အဘယ်ကြောင့်ဆိုသော်ထိုသူအားနှုတ်ခွန်း ဆက်သူသည်ထိုသူနှင့်အပေါင်းအပါဖြစ်၍ ဆိုးယုတ်မှုကိုပြုကျင့်ရာရောက်သောကြောင့် တည်း။
သင်သည်သူခိုးနှင့်တွေ့လျှင်မိတ်ဖွဲ့တတ်၏။ သူတစ်ပါး၏အိမ်ရာကိုပြစ်မှားသူတို့နှင့်လည်း ပေါင်းဖော်တတ်၏။
မှောင်မိုက်တွင်ကျင်လည်သူတို့ပြုသည့်အကျိုး မဲ့သောအမှုများကိုမပြုဘဲ ယင်းအမှုတို့ ကိုအလင်းသို့ဖော်ထုတ်ကြလော့။-
မည်သူ့ကိုမျှသိက္ခာတင်မင်္ဂလာပေးရန်အလျင် စလိုမရှိနှင့်။ အခြားသူတို့အပြစ်ကူးရာ တွင်သင်မပါစေနှင့်။ သင်ကိုယ်တိုင်အပြစ် ကင်းအောင်နေလော့။
နို့ကိုသောက်သုံး၍အသက်ရှင်သူသည်နို့စို့ သူငယ်ဖြစ်၍ အမှန်နှင့်အမှားကိုကိုယ်တွေ့ သိရှိနားလည်သူမဟုတ်။-
ထိုနောက်ကောင်းကင်ဘုံကအခြားသောအသံ ကိုငါကြားရ၏။ ထိုအသံက၊ ``ထွက်ခဲ့ကြလော့။ ငါ၏လူစုတော်တို့၊ သူ့ထံမှထွက်ခဲ့ကြလော့။ သူနှင့်အတူအပြစ်မကူးကြနှင့်။ သူနှင့်အတူအပြစ်ဒဏ်ကိုမခံကြနှင့်။