၂ ရာ 15:26Common Language Bibleသို့ရာတွင်ငါ့အားနှစ်သက်တော်မမူပါ လျှင် ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါစေသော'' ဟုဆို၏။- အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်ခမည်းတော်၏အိမ်ထောင်စုသား အပေါင်းတို့သည် အရှင်၏လက်တွင်ကွပ်မျက် ခြင်းကိုခံထိုက်သူများဖြစ်ပါ၏။ သို့သော် လည်းအရှင်သည်အကျွန်ုပ်အားအရှင့်စား တော်ပွဲတွင်စားသောက်ခွင့်ကိုပေးတော်မူ ပါ၏။ အရှင်မင်းကြီးထံမှအဘယ်အရာ ကိုမျှထပ်မံအသနားခံရန်မရှိတော့ ပါ'' ဟုလျှောက်လေ၏။
အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။
အဆွေတော်၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြပါစေသတည်း။ ကိုယ် တော်သည်အဆွေတော်ကိုလွန်စွာနှစ်သက် မြတ်နိုးတော်မူသည်ဖြစ်၍ မိမိ၏ကိုယ်စား အုပ်စိုးနိုင်ရန်ဣသရေလဘုရင်အဖြစ်ချီး မြှောက်တော်မူပြီ။ ကိုယ်တော်သည်မိမိလူမျိုး တော်ဣသရေလအမျိုးသားတို့အားချစ် တော်မူ၍ထာဝစဉ်စောင့်ရှောက်တော်မူလို သဖြင့်တရားဥပဒေစိုးမိုးမှုနှင့်တရား မျှတမှုရှိနိုင်စေရန်အဆွေတော်အား သူတို့၏ဘုရင်အဖြစ်ဖြင့်ချီးမြှောက် တော်မူပြီ'' ဟုပြော၏။
``စွန့်ပစ်ခြင်းကိုခံရသူ'' ဟုနာမည်တွင် တော့မည်မဟုတ်။ သင်၏ပြည်သည်လည်း``အပယ်ခံဇနီး'' ဟူသောနာမည်ကိုခံယူရတော့မည်မဟုတ်။ သင်၏နာမည်သစ်မှာ``ဘုရားသခင်နှစ်သက် မြတ်နိုးသူ'' ဟူ၍ဖြစ်လိမ့်မည်။ သင်၏ပြည်သည်လည်း``ပျော်ရွှင်စွာထိမ်းမြား ထားသူ'' ဟုနာမည်တွင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူသဖြင့်၊ ခင်ပွန်းဖြစ်သူသည်မိမိဇနီးကိုမြတ်နိုး သကဲ့သို့၊ သင်၏ပြည်ကိုလည်းမြတ်နိုးတော်မူလိမ့်မည်။