၂ ရာ 10:18Common Language Bibleဣသရေလအမျိုးသားတို့သည်ရှုရိပြည် သားတို့အားတိုက်ထုတ်လိုက်ကြ၏။ ဒါဝိဒ် ၏လူတို့ကရှုရိစစ်ရထားမှူးခုနစ်ရာ နှင့်မြင်းစီးသူရဲလေးသောင်းတို့ကိုသုတ် သင်ပြီးလျှင် ရန်သူဗိုလ်ချုပ်ရှောဗက်ကို လည်းဒဏ်ရာရစေ၏။ ထို့ကြောင့်သူသည် စစ်မြေပြင်၌ပင်သေဆုံးလေသည်။- အခန်းကိုကြည့်ပါ။ |
ထိုနောက်ဣသရေလအမျိုးသားတို့သည် ရှုရိအမျိုးသားတို့အားတပ်လှန့်ထွက်ပြေး စေကြ၏။ ဒါဝိဒ်နှင့်သူ၏တပ်မတော်သည် ရထားစီးစစ်သူရဲခုနစ်ထောင်နှင့်ခြေလျင် တပ်သားလေးသောင်းတို့ကိုသုတ်သင်ပစ် လိုက်ကြသတည်း။ သူတို့သည်ရှုရိတပ်မှူး ရှောဗက်အားလည်းသုတ်သင်လိုက်ကြသည်။-
သိသရအားရှာဖွေရန်ဗာရက်ရောက်ရှိလာ သောအခါ ယေလသည်ထွက်၍ခရီးဦးကြို ပြုလျက်``တဲထဲသို့ဝင်ပါ။ သင်ရှာဖွေနေသူ အားကျွန်မပြပါမည်'' ဟုပြော၏။ ဗာရက် သည်ယေလနှင့်အတူတဲထဲသို့ဝင်လိုက် သောအခါနားထင်တွင်တဲရှင်ငုတ်ချွန်စိုက် ၍သေနေသူသိသရကိုတွေ့မြင်ရတော့၏။