖြစ်၍စပျစ် ရည်မှာတောကန္တာရတွင်သူတို့မောပန်းကြ သောအခါသောက်ရန်ဖြစ်ပါသည်'' ဟု လျှောက်၏။
ထိုနောက်ဟုရှဲက``လူတစ်ယောက်ကိုစေ လွှတ်၍ဒါဝိဒ်မင်းအား`တောကန္တာရကူးတို့ ဆိပ်တွင်ညဥ့်အိပ်တော်မမူပါနှင့်။ ယော်ဒန် မြစ်တစ်ဘက်ကမ်းသို့ချက်ချင်းကူးတော် မူပါ။ သို့မှသာလျှင်အရှင်နှင့်အရှင့်လူ တို့သည်သေဘေးမှလွတ်မြောက်ကြပါ လိမ့်မည်' ဟုလျှောက်ထားစေလော့'' ဟုမှာ ကြားလေသည်။