၂ ပေ 3:8Common Language Bibleသို့ရာတွင်ငါ၏ချစ်ဆွေတို့၊ ထာဝရဘုရား ၏အဖို့တစ်ရက်သည်နှစ်တစ်ထောင်ကဲ့သို့လည်း ကောင်း၊ နှစ်တစ်ထောင်သည်တစ်ရက်ကဲ့သို့လည်း ကောင်းဖြစ်သည်ကိုမမေ့လျော့ကြနှင့်။- အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
ငါ၏ချစ်ဆွေတို့၊ ဤစာသည်သင်တို့ထံသို့ ဒုတိယအကြိမ်ငါရေးလိုက်သောစာဖြစ်၏။ ငါသည်ဤစာနှစ်စောင်လုံး၌မြင့်မြတ် သန့်ရှင်းသူပရောဖက်များ အခါတစ်ပါးက ဟောကြားခဲ့သည့်စကားများကိုလည်းကောင်း၊ သင်တို့၏တမန်တော်များမှတစ်ဆင့်ပေးအပ် ခဲ့သည့်ကယ်တင်ရှင်သခင်ဘုရား၏ပညတ် တော်ကိုလည်းကောင်း သင်တို့ကြည်လင်သော ဉာဏ်ဖြင့်နားလည်စေရန်ယင်းတို့ကိုပြန် လည်သတိရစေ၏။-