Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 1:20

Common Language Bible

ထို​သ​တင်း​ကို​ဂါ​သ​မြို့​၌​သော်​လည်း​ကောင်း အာ​ရှ​ကေ​လုန်​မြို့​လမ်း​များ​ပေါ်​၌​သော်​လည်း ကောင်း မ​ပြော​ကြား​ကြ​နှင့်။ ဖိ​လိတ္တိ​အ​မျိုး​သ​မီး​တို့​ဝမ်း​မြောက်​ခွင့်​မ​ရ ကြ​စေ​နှင့်။ ဘု​ရား​မဲ့​သူ​တို့​၏​သ​မီး​များ​ရွှင်​မြူး​ခွင့်​မရ ကြ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

``ယ​ခု​ငါ​သည်​သင့်​အား​ဒဏ်​ပေး​ရန်​နှင့် သင် ၏​နယ်​မြေ​ကို​ရုပ်​သိမ်း​ရန်​လက်​ရုံး​တော်​ကို ဆန့်​ပြီ။ ငါ​သည်​သင့်​ကို​လော​ဘ​ကြီး​၍ သင် ၏​အ​ကျင့်​ဆိုး​များ​ကို​စက်​ဆုပ်​သူ​ဖိ​လိတ္တိ သ​မီး​ပျို​တို့​၏​လက်​သို့​သင့်​အား​ပေး​အပ် လိုက်​လေ​ပြီ။

ဂါ​သ​မြို့​ရှိ​ရန်​သူ​များ​အား​ငါ​တို့​စစ်​ရေး နိမ့်​သည့်​သ​တင်း​ကို​မ​ကြား​ပြော​နှင့်။ သင် တို့​ငို​ကြွေး​နေ​ခြင်း​ကို​သူ​တို့​မ​မြင်​စေ​နှင့်။ ဗေ​သော​ဖ​ရာ​မြို့​သား​တို့၊ စိတ်​ပျက်​အား လျော့​ကြောင်း​ပြ​ရန်​မြေ​မှုန့်​၌​လူး​လှိမ့်​နေ ကြ​လော့။-

ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့​နေ​အိမ်​သို့​ပြန်​လာ သော​အ​ခါ သ​မီး​ဖြစ်​သူ​သည်​ပတ်​သာ​ကို​တီး ၍​က​ခုန်​လျက် သူ့​အား​ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​လာ​၏။ သူ​သည်​ကား​တစ်​ဦး​တည်း​သော သ​မီး​ဖြစ်​သတည်း။-

ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရှံ​ဆုန် အား ရုတ်​တ​ရက်​သန်​စွမ်း​၍​လာ​စေ​တော်​မူ သ​ဖြင့် သူ​သည်​အာ​ရှ​ကေ​လုန်​မြို့​သို့​သွား ပြီး​လျှင်​လူ​သုံး​ဆယ်​ကို​သတ်​၍ ဝတ်​ကောင်း စား​လှ​များ​ကို​ချွတ်​ယူ​ကာ​စ​ကား​ထာ ကို​ဖော်​ပြ​သော​သူ​တို့​အား​ပေး​အပ်​လိုက်​၏။ ထို​နောက်​သူ​သည်​အ​မျက်​ထွက်​၍​မိ​မိ​အိမ် သို့​ပြန်​သွား​လေ​သည်။-

ယော​န​သန်​က​လူ​ငယ်​အား``ဘု​ရား​မဲ့​သူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကို ငါ​တို့​ဝင်​ရောက်​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အား​ကူ​မ​ကောင်း​ကူ​မ​လိမ့်​မည်။ အ​ကယ်​၍​ကိုယ်​တော်​ကူ​မ​တော်​မူ​ပါ​လျှင် ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​အ​ရည်​အ​တွက် အား​ဖြင့်​နည်း​သော်​လည်း​အောင်​ပွဲ​ကို​ရ​ရှိ ကြ​မည်'' ဟု​ဆို​၏။

ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။-

အ​ကျွန်ုပ်​သည်​ခြင်္သေ့​နှင့်​ဝက်​ဝံ​တို့​ကို​သတ်​ခဲ့​သူ ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ တပ်​မ​တော်​ကို​အံ​တု​သူ၊ ဤ​ဘု​ရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​အား​လည်း​သတ်​ဖြတ်​နိုင်​ပါ​သည်။-

ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​ကို​သတ်​ပြီး​နောက် စစ် သည်​တပ်​သား​များ​နှင့်​အ​တူ​အိမ်​ပြန်​လာ ရာ ရောက်​ရှိ​လေ​ရာ​မြို့​များ​မှ​အ​မျိုး​သ​မီး တို့​သည်​ရှော​လု​အား​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ လူ​တို့​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​များ​ဆို ၍​က​ခုန်​လျက်​ပတ်​သာ​များ​နှင့်​စောင်း​ငယ် များ​ကို​တီး​ကြ​၏။-

မင်း​ကြီး​သည်​လက်​နက်​ဆောင်​လူ​ငယ်​အား``ဤ ဘု​ရား​မဲ့​သူ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​နှစ် ထောင်း​အား​ရ​ဖြစ်​လျက် ငါ့​ကို​ညှင်း​ဆဲ​သတ် ဖြတ်​မှု​မ​ပြု​နိုင်​စေ​ရန် သင်​သည်​မိ​မိ​၏​ဋ္ဌား ကို​ထုတ်​၍​ငါ့​အား​သတ်​ပါ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ကြောက်​အား​ကြီး သ​ဖြင့် မ​သတ်​ရဲ​သော​ကြောင့်​ရှော​လု​သည် မိ​မိ​၏​ဋ္ဌား​ကို​ယူ​၍​ထောင်​ပြီး​လျှင် ထို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​လျက်​သေ​လေ​သည်။-

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရွှေ​အ​နာ​စိမ်း ရုပ်​ငါး​ခု​ကို​မြို့​တစ်​မြို့​လျှင် တစ်​ခု​နှုန်း​ဖြင့် အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့၊ အာ​ရှ​ကေ​လုန်​မြို့၊ ဂါ​သ မြို့​နှင့်​ဧ​ကြုန်​မြို့​တို့​ကို​ရည်​စူး​၍​မိ​မိ​တို့ အ​တွက် အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပေး​ပို့​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ