Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 12:17

Common Language Bible

နန်း​တွင်း​အ​ရာ​ရှိ​များ​သည်​လာ​၍​သူ့​အား ကြိုး​စား​ပြီး​အ​ထ​ခိုင်း​ကြ​သော်​လည်း မင်း ကြီး​သည်​ငြင်း​ဆန်​လျက်​သူ​တို့​နှင့်​အ​တူ အ​စား​အ​စာ​သုံး​ဆောင်​တော်​မ​မူ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​သူ​၏​ပစ္စည်း​ဥစ္စာ​အား​လုံး​တို့​ကို​အုပ် ထိန်း​ရ​သော အ​သက်​အ​ကြီး​ဆုံး​အ​စေ​ခံ​ကို ခေါ်​လျက်``သင်​၏​လက်​ကို​ငါ့​ပေါင်​အောက်​မှာ ထား​၍​သစ္စာ​ဆို​လော့။-

သူ​၏​သား​သ​မီး​အား​လုံး​တို့​က​သူ့​အား​နှစ် သိမ့်​ကြ​သော်​လည်း​ပူ​ဆွေး​ခြင်း​မ​ပြေ​နိုင်​ချေ။ သူ​က``ငါ​သည်​သေ​သည်​အ​ထိ​ငါ့​သား​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​ရ​တော့​မည်'' ဟု​ဆို​လေ​၏။ ထို့ ကြောင့်​သူ​သည်​သား​ယော​သပ်​အ​တွက်​ဆက် လက်​၍​ငို​ကြွေး​မြည်​တမ်း​လျက်​ရှိ​နေ​လေ​၏။-

သီတင်း​တစ်​ပတ်​မျှ​ကြာ​သော​အ​ခါ​က​လေး ငယ်​သည်​သေ​ဆုံး​သွား​သ​ဖြင့် ဒါ​ဝိဒ်​၏​မှူး မတ်​တို့​သည်​ထို​သ​တင်း​ကို​သူ့​အား​မ​ပြော ဝံ့​ကြ။ သူ​တို့​က``က​လေး​ငယ်​အ​သက်​ရှင် လျက်​ရှိ​စဉ်​အ​ခါ​၌​မင်း​ကြီး​သည် ငါ​တို့ လျှောက်​ထား​ချက်​များ​ကို​ပြန်​၍​ပင်​ဖြေ ကြား​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍​က​လေး​ငယ် သေ​ကြောင်း​ကို​သူ့​အား​ငါ​တို့​အ​ဘယ်​သို့ လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ သူ​သည်​မိ​မိ ကိုယ်​ကို​အန္တ​ရာယ်​ပြု​ကောင်း​ပြု​လိမ့်​မည်''ဟု ဆို​ကြ​၏။

စား​တော်​ခေါ်​ရန်​ဒါ​ဝိဒ်​အား​လူ​တို့​တစ်​နေ့​လုံး တိုက်​တွန်း​ကြ​သော်​လည်း​မင်း​ကြီး​က``ငါ​သည် နေ​မ​ဝင်​မီ​စား​တော်​ခေါ်​ခဲ့​သော် ငါ့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော'' ဟု ကျိန်​ဆို​အဋ္ဌိ​ဋ္ဌာန်​ပြု​တော်​မူ​၏။-

ကျွန်​တော်​မျိုး​သည်​မြက်​ပင်​ကဲ့​သို့​အ​ထိ​အ​ခိုက် ခံ​ရ​၍​ညှိုး​နွမ်း​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​မှာ​အ​စား​စား​ချင်​စိတ်​မ​ရှိ တော့​ပါ။

မင်း​ကြီး​သည်​နန်း​တော်​သို့​ပြန်​တော်​မူ​၍ တစ်​ညဥ့်​လုံး​စား​တော်​မ​ခေါ်။ အ​ဘယ်​သို့ သော​ဖြေ​ဖျော်​မှု​ကို​မျှ​ခံ​ယူ​တော်​မ​မူ။ စက်​တော်​ခေါ်​၍​မ​ပျော်​နိုင်။

ရှော​လု​က​မိ​မိ​အ​ဘယ်​အ​ရာ​ကို​မျှ​မ​စား လို​ကြောင်း​ငြင်း​ဆန်​၍​နေ​၏။ သို့​ရာ​တွင်​သူ​၏ ငယ်​သား​တို့​က​ဝိုင်း​၍​တိုက်​တွန်း​ကြ​သ​ဖြင့် သူ​သည်​နောက်​ဆုံး​၌​အ​လျော့​ပေး​ပြီး​လျှင် မြေ​ပေါ်​မှ​ထ​၍​ကု​တင်​ပေါ်​တွင်​ထိုင်​တော် မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ