Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 14:6

Common Language Bible

ကျွန်​တော်​မ​တွင်​သား​နှစ်​ယောက် ရှိ​ပါ​၏။ တစ်​နေ့ သော​အ​ခါ​သူ​တို့​သည်​ဖျန်​ဖြေ​ပေး​မည့်​သူ​တစ် ဦး​တစ်​ယောက်​မျှ​မ​ရှိ​သည့်​လယ်​ကွင်း​ထဲ​၌​ရန် ဖြစ်​ကြ​သ​ဖြင့် တစ်​ယောက်​က​အ​ခြား​တစ် ယောက်​ကို​သတ်​ဖြတ်​လိုက်​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ကာ​ဣ​န​သည်​ညီ​အာ​ဗေ​လ​အား``လမ်း​လျှောက် ထွက်​ကြ​မည်'' ဟု​ခေါ်​၍​လယ်​ထဲ​သို့​ရောက်​ရှိ ကြ​လျှင် ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု​ကာ သတ်​လေ​၏။

အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့် စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​ပြီး​နောက် မိ​မိ​၏​အ​စေ ခံ​တို့​အား``အာ​မ​နုန်​သည်​စ​ပျစ်​ရည်​အ​လွန် အ​ကြူး​သောက်​မိ​သော​အ​ခါ ငါ​အ​မိန့်​ပေး လိုက်​မည်။ ထို​အ​ခါ​သင်​တို့​သူ့​အား​လုပ်​ကြံ ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ ငါ​ကိုယ်​တိုင်​တာ ဝန်​ယူ​မည်။ ရဲ​ရင့်​စွာ​ပြု​ကြ​လော့။ လက်​မ​ရွံ့ စေ​ကြ​နှင့်'' ဟု​မှာ​ကြား​၍​ထား​၏။-

အ​စေ​ခံ​တို့​သည်​အ​ဗ​ရှ​လုံ​အ​မိန့်​ပေး​ထား သည့်​အ​တိုင်း​အာ​မ​နုန်​ကို​လုပ်​ကြံ​ကြ​၏။ ထို အ​ခါ​ဒါ​ဝိဒ်​၏​အ​ခြား​သား​တော်​အ​ပေါင်း တို့​သည်​လား​များ​ကို​စီး​၍​ထွက်​ပြေး​ကြ လေ​သည်။

မင်း​ကြီး​က``သင်​သည်​အ​ဘယ်​အ​ရာ​ကို အ​လို​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ အ​မျိုး​သ​မီး​က``ကျွန်​တော်​မ​သည်​ဆင်း​ရဲ သူ​မု​ဆိုး​မ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​၏​ခင်​ပွန်း သည်​သေ​ပါ​ပြီ။-

သို့​ဖြစ်​၍​အ​ရှင်၊ ယ​ခု​အ​ခါ​ကျွန်​တော်​မ​၏ ဆွေ​မျိုး​တို့​သည်​ကျွန်​တော်​မ​အား​ရန်​ဘက်​ပြု ကာ ကျွန်​တော်​မ​၏​သား​ငယ်​ကို​သူ​၏​အစ်​ကို အား​သတ်​သည့်​အ​တွက်​သေ​စား​သေ​စေ​ရန် အပ်​ရ​မည်​ဟု​တောင်း​ဆို​နေ​ကြ​ပါ​၏။ ဤ အ​တိုင်း​သာ​ထို​သူ​တို့​ပြု​ကြ​ပါ​မူ​ကျွန် တော်​မ​၏​နောက်​ဆုံး​မျှော်​လင့်​အား​ထား​ရာ သား​တစ်​ယောက်​မျှ​ကျန်​ရှိ​တော့​မည်​မ​ဟုတ် ပါ။ ကျွန်​တော်​မ​ခင်​ပွန်း​၏​မျိုး​ဆက်​သည် လည်း​ပြတ်​သွား​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။

နောက်​တစ်​နေ့​တွင်​သူ​သည်​ထွက်​လာ​ပြန်​ရာ ဟေ​ဗြဲ​အ​မျိုး​သား​နှစ်​ယောက်​တို့​သည် အ​ချင်း ချင်း​ရိုက်​ပုတ်​ထိုး​သတ်​နေ​ကြ​သည်​ကို​မြင် ရ​လေ​၏။ သူ​က​မ​တ​ရား​သ​ဖြင့်​ပြု​ကျင့်​နေ သူ​အား``သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ့်​အ​မျိုး သား​ချင်း​ကို​ရိုက်​နှက်​နေ​ရ​သ​နည်း'' ဟု​မေး လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ