Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 13:13

Common Language Bible

ကျွန်​မ​သည်​လူ​ပုံ​လယ်​တွင်​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ခေါင်း​ထောင်​ရဲ​တော့​မည်​မ​ဟုတ်​ပါ။ သင်​သည် လည်း​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင်​လုံး​ဝ အ​သ​ရေ​ပျက်​သွား​ပါ​လိမ့်​မည်။ ကျေး​ဇူး​ပြု​၍ မင်း​ကြီး​အား​လျှောက်​ထား​ပါ​လော့။ ထို​သို့ လျှောက်​ထား​ပါ​လျှင်​မင်း​ကြီး​သည်​ကျွန်​မ အား သင်​နှင့်​မ​ပေး​စား​ဘဲ​နေ​တော်​မူ​မည်​မ ဟုတ်​ကြောင်း​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​၌​အ​ပျို​စင်​သ​မီး​နှစ်​ယောက်​ရှိ​ပါ​၏။ ထို​သ​မီး​တို့​ကို​သင်​တို့​ပြု​လို​သ​မျှ​အ​တိုင်း​ပြု​နိုင်​ရန် ထုတ်​ပေး​ပါ​မည်။ ဤ​သူ​တို့​ကို​ကား​ချမ်း​သာ​ပေး​ကြ​ပါ။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဧည့်​သည်​ဖြစ်​၍ သူ​တို့​အား​စောင့်​ရှောက်​ရန်​အ​ကျွန်ုပ်​မှာ​တာ​ဝန်​ရှိ​ပါ​သည်'' ဟု​တောင်း​ပန်​လေ​၏။

စင်​စစ်​အား​ဖြင့်​သူ​သည်​ကျွန်ုပ်​၏​နှ​မ​ဖြစ်​ပါ​၏။ သူ​သည်​ကျွန်ုပ်​နှင့်​ဖ​အေ​တူ၊ မ​အေ​ကွဲ​နှ​မ​ဖြစ် သည့်​အ​ပြင်​ကျွန်ုပ်​၏​မ​ယား​လည်း​ဖြစ်​ပါ​သည်။-

မြို့​အ​ကြီး​အ​ကဲ​တို့​က​ဖ​ခင်​၏​အိမ်​ရှေ့ သို့​ခေါ်​ဆောင်​သွား​ပြီး​နောက် မြို့​သား​တို့​က သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ ထို​မိန်း​မ သည်​လက်​မ​ထပ်​မီ​ဖ​ခင်​၏​အိမ်​၌​ရှိ​နေ​စဉ် က​ပင် ကာ​မ​စပ်​ယှက်​မှု​ကို​ပြု​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှက်​ဖွယ်​သော​အ​မှု ကို​ကူး​လွန်​ခဲ့​လေ​ပြီ။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင် ကြ​မည်။

ဤ​မှာ​သူ​၏​မယား​ငယ်​နှင့်​ငါ့​ကိုယ်​ပိုင်​သ​မီး အ​ပျို​စင်​ရှိ​ပါ​၏။ သူ​တို့​အား​ယ​ခု​ငါ​ထုတ် ပေး​ပါ​မည်။ သင်​တို့​အ​လို​ရှိ​သ​လို​ပြု​ကျင့် ကြ​ပါ။ သို့​ရာ​တွင်​ငါ​၏​ဧည့်​သည်​ကို​မူ​ဤ မျှ​ဆိုး​သွမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်'' ဟု​တောင်း​ပန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ