Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 11:21

Common Language Bible

ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​အ​ဘယ်​သို့ သေ​ရ​သည်​ကို​သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။ သေ​ဗက်​မြို့​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​သည် မြို့​ရိုး​ပေါ်​မှ​ကျိတ်​ဆုံ​ကျောက်​ကို​ပစ်​ချ​လိုက် သ​ဖြင့်​သူ​သေ​ခဲ့​ရ​၏။ သို့​ဖြစ်​၍​သင်​တို့​သည် အ​ဘယ်​ကြောင့်​မြို့​ရိုး​အ​နီး​သို့​ချဉ်း​ကပ်​ကြ သ​နည်း' ဟု​မေး​တော်​မူ​လိမ့်​မည်။ ထို​သို့​မင်း ကြီး​မေး​ခဲ့​သော်`အ​ရှင့်​တပ်​မှူး​ဥ​ရိ​ယ​သည် လည်း​ကျ​ဆုံး​သွား​ပါ​၏' ဟု​ပြန်​လည်​လျှောက် ထား​လော့'' ဟု​မှာ​ကြား​လိုက်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရန်​သူ​တပ်​သား​တို့​သည်​မြို့​ထဲ​မှ​ထွက်​လာ ပြီး​နောက် ယွာ​ဘ​၏​တပ်​သား​များ​နှင့်​တိုက် ခိုက်​ကြ​ရာ ဒါ​ဝိဒ်​၏​တပ်​မှူး​အ​ချို့​ကျ​ဆုံး သွား​ကြ​လေ​သည်။ ယင်း​သို့​ကျ​ဆုံး​သူ​တို့ အ​ထဲ​တွင်​ဥ​ရိ​ယ​လည်း​ပါ​၏။

မင်း​ကြီး​သည်​အ​မျက်​ထွက်​လျက်`သင်​တို့​သည် ရန်​သူ​ကို​တိုက်​ခိုက်​ရန်​အ​ဘယ်​ကြောင့်​မြို့​အ​နီး သို့​ချဉ်း​ကပ်​ကြ​သ​နည်း။ မြို့​ရိုး​များ​မှ​နေ​၍ ရန်​သူ​တို့​သည်​မြား​များ​ဖြင့်​ပစ်​ခတ်​ကြ​မည် ကို​မ​သိ​ကြ​ပါ​သ​လော။-

သို့​ဖြစ်​၍​စေ​တ​မန်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍ ယွာ​ဘ​အ​မိန့်​ပေး​လိုက်​သည့်​အ​တိုင်း​လျှောက် ထား​၏။-

ဟေ​ဗြုန်​မြို့​သို့​အာ​ဗ​နာ​ရောက်​ရှိ​လာ​သော အ​ခါ ယွာ​ဘ​သည်​မြို့​တံ​ခါး​နံ​ဘေး​သို့​ခေါ် ယူ​ကာ​တီး​တိုး​ပြော​ဆို​ဆွေး​နွေး​ဟန်​ပြု​၍ ဝမ်း​ကို​ဋ္ဌား​နှင့်​ထိုး​လိုက်​၏။ ဤ​သို့​လျှင်​အာ​ဗ​နာ သည်​ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ​ကို​သတ်​ခဲ့ သည့်​အ​တွက်​လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​လေ​၏။-

ရာ​ဇ​ဝတ်​ကောင်​၏​လက်​ချက်​ဖြင့်​သေ​ရ​သူ နည်း​တူ လက်​ထိတ်​မ​ခတ်​ခြေ​ချင်း​မ​စွဲ​ဘဲ ကျ​ဆုံး​လေ​ပြီ​တ​ကား'' ဟူ​၍​ဖြစ်​သည်။ ထို​အ​ခါ​လူ​တို့​သည်​အာ​ဗ​နာ​အ​တွက်​ငို ကြွေး​မြည်​တမ်း​ကြ​ပြန်​၏။

ကျွန်​တော်​မျိုး​၏​အ​ပြစ်​အ​ပေါင်း​မှ​ကယ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​အား​လူ​မိုက်​တို့​လှောင်​ပြောင် စေ​တော်​မ​မူ​ပါ​နှင့်။

သူ​တို့​အား​လုံး​က​ဗာ​ဗု​လုန်​ဘု​ရင်​အား`သင် သည်​ယ​ခု​အ​ခါ၊ ငါ​တို့​ကဲ့​သို့​ချည့်​နဲ့​လျက်​နေ ပါ​ပြီ​တ​ကား၊ ငါ​တို့​လူ​စု​တွင်​အ​ပါ​အ​ဝင် ဖြစ်​လေ​ပြီ​တ​ကား။-

ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ဂိ​ဒေါင်​သည်​ယေ​ရု ဗ္ဗာ​လ​ဟူ​၍​နာ​မည်​တွင်​လေ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ယော​ရှ​က``ဗာ​လ​သည်​မိ​မိ​ကိုယ်​ကို မိ​မိ​ကွယ်​ကာ​ပါ​လေ​စေ။ ဖြို​ချ​ခြင်း​ခံ​ရ သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​သည်'' ဟု​ဆို သော​ကြောင့်​တည်း။

တစ်​နေ့​သ​၌​ဂိဒေါင်​နှင့်​တ​ကွ​သူ​နှင့်​ပါ​လာ သော​လူ​အ​ပေါင်း​တို့​သည်​နံ​နက်​စော​စော​ထ ၍ ဟာ​ရုတ်​စမ်း​အ​နီး​၌​တပ်​ချ​ကြ​၏။ မိ​ဒျန် အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​သည်​သူ​တို့ ၏​မြောက်​ဘက်​မော​ရ​တောင်​ကုန်း​အ​နီး​ရှိ ချိုင့်​ထဲ​၌​ရှိ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ