၂ ရာ 1:7Common Language Bibleထိုအခါသူသည်နောက်သို့လှည့်ကြည့်လိုက် ရာကျွန်တော့်ကိုမြင်၍ခေါ်ပါ၏။ ကျွန်တော် က``ရောက်ပါပြီအရှင်'' ဟုထူးသောအခါ၊- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်၏ဆုတောင်းပတ္ထနာများကိုနားညောင်း ရန်အသင့်ရှိသော်လည်း သူတို့သည်ဆုတောင်း ပတ္ထနာမပြုကြ။ ငါသည်သူတို့ရှာလျှင် တွေ့မြင်နိုင်ရန်အသင့်စောင့်၍နေသော်လည်း သူတို့သည်ငါ့ကိုရှာရန်ပင်မကြိုးစားကြ။ ငါသည်ဤအရပ်တွင်ရှိ၏။ ငါသည်ကူမမည် ဟုဖြေကြားရန်အသင့်ရှိသော်လည်း၊ ဣသ ရေလအမျိုးသားတို့သည်ငါ့ထံသို့ဆု တောင်းပတ္ထနာမပြုကြ။-
ထိုအခါသူသည်မိမိ၏လက်နက်ကိုကိုင် ဆောင်သောလူငယ်အား အလျင်အမြန်ခေါ် ပြီးလျှင်``သင်၏ဋ္ဌားကိုဋ္ဌားအိမ်မှထုတ်၍ ငါ့ကိုသတ်လော့။ ငါသည်အမျိုးသမီး၏ လက်ချက်ဖြင့်သေရသည်ဟူ၍အပြောမခံ လို'' ဟုဆို၏။ သို့ဖြစ်၍လူငယ်သည်အဘိ မလက်အားဋ္ဌားနှင့်ထိုး၍သတ်လိုက်လေ သည်။-