Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 1:23

Common Language Bible

``အံ့​သြ​နှစ်​သက်​ဖွယ်​ကောင်း​သော​ရှော​လု​နှင့် ယော​န​သန်​တို့​သည်​ရှင်​အ​တူ​သေ​မ​ကွဲ လင်း​ယုန်​ငှက်​ထက်​လျင်​မြန်​၍​ခြင်္သေ့​ထက် ခွန်​အား​ကြီး​ကြ​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

``ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့၊ရှော​လု​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သူ​သည်​သင်​တို့​အား​ကမ္ဗ​လာ​နီ​ထည်​ကို ဝတ်​ဆင်​စေ​၍ ကျောက်​မျက်​ရ​တ​နာ၊ရွှေ​တန်​ဆာ​ဖြင့် ဆင်​ယင်​ပေး​တော်​မူ​၏။

ဇေ​ရု​ယာ​၏​သား​သုံး​ယောက်​ဖြစ်​ကြ​သော​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အာ​သ​ဟေ​လ​တို့​သည်​တိုက်​ပွဲ​တွင် ပါ​ဝင်​ကြ​၏။ အာ​သ​ဟေ​လ​သည်​ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​စွာ​ပြေး​နိုင်​၏။ သူ​သည်​အာ​ဗ​နာ​အား တ​သ​မတ်​တည်း​လိုက်​လျက်​နေ​၏။-

ကပ်​ဇေ​လ​မြို့​မှ​ယော​ယ​ဒ​၏​သား​ဗေ နာ​ယ​သည်​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရဲ​ဝံ့​စွန့်​စား​ရ​သော​အ​မှု များ​ကို​ပြု​ခဲ့​၏။ သူ​သည်​အ​လွန်​ကြီး​မား သော​မော​ဘ​စစ်​သူ​ရဲ​နှစ်​ယောက်​ကို​သတ် ခဲ့​၏။ အ​လွန်​ချမ်း​ဧ​သော​ဆောင်း​နေ့​တစ်​နေ့ ၌​သား​ရဲ​တွင်း​တစ်​ခု​သို့​ဝင်​၍​ခြင်္သေ့​တစ် ကောင်​ကို​သတ်​ခဲ့​၏။-

ဒါ​ဝိဒ်​သည်​သဲ​ကန္တာ​ရ​ရဲ​တိုက်​တွင်​ရှိ​နေ​စဉ် အ​ခါ သူ​၏​တပ်​မ​တော်​သို့​ဝင်​ရောက်​လာ​ကြ သူ​နာ​မည်​ကျော်​စစ်​ရည်​ဝ​သူ​ရဲ​တို့​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ခြင်္သေ့​ကဲ့ သို့​ကြောက်​မက်​ဖွယ်​သဏ္ဌာန်​ကို​ဆောင်​လျက် ဒိုင်း​လွှား​အ​တတ်၊ လှံ​အ​တတ်​တို့​တွင်​အ​ထူး ကျွမ်း​ကျင်​သူ​များ​ဖြစ်​ကြ​၏။ တောင်​ပေါ် ဒ​ရယ်​ကဲ့​သို့​လည်း​လျင်​မြန်​ဖြတ်​လတ် ကြ​၏။-

လျင်မြန်သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ ၏။

တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တပါး၊

ကြည့်​ရှု​ကြ​လော့။ ရန်​သူ​သည်​မိုး​တိမ်​သ​ဖွယ် လာ​လိမ့်​မည်။ သူ​၏​စစ်​ရ​ထား​များ​သည်​လေ​ပွေ နှင့်​တူ​၍ သူ​၏​မြင်း​တို့​သည်​လင်း​ယုန်​ငှက်​များ ထက်​လျင်​မြန်​ကြ​၏။ ငါ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ လေ​ပြီ။ ငါ​တို့​သည်​အ​မ​င်္ဂ​လာ​ရှိ​ပါ​သည် တ​ကား။-

သူ​တို့​သည်​မိုး​ကောင်း​ကင်​မှ​ထိုး​ဆင်း​လာ​သည့် လင်း​ယုန်​ငှက်​များ​ကဲ့​သို့​ငါ​တို့​ကို​လိုက်​လံ ဖမ်း​ဆီး​ကြ​ပါ​၏။ တောင်​ကုန်း​များ​တွင်​ငါ​တို့​ကို​လိုက်​၍​ရှာ​ဖွေ ကြ​ပါ​၏။ သဲ​ကန္တာ​ရ​တွင်​အ​မှတ်​မ​ထင်​ဖမ်း​ဆီး​ကြ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​တိုက်​ခိုက် စေ​ရန် သင်​တို့​နှင့်​ဘာ​သာ​စ​ကား​ချင်း​မ​တူ သော​ကမ္ဘာ​တစ်​စွန်း​မှ လူ​မျိုး​တစ်​မျိုး​ကို​ခေါ် ဆောင်​ခဲ့​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လင်း​ယုန်​ထိုး​သုတ်​သ​ကဲ့​သို့ သင်​တို့​ကို တိုက်​ခိုက်​လိမ့်​မည်။-

သို့​ဖြစ်​၍​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​အိပ် ခန်း​အ​တွင်း​သို့ ရှံ​ဆုန်​မ​ဝင်​မီ​ထို​မြို့​သား တို့​က၊ ``ပျား​ရည်​ထက်​ချို​မြိန်​သော​အ​ရာ၊ ခြင်္သေ့​ထက်​သန်​စွမ်း​သော​သူ​ရှိ​နိုင်​ပါ​သ​လော'' ဟု​ဆို​ကြ​၏။ ရှံ​ဆုန်​က​လည်း ``အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​နွား​မ​နှင့် မ​ထွန်​မ​ယက်​ရ​လျှင် ငါ့​စ​ကား​ထာ​ကို​ဖော်​ပြ​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြန်​ပြော​လေ​သည်။

ရှော​လု​နှင့်​ဒါ​ဝိဒ်​တို့​စ​ကား​ပြော​ပြီး​သည့် နောက်​ရှော​လု​၏​သား​ယော​န​သန်​သည် ဒါ​ဝိဒ် အ​ပေါ်​တွင်​လွန်​စွာ​ချစ်​ခင်​စွဲ​လန်း​လျက် သူ့​အား​မိ​မိ​ကိုယ်​နှင့်​အ​မျှ​ချစ်​လာ​၏။-

ယော​န​သန်​က``ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ သင် သည်​မ​သေ​ရ​ပါ။ ကျွန်ုပ်​၏​ခ​မည်း​တော်​သည် အ​မှု​ကြီး​ငယ်​မှန်​သ​မျှ​ကို​မ​ပြု​မီ​ကျွန်ုပ် အား​ပြော​ပြ​တတ်​ပါ​၏။ ကျွန်ုပ်​ထံ​မှ​အ​ဘယ် အ​ရာ​ကို​မျှ​ဖုံး​ကွယ်​ထား​လေ့​မ​ရှိ​ပါ။ သင့် ကို​သတ်​မည်​ဆို​သည်​မှာ​မ​ဖြစ်​နိုင်​ပါ'' ဟု ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ