Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 15:11

Common Language Bible

အ​ဗ​ရှ​လုံ​၏​ခေါ်​ဖိတ်​ချက်​အ​ရ​သူ​နှင့် အ​တူ ယေ​ရု​ရှ​လင်​မြို့​မှ​လိုက်​လာ​သူ အ​ပေါင်း​မှာ​နှစ်​ရာ​ရှိ​၏။ သူ​တို့​သည်​အ​ဗ ရှ​လုံ​၏​လျှို့​ဝှက်​ကြံ​စည်​ချက်​ကို​လုံး​ဝ မ​သိ​ကြ။ စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​လိုက် ပါ​လာ​သူ​များ​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​ကိုယ်​တိုင်​က​သူ​၏​နှ​မ​ဖြစ်​သည်​ဟု ဆို​ပါ​၏။ သူ​က​လည်း​အာ​ဗြ​ဟံ​သည်​သူ​၏​အစ်​ကို ဖြစ်​သည်​ဟု​ဆို​ပါ​သည်။ အ​ကျွန်ုပ်​သည်​စိတ်​သ​ဘော ရိုး​သား​စွာ​ဖြင့် ဤ​အ​မှု​ကို​ကြံ​စည်​မိ​ပါ​သည်။ သို့​ရာ​တွင်​အ​ပြစ်​ကူး​လွန်​ခြင်း​မ​ရှိ​ပါ'' ဟု လျှောက်​ဆို​၏။

ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ်၏။

သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။

``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။-

သူ​၏​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ကျွန်ုပ်​လျှောက်​ထား​ပေး​သည်​မှာ​မှန်​ပါ​၏။ သို့​ရာ​တွင်​ယ​ခင်​က​လည်း​ဤ​သို့​လျှောက်​ထား ပေး​ခဲ့​ဖူး​ပါ​သည်။ အ​ရှင်​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​မှု​နှင့်​ပတ်​သက်​၍​မူ​ကား အ​ရှင်​မင်း​ကြီး​သည်​အ​ကျွန်ုပ်​ကို​သော်​လည်း ကောင်း၊ အ​ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တစ်​ဦး တစ်​ယောက်​ကို​သော်​လည်း​စွပ်​စွဲ​တော်​မ​မူ ပါ​နှင့်။ ဤ​ကိစ္စ​ကို​အ​ကျွန်ုပ်​အလျှင်း​မ​သိ​ပါ'' ဟု​ပြန်​၍​လျှောက်​ထား​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ