Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 1:17

Common Language Bible

ဒါ​ဝိဒ်​သည်​ရှော​လု​နှင့်​ယော​န​သန်​တို့​အ​တွက် အောက်​ပါ​သီ​ချင်း​ကို​ဖွဲ့​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​ဒေ​သ​တွင်​နေ​ထိုင်​ကြ​သော​ခါ​နာန်​အ​မျိုး သား​တို့​က​အာ​တဒ်​ကောက်​နယ်​တ​လင်း​၌ လူ များ​ငို​ကြွေး​မြည်​တမ်း​နေ​ကြ​ခြင်း​ကို​မြင် ရ​သော​အ​ခါ``အီ​ဂျစ်​အ​မျိုး​သား​တို့​သည် အ​လွန်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​ရှိ​ကြ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။ သို့​ဖြစ်​၍​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​ရှိ​သော​ထို​ဒေ​သ​ကို​အ​ဗေ လ​မိ​ဇ​ရိမ်​ဟူ​၍​နာ​မည်​မှည့်​ကြ​၏။

``ငါ​တို့​ခေါင်း​ဆောင်​များ​ကား​ဣ​သ​ရေ​လ တောင်​ကုန်း​များ​တွင်​သေ​ဆုံး​ကြ​လေ​ပြီ။ သူ​ရဲ​ကောင်း​ကြီး​များ​ကျ​ဆုံး​ကြ​လေ​ပြီ။

ဒါ​ဝိဒ်​သည်​အာ​ဗ​နာ​အ​တွက်​ငို​ချင်း​ကို​ဖွဲ့ ဆို​တော်​မူ​၏။ အ​ဆို​ပါ​ငို​ချင်း​မှာ ``အို အာ​ဗ​နာ​သင်​သည်​အ​ဘယ်​ကြောင့် လူ​မိုက်​တစ်​ယောက်​ကဲ့​သို့​သေ​ရ​ပါ​သ​နည်း။

ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ယော​ရှိ​မင်း​အ​ကြောင်း ငို​ချင်း​တစ်​ပုဒ်​ကို​ရေး​စပ်​သီ​ကုံး​၍ အ​မျိုး သား​အ​မျိုး​သ​မီး​အ​ဆို​တော်​များ​က​ယော​ရှိ ကွယ်​လွန်​သည့်​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့် အ​ထိမ်း​အ​မှတ်​ပြု​ရာ​တွင်​ဤ​သီ​ချင်း​ကို သီ​ဆို​ကြ​လေ​သည်။ ယင်း​သို့​သီ​ဆို​မှု​မှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ ဖြစ်​လာ​ရာ၊ ထို​ငို​ချင်း​သည်​ငို​ချင်း​ပေါင်း ချုပ်​တွင်​ပါ​ဝင်​လေ​သည်။

ငါ​သည်​မိတ်​ဆွေ​သို့​မ​ဟုတ်​ညီ​အစ်​ကို​၏​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​သ​ကဲ့​သို့ စိတ်​အား​ထက်​သန်​စွာ​သူ​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ငါ​၏​မိ​ခင်​အ​တွက်​ပူ​ဆွေး​သ​ကဲ့​သို့၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။

ဤ​သို့​ကြပ်​တည်း​စွာ​ငါ​သ​တိ​ပေး​သော စ​ကား​များ​သည်​ငို​ချင်း​ဖြစ်​လာ​လိမ့်​မည်။ အ​မျိုး​သ​မီး​တို့​သည်​အီ​ဂျစ်​ပြည်​နှင့်​ထို ပြည်​သား​အ​ပေါင်း​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကာ ထို​ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ