Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 10:8

Common Language Bible

အမ္မုန်​ပြည်​သား​တို့​သည်​ရဗ္ဗာ​မြို့​မှ​ထွက်​ပြီး လျှင် မြို့​တံ​ခါး​အ​နီး​တွင်​နေ​ရာ​ယူ​ကြ​၏။ ရှု​ရိ​ပြည်​သား​များ၊ တော​ဘ​မြို့​သား​များ နှင့်​မာ​ခါ​၏​လူ​များ​အ​စ​ရှိ​သော​အ​ခြား သူ​တို့​မူ​ကား​လွင်​ပြင်​၌​နေ​ရာ​ယူ​ကြ လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အမ္မုန်​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​အား​မိ​မိ​တို့ ရန်​ဘက်​ပြု​မိ​ကြ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​လာ သ​ဖြင့် ဗက်​ရ​ဟော​ဘ​မြို့​နှင့်​ဇော​ဘ​မြို့​တို့ မှ​ရှု​ရိ​စစ်​သည်​နှစ်​သောင်း​ကို​လည်း​ကောင်း၊ တော​ဘ​မြို့​မှ​လူ​တစ်​သောင်း​နှစ်​ထောင်​အ​ပြင် မာ​ခါ​မင်း​နှင့်​လူ​တစ်​ထောင်​ကို​လည်း​ကောင်း ငှား​ရမ်း​ကြ​၏။-

ထို​သတင်း​ကို​ကြား​သိ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ယွာ​ဘ​နှင့်​တပ်​မ​တော်​တစ်​ခု​လုံး​ကို​ချီ​တက် စေ​၏။-

ရန်​သူ​တပ်​များ​သည်​မိ​မိ​တို့​အား​ရှေ့​နှင့်​နောက် မှ​တိုက်​ခိုက်​ကြ​မည်​ကို​သိ​သ​ဖြင့် ယွာ​ဘ​သည် လက်​ရွေး​စင်​ဣ​သ​ရေ​လ​စစ်​သည်​များ​ကို​ရှု​ရိ အ​မျိုး​သား​တို့​ဘက်​သို့​မျက်​နှာ​မူ​၍​နေ​စေ​၏။-

(ဤ​သို့​ဖြစ်​ပျက်​မှု​မှာ​ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ ကို​နှိမ်​နင်း​၍ ထို​မင်း​၏​ရှု​ရိ​မ​ဟာ​မိတ်​များ​ကို သုတ်​သင်​ပြီး​ချိန်​၌​ဖြစ်​သ​တည်း။) ရေ​ဇုန်​သည် မိ​မိ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ဒ​မာ​သက်​မြို့ သို့​သွား​ရောက်​နေ​ထိုင်​ရာ​သူ​၏​လူ​တို့​သည်​သူ့ ကို​ရှု​ရိ​ဘုရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​လေ​သည်။-

သူ​တို့​သည်​မိ​မိ​တို့​ငှား​ရမ်း​ထား​သည့်​စစ် ရထား​သုံး​သောင်း​နှစ်​ထောင်​နှင့် မာ​ခါ​ပြည် ဘု​ရင်​၏​တပ်​မ​တော်​ကို​ခေါ်​ဆောင်​ကာ မေ ဒဘ​မြို့​အ​နီး​သို့​လာ​၍​စ​ခန်း​ချ​လေ​သည်။ အမ္မုန်​အမျိုး​သား​တို့​သည်​လည်း​မိ​မိ​တို့​၏ မြို့​အ​ပေါင်း​မှ​ထွက်​၍​စစ်​တိုက်​ရန်​အ​သင့် ပြင်​ကြ​ကုန်​၏။

အမ္မုန်​အ​မျိုး​သား​တို့​သည်​လာ​ရောက်​၍ မိ​မိ တို့​၏​မြို့​တော်​ရဗ္ဗာ​မြို့​အ​ဝင်​တွင်​နေ​ရာ​ယူ ကြ​၏။ စစ်​ကူ​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရင် တို့​သည်​လည်း​ကွင်း​ပြင်​တွင်​နေ​ရာ​ယူ ကြ​ကုန်​၏။

သို့​ဖြစ်​၍​နာ​သ​နိ​၏​သား​ဣ​ရှ​မေ​လ၊ ကာ​ရာ ၏​သား​ယော​ဟ​နန်​နှင့်​ယော​န​သန်၊ တာ​နု​မက်​၏ သား​စ​ရာ​ယ၊ နေ​တော​ဖတ်​မြို့​သား​ဧ​ဖဲ​၏​သား များ၊ မာ​ခ​သိ​မြို့​သား​ယေ​ဇ​နိ​တို့​သည် မိ​မိ တို့​လူ​များ​နှင့်​အ​တူ​ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ မြို့​သို့​လာ​ရောက်​ကြ​၏။-

သို့​ဖြစ်​၍​သူ​တို့​သည်​မြောက်​ဘက်​သို့​သွား​ပြီး လျှင် ထို​ပြည်​တောင်​ဘက်​ဇိ​န​ခေါ်​တော​ကန္တာ​ရ မှ​မြောက်​ဘက်​ဟာ​မတ်​တောင်​ကြား​အ​နီး​ရှိ ရ​ဟော​ဘ​မြို့​သို့​တိုင်​အောင်​ပြည်​ကို​စုံ​စမ်း ထောက်​လှမ်း​ကြ​သည်။-

ဧ​ဗြုန်​မြို့၊ ရ​ဟော​ဘ​မြို့၊ ဟမ္မုန်​မြို့၊ ကာ​န​မြို့ များ​မှ​ဇိ​ဒုန်​မြို့​အ​ထိ​ရောက်​သည်။-

အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​အက္ခော​မြို့၊ ဇိ​ဒုန်​မြို့၊ အာ​လပ်​မြို့၊ အာ​ခ​ဇိပ်​မြို့၊ ဟေ​လ​ဗ​မြို့၊ အာ​ဖိတ် မြို့၊ ရ​ဟော​ဘ​မြို့​တို့​တွင်​နေ​ထိုင်​သူ​တို့​အား နှင်​မ​ထုတ်​ခဲ့​ကြ​ချေ။-

ယေ​ဖ​သ​သည်​လည်း​မိ​မိ​၏​ညီ​အစ်​ကို​များ ထံ​မှ​ထွက်​ပြေး​၍ တော​ဘ​ပြည်​၌​နေ​ထိုင် လေ​သည်။ ထို​အ​ရပ်​၌​သူ​သည်​အ​ခြေ​အ​နေ မဲ့​သူ​လူ​တစ်​စု​၏​လေး​စား​မှု​ကို​ခံ​ရ သ​ဖြင့် ထို​သူ​တို့​သည်​သူ​၏​နောက်​သို့ လိုက်​ကြ​လေ​သည်။

ထို​အ​ခါ​ဂိ​လဒ်​ပြည်​၏​ခေါင်း​ဆောင်​တို့​သည် ယေ​ဖ​သ​ကို​ခေါ်​ယူ​ရန်​တော​ဘ​ပြည်​သို့​သွား​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ