Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 12:31

Common Language Bible

ထို​မြို့​မှ​လူ​တို့​အား​ခေါ်​ဆောင်​ကာ လွှ၊ ပေါက် တူး၊ ပု​ဆိန်​တို့​ဖြင့်​လုပ်​ကိုင်​ရ​သော​အ​လုပ် ကြမ်း​ကို​လည်း​ကောင်း၊ အုတ်​ဖုတ်​သော​အ​လုပ် ကို​လည်း​ကောင်း​လုပ်​စေ​တော်​မူ​၏။ မင်း​ကြီး သည်​အမ္မုန်​ပြည်​၏​အ​ခြား​မြို့​များ​မှ​လူ​တို့ ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင်​လုပ်​ကိုင်​စေ တော်​မူ​၏။ ထို​နောက်​သူ​နှင့်​သူ​၏​လူ​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မင်း​ကြီး​သည်​မော​ဘ​ပြည်​သား တို့​ကို​နှိမ်​နင်း​တော်​မူ​၍ ဖမ်း​ဆီး​ရ​မိ​သူ​တို့ အား မြေ​ပေါ်​တွင်​လှဲ​ချ​စေ​ပြီး​လျှင် သုံး​ပုံ နှစ်​ပုံ​မျှ​သော​သူ​တို့​ကို​သတ်​စေ​၏။ သို့​ဖြစ် ၍​မော​ဘ​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​သ​ရ ကြ​၏။

အမ္မုန်​အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​မော​လုတ် ဘု​ရား​ရုပ်​တု​၏​ဦး​ခေါင်း​ထက်​တွင် အ​လေး ချိန်​ခု​နစ်​ဆယ့်​ငါး​ပေါင်​ရှိ​သော​ရွှေ​သ​ရ​ဖူ တစ်​ခု​ရှိ​၏။ ထို​သ​ရ​ဖူ​တွင်​ကျောက်​မျက် ရ​တ​နာ​တစ်​လုံး​ရှိ​၏။ ထို​ကျောက်​ကို​ဒါ​ဝိဒ် သည်​ယူ​၍​မိ​မိ​၏​သ​ရ​ဖူ​တွင်​တပ်​ဆင် လေ​သည်။ သူ​သည်​ရဗ္ဗာ​မြို့​မှ​တိုက်​ရာ​ပါ ပစ္စည်း​အ​မြောက်​အ​မြား​ကို​လည်း​ယူ​၍ သွား​၏။-

ထို​မြို့​မှ​လူ​တို့​ကို​ခေါ်​ဆောင်​ပြီး​လျှင် လွှ၊ ပေါက်​တူး၊ ပု​ဆိန်​တို့​ဖြင့်​လုပ်​ရ​သော​အ​လုပ် ကြမ်း​များ​ကို​လုပ်​စေ​လေ​သည်။ ဒါ​ဝိဒ်​သည် အမ္မုန်​ပြည်​ရှိ​အ​ခြား​မြို့​များ​မှ​လူ​တို့ ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင်​ပြု​တော်​မူ ပြီး​လျှင် မိ​မိ​၏​တပ်​မ​တော်​သား​များ​နှင့် အ​တူ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား တော်​မူ​၏။

``ကျောက်​တုံး​ကြီး​အ​ချို့​ကို​ယူ​၍ ဤ​မြို့​ရှိ အ​စိုး​ရ​အိမ်​တော်​အ​ဝင်​ဝ​နေ​ရာ​တွင်​မြှုပ် ထား​လော့။ ဤ​သို့​သင်​ပြု​သည်​ကို​လည်း​အ​ချို့ သော​ယု​ဒ​အ​မျိုး​သား​တို့​မြင်​ပါ​စေ။-

ထာ​ဝ​ရ​ဘု​ရား​က``အမ္မုန်​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​၏​နယ်​ချဲ့​လို​သော လော​ဘ​ကြောင့် နယ်​ချဲ့​စစ်​ပွဲ​များ​၌​ဂိ​လဒ် ပြည်​သူ​ကိုယ်​ဝန်​ဆောင်​တို့​၏​ဝမ်း​ကို​ပင် ဖောက်​ခွဲ​ကာ​သတ်​ဖြတ်​ခဲ့​လေ​ပြီ။-

ထို့​ကြောင့်​ငါ​သည်​ရဗ္ဗာ​မြို့​ရိုး​များ​အ​ပေါ် သို့​မီး​မိုး​ရွာ​စေ​ပြီး ရဗ္ဗာ​ရဲ​တိုက်​များ​ကို ပြာ​ချ​လိုက်​မည်။ စစ်​တိုက်​သော​နေ့​၌​အော် သံ​ဟစ်​သံ​တ​ညံ​ညံ​ကြား​ရ​ပြီး တိုက်​ပွဲ သည်​မုန်​တိုင်း​တ​မျှ​ပြင်း​ထန်​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က``ဒ​မာ​သက်​မြို့​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ခဲ့​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ​တော့ မည်။ သူ​တို့​သည်​ဂိ​လဒ်​ပြည်​သူ​တို့​အ​ပေါ် ရိုင်း​စိုင်း​ရက်​စက်​ကြမ်း​ကြုတ်​ခဲ့​လေ​ပြီ။-

သူ​တို့​သည်​ခဲ​နှင့်​ပေါက်​ခြင်း၊ လွှ​နှင့်​တိုက်​ဖြတ် ခြင်း၊ ဋ္ဌား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​လျက်​အ​နှိပ်​အ​စက် ကို​ခံ​၍​မ​တ​ရား​အ​နိုင်​အ​ထက်​ပြု​ခြင်း​ကို ခံ​ကာ၊ သိုး​ရေ​ဆိတ်​ရေ​တို့​ကို​ဝတ်​၍​သွား​လာ ကြ​ရ​၏။-

ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား​တို့ သည် ဂိ​လ​ဂါ​လ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ