၂ ရာ 15:24Common Language Bibleယဇ်ပုရောဟိတ်ဇာဒုတ်နှင့်ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်သောလေဝိအနွယ်ဝင်တို့ သည်ပါလာကြ၏။ သူတို့သည်ပဋိညာဉ် သေတ္တာတော်ကိုချထား၍ လူအပေါင်းတို့ မြို့မှထွက်ခွာပြီးချိန်တိုင်အောင်စောင့်နေ ကြ၏။ သူတို့အထဲတွင်အဗျာသာလည်း ပါ၏။- အခန်းကိုကြည့်ပါ။ |
ထို့နောက်ရှောလမုန်မင်းသည် ယဇ်ပုရောဟိတ် အဗျာသာအား``အာနသုတ်မြို့ရှိသင်၏ ကျေးလက်နေအိမ်သို့သွားလော့။ သင်သည် သေဒဏ်ခံထိုက်သူဖြစ်ပေသည်။ သို့ရာတွင် သင်သည်ငါ၏ခမည်းတော်ဒါဝိဒ်လက်ထက်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို တာဝန်ယူစောင့်ထိန်းရသူ၊ မင်းကြီးနှင့်အတူ ဆင်းရဲဒုက္ခအပေါင်းကိုခံခဲ့သူဖြစ်သဖြင့် ယခုသင့်အားငါမသတ်လိုပြီ'' ဟု မိန့်တော်မူ၏။-
ထိုနောက်မင်းကြီးက``ထာဝရဘုရားသည် မိမိ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် နှင့် အစဉ်အမြဲကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လေဝိအနွယ်ဝင်တို့ကိုသာ လျှင်ရွေးချယ်ခန့်ထားတော်မူသည်ဖြစ်၍ ထိုသူတို့သာလျှင်ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်ရကြပေမည်'' ဟုမိန့်တော် မူလျက်၊-
ဤသန့်ရှင်းမြင့်မြတ်သည့်နယ်မြေသည်ဇာဒုတ်၏သားမြေးများဖြစ်ကြသောယဇ်ပုရောဟိတ်တို့အတွက်ဖြစ်ရမည်။ သူတို့သည်ငါ၏အမှုတော်ကိုသစ္စာရှိစွာထမ်းဆောင်ခဲ့ကြ၏။ အခြားဣသရေလအမျိုးသားတို့မှောက်မှားလမ်းလွဲကြသောအခါ သူတို့သည်လေဝိအနွယ်ဝင်တို့ကဲ့သို့လမ်းမလွဲကြ။-
စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။