Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 15:18

Common Language Bible

မင်း​ကြီး​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်​သူ​၏ အ​နီး​တွင်​ရပ်​၍​နေ​စဉ် အ​စောင့်​တပ်​သား​များ သည်​မင်း​ကြီး​၏​ရှေ့​မှ​ဖြတ်​သွား​ကြ​၏။ ဂါ​သ မြို့​မှ​လိုက်​ပါ​လာ​ကြ​သော​တပ်​သား​ခြောက် ရာ​တို့​သည်​လည်း​ယင်း​သို့​ဖြတ်​သွား​ကြ သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​တို့​လူ​စု​သည် ယင်း​သို့​ထွက်​ခွာ​သွား ကြ​ပြီး​နောက် မြို့​အ​စွန်​၌​ရှိ​သော​အိမ်​တစ် အိမ်​တွင်​ရပ်​တန့်​ကြ​၏။-

ထို​နောက်​သူ​သည်​ထို​တပ်​တို့​ကို​သုံး​စု​ခွဲ ၍​စေ​လွှတ်​တော်​မူ​၏။ တစ်​စု​ကို​ယွာ​ဘ​အား လည်း​ကောင်း၊ တစ်​စု​ကို​ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ အား​လည်း​ကောင်း၊ အ​ခြား​တစ်​စု​ကို​ဂါ​သ မြို့​သား​အိတ္တဲ​အား​လည်း​ကောင်း​ဦး​စီး​စေ တော်​မူ​၏။ ထို​နောက်​မင်း​ကြီး​သည်​မိ​မိ​၏ လူ​တို့​အား``ငါ​ကိုယ်​တိုင်​သင်​တို့​နှင့်​အ​တူ ချီ​တက်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယွာ​ဘ​သည်​တပ်​မ​တော်​ဗိုလ်​ချုပ်​ဖြစ်​၍ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည် ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​သား​များ​ကို​အုပ်​ချုပ် ရ​၏။-

သို့​ဖြစ်​၍​ယွာဘ​၏​လူ​များ၊ ကိုယ်​ရံ​တော်​တပ် သား​များ​နှင့်​အ​ခြား​တပ်​သား​အ​ပေါင်း​တို့ သည် အ​ဘိ​ရှဲ​နှင့်​အ​တူ​ရှေ​ဘ​ကို​လိုက်​လံ ရှာ​ဖွေ​ရန်​ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​ကြ လေ​သည်။-

မိ​မိ​နေ​ပြည်​တော်​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့် ဆောင်​ခြင်း​မ​ပြု​ဘဲ​ဂါ​သ​မြို့​သား​သြ​ဗ ဒေ​ဒုံ​၏​အိမ်​သို့​ပင့်​ဆောင်​သွား​တော်​မူ​၏။-

ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​မှာ​ခေ​ရ​သိ​နှင့် ပေ​လ​သိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော ကိုယ်​ရံ​တော်​အ​စောင့်​တပ်​သား​တို့​ကို​အုပ် ချုပ်​ရ​သူ​ဖြစ်​၏။ ဒါ​ဝိဒ်​၏​သား​တော်​များ ကား​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သ​တည်း။

ထို့​ကြောင့်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့် ကိုယ်​ရံ​တော်​တပ်​သား​တို့​သည်​ရှော​လ​မုန်​အား ဒါ​ဝိဒ်​မင်း​၏​မြည်း​တော်​ကို​စီး​စေ​လျက် ဂိ​ဟုန်​စမ်း​သို့​ပို့​ကြ​၏။-

ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည်​ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​ဖွဲ့​ဝင်၊ ခေ​ရ​သိ​အ​မျိုး​သား များ​နှင့်​ပေ​လ​သိ​အ​မျိုး​သား​တို့​ကို​အုပ်​ချုပ် ရ​လေ​သည်။ ဒါ​ဝိဒ်​၏​သား​တော်​တို့​သည်​လည်း ကြီး​မြင့်​သည့်​ရာ​ထူး​ရာ​ခံ​များ​တွင်​မင်း​ကြီး ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ​၏။

ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​ခြောက်​ရာ​ခန့်​ရှိ​သော​အ​ပေါင်း ပါ​တို့​သည် ချက်​ချင်း​ပင်​ကိ​လ​မြို့​မှ​ထွက်​၍​သင့် ရာ​သို့​ဆုတ်​ခွာ​သွား​ကြ​၏။ ကိ​လ​မြို့​မှ​ဒါ​ဝိဒ် ထွက်​ပြေး​သွား​ကြောင်း​ရှော​လု​ကြား​သိ​သော အ​ခါ မိ​မိ​၏​အ​ကြံ​အ​စည်​ကို​ဖျက်​သိမ်း​လိုက် လေ​သည်။

ထို​အ​ခါ​ဒါ​ဝိဒ်​သည်​သူ​တို့​အား``ဋ္ဌား​ကို​ခါး တွင်​ပတ်​စည်း​ကြ​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​သူ​တို့​သည်​ပတ်​စည်း​ကြ​၏။ ဒါ​ဝိဒ် သည်​လည်း​မိ​မိ​၏​ဋ္ဌား​ကို​ခါး​တွင်​ပတ်​စည်း ကာ လူ​လေး​ရာ​ခန့်​နှင့်​အ​တူ​ထွက်​ခွာ​သွား လေ​သည်။ လူ​နှစ်​ရာ​ကို​မူ​စ​ခန်း​စောင့်​ရန် ထား​ခဲ့​၏။

ဒါ​ဝိဒ်​တို့​လူ​စု​သည်​မိ​မိ​တို့​သား​မ​ယား​များ နှင့်​တ​ကွ ဂါ​သ​မြို့​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ကြ​၏။ ဒါ​ဝိဒ်​နှင့်​အ​တူ​သူ​၏​ဇ​နီး​များ​ဖြစ် သော​ယေ​ဇ​ရေ​လ​မြို့​သူ​အ​ဟိ​နောင်​နှင့် က​ရ မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲလ တို့​ပါ​လာ​ကြ​၏။-

ရှော​လု​သည်​ဂါ​သ​မြို့​သို့​ဒါ​ဝိဒ်​ထွက်​ပြေး ကြောင်း​ကြား​သိ​ရ​သော​အ​ခါ ဒါ​ဝိဒ်​အား ရှာ​ဖွေ​မှု​ကို​လက်​လျော့​လိုက်​လေ​သည်။

နှစ်​ရက်​မျှ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​တို့​လူ​စု သည် ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ ကြ​၏။ အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ယု​ဒ ပြည်​တောင်​ပိုင်း​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ​ဇိ က​လတ်​မြို့​ကို​တိုက်​ခိုက်​မီး​ရှို့​၍၊-

ကျွန်​တော်​တို့​သည်​ယု​ဒ​ပြည်​တောင်​ပိုင်း​ခေ​ရ​သိ နယ်​မြေ​နှင့် ကာ​လက်​သား​ချင်း​စု​၏​နယ်​မြေ​ကို တိုက်​ခိုက်​၍​ဇိ​က​လတ်​မြို့​ကို​မီး​ရှို့​ခဲ့​ကြ​ပါ ၏'' ဟု​ပြန်​ပြော​၏။

သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​လူ​ခြောက်​ရာ​တို့​သည် ထွက်​ခွာ​သွား​ကြ​ရာ​ဗေ​သော်​ချောင်း​သို့​ရောက် ရှိ​သော​အ​ခါ အ​ချို့​သော​သူ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ရစ်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ