၂ ရာ 15:16Common Language Bibleသို့ကြောင့်မင်းကြီးသည် မိမိ၏အိမ်ထောင်စု သားချင်းများနှင့်မှူးမတ်များကိုခေါ်၍ ထွက်ခွာသွားတော်မူ၏။ နန်းတော်စောင့်အဖြစ် ဖြင့်မောင်းမတော်ဆယ်ယောက်သာလျှင်ကျန် ရစ်သတည်း။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည်ယေရုရှလင်မြို့တွင်ရှိသောမိမိ ၏နန်းတော်သို့ရောက်သောအခါ နန်းတော်စောင့် အဖြစ်ထားခဲ့သည့်မောင်းမဆယ်ယောက်ကို ထိန်းသိမ်းလိုက်ပြီးလျှင်အစောင့်နှင့်ထား၏။ သူတို့အတွက်လိုအပ်သောပစ္စည်းအသုံး အဆောင်များကိုပေးတော်မူသော်လည်းမင်း ကြီးသည်သူတို့နှင့်ကိုယ်လက်နှီးနှောမှုကို ပြုတော်မမူ။ သူတို့သည်တစ်သက်လုံး အချုပ်ခံရကာမုဆိုးမများကဲ့သို့ နေထိုင်ရကြ၏။
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။