အဗရှလုံသည်မင်းကြီး၏ရှေ့တော်သို့မဝင် ရဘဲ ယေရုရှလင်မြို့တွင်နှစ်နှစ်ပတ်လုံးနေ ထိုင်လေသည်။-
ယာကုပ်က``ကိုယ်တော်၏ထံမှမျက်နှာသာရ သည်မှန်လျှင် ကျွန်တော်ဆက်သသောလက်ဆောင် များကိုလက်ခံတော်မူပါ။ ကိုယ်တော်သည်ကျွန် တော်ကိုကြည်ဖြူစွာကြိုဆိုပါပြီ။ ကိုယ်တော် ၏မျက်နှာကိုမြင်ရသည်မှာဘုရားသခင်၏ မျက်နှာတော်ကိုဖူးမြင်ရသကဲ့သို့ပင်ဖြစ် ပါသည်။-
ယုဒကယာကုပ်အား``အီဂျစ်ပြည်ဘုရင်ခံက ကျွန်တော်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သူ၏ရှေ့တော်မှောက်သို့မဝင်ရဟူ၍အတိ အလင်းသတိပေးပါသည်။-
သို့ရာတွင်မင်းကြီးသည်အဗရှလုံအား နန်းတော်တွင်း၌နေထိုင်ခွင့်မပြုရန်အမိန့် ထုတ်ဆင့်တော်မူ၏။ မင်းကြီးက``ငါသည်သူ့ ကိုမတွေ့မမြင်လို'' ဟုဆို၏။ ထို့ကြောင့် အဗရှလုံသည်ကိုယ်ပိုင်အိမ်တော်တွင်နေ ထိုင်ရသော်လည်းမင်းကြီး၏ရှေ့တော်သို့ ဝင်ရောက်ခွင့်မရချေ။
သူသည်ယွာဘအားမိမိ၏အတွက်မင်းကြီး ထံစေလွှတ်လိုသဖြင့်ခေါ်စေရာ ယွာဘသည် မလာဘဲနေ၏။ နောက်တစ်ကြိမ်ခေါ်စေသော် လည်းယွာဘမလာဘဲနေပြန်၏။-
ထို့နောက်ရှောလမုန်မင်းသည်လူလွှတ်၍ အဒေါနိယအားယဇ်ပလ္လင်မှခေါ်ခဲ့စေ၏။ အဒေါနိယသည်မင်းကြီးထံလာရောက် ၍ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ထိုအခါမင်းကြီးကသူ့အား``သင့်အိမ် သို့ပြန်နိုင်ပြီ'' ဟုမိန့်တော်မူ၏။
ထို့နောက်မင်းကြီးသည် ရှိမိကိုဆင့်ခေါ်တော် မူပြီးလျှင်``သင်သည်ယေရုရှလင်မြို့တွင် အိမ်တစ်လုံးဆောက်၍နေထိုင်လော့။ ဤမြို့ မှမထွက်မခွာနှင့်။-
``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။-