သူ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက်ဒါဝိဒ် ၏သားတော်တို့သည်ရောက်ရှိလာကြ၏။ သူ တို့သည်စတင်ငိုကြွေးကြသဖြင့်ဒါဝိဒ် နှင့်မှူးမတ်တို့သည်လည်းပြင်းစွာငိုကြွေး ကြ၏။
မှူးမတ်များက``အကျွန်ုပ်တို့သည်အရှင်ပြု တော်မူပုံကိုနားမလည်နိုင်ကြပါ။ အရှင် သည်ကလေးအသက်ရှင်နေစဉ်အခါက ငိုယိုလျက်အစားအစာကိုမစားဘဲနေ ပါ၏။ သို့ရာတွင်ယခုကလေးသေဆုံးသည် နှင့်တစ်ပြိုင်နက်ထ၍စားတော်ခေါ်ပါသည် တကား'' ဟုလျှောက်ထားကြ၏။
ထိုနောက်အာမနုန်သည်တာမာကိုလွန်စွာမုန်း လေ၏။ သူသည်ယခင်အခါကချစ်အားကြီး သည်ထက် ယခုအခါ၌မုန်းအားပို၍ကြီး သဖြင့်တာမာအား``ထွက်သွားလော့'' ဟုနှင် ထုတ်လေသည်။
ယောနဒပ်ကဒါဝိဒ်အား`အကျွန်ုပ်လျှောက် ထားခဲ့သည့်အတိုင်း ထိုသူတို့သည်အရှင် ၏သားတော်များဖြစ်ပါ၏' ဟုလျှောက်၏။-
အဗရှလုံသည်ထွက်ပြေးပြီးလျှင်ဂေရှုရ ပြည်အမိဟုဒ်၏သားဘုရင်တာလမဲထံ သို့သွား၏။ ဒါဝိဒ်သည်လည်းသားတော် အာမနုန်အတွက် ကာလကြာမြင့်စွာဝမ်း နည်းကြေကွဲလျက်နေ၏။ အဗရှလုံသည် ဂေရှုရပြည်တွင်သုံးနှစ်မျှနေလေသည်။-
မင်းကြီးသည်လွန်စွာဝမ်းနည်းကြေကွဲလျက် မြို့တံခါးအမိုးထက်၌ရှိသောအခန်းသို့ တက်သွား၍ငိုကြွေးတော်မူ၏။ ယင်းသို့ တက်သွားစဉ်``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား၊ သင့်ကိုယ်စားငါသေ ချင်ပါဘိ။ ငါ့သားအဗရှလုံ၊ ငါ့သား'' ဟု ငိုကြွေးမြည်တမ်းလေ၏။