Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ပေ 2:19

Common Language Bible

သူ​တို့​သည်​ထို​သူ​တို့​အား​လွတ်​လပ်​မှု​ကို က​တိ​ပေး​ခဲ့​သော်​လည်း မိ​မိ​တို့​ကိုယ်​တိုင် ပင်​လျှင်​ပျက်​စီး​စေ​မည့်​အ​ကျင့်​များ​၏ ကျွန်​ဖြစ်​နေ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် လူ​သည် မိ​မိ​အား​စိုး​မိုး​သည့်​အ​ရာ​ဟူ သ​မျှ​၏​ကျွန်​ဖြစ်​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​မ​င်္ဂ​လာ​ရှိ​၏။ မိ​မိ ၏​သေ​သောက်​ကြူး​သော​ခေါင်း​ဆောင်​များ​ဆောင်း ထား​သည့်​ပန်း​ဦး​ရစ်​များ​နွမ်း​သ​ကဲ့​သို့၊ ထို နိုင်​ငံ​၏​ဘုန်း​အ​သ​ရေ​သည်​ညှိုး​နွမ်း​လျက် နေ​၏။ ထို​ခေါင်း​ဆောင်​တို့​သည်​ဝင့်​ဝါ​မော်​ကြွား ကာ၊ မိ​မိ​တို့​ဦး​ခေါင်း​ကို နံ့​သာ​ဆီ​မွှေး​ကောင်း စွာ​လိမ်း​၍​ထား​ကြ​သော်​လည်း​သေ​သောက် ကြူး​ကာ​လဲ​၍​နေ​ကြ​၏။-

ပ​ရော​ဖက်​များ​နှင့်​သက်​ဆိုင်​၍​ဤ​သို့​ဆို​၏။ ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ငါ​၏ အ​ရိုး​တို့​သည်​တုန်​လှုပ်​လျက်​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​ကြောင့်​လည်း ကောင်း၊ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗျာ​ဒိတ်​တော်​များ​ကြောင့်​လည်း​ကောင်း ငါ​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍ ယစ်​မူး​လျက်​နေ​သူ​နှင့်​တူ​တော့​၏။

ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​အ​နာ​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး ရ​မည်။

သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား အ​ပြစ်​ကူး​သူ​တိုင်း​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​၏။-

ထို​နောက်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​သည် သူ​တို့ အား​အ​ပြင်း​အ​ထန်​သတ်​ပုတ်​တိုက်​ခိုက်​ရာ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​လျက်​အ​နာ​တ​ရ ဖြစ်​ပြီး​လျှင်​အ​ဝတ်​များ​စုတ်​ပြဲ​၍ ထို​အိမ် မှ​ထွက်​ပြေး​ရ​ကြ​လေ​သည်။-

ခ​ရစ်​တော်​သည်​ငါ​တို့​အား ကျွန်​ဘ​ဝ​မှ​လွတ် မြောက်​စေ​တော်​မူ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​ကျွန် မ​ဟုတ်​ကြ။ သို့​ဖြစ်​၍​လွတ်​လပ်​သူ​များ​အ​ဖြစ် နှင့်​ရပ်​တည်​ကြ​လော့။ နောက်​တစ်​ဖန်​ကျွန်​မ​ဖြစ် ကြ​နှင့်။

ညီ​အစ်​ကို​တို့၊ လွတ်​လပ်​မှု​ရ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။ သို့ ရာ​တွင်​လွတ်​လပ်​မှု​ကို​အ​ကြောင်း​ပြ​၍ လူ့​ဇာ​တိ အ​လို​သို့​မ​လိုက်​ကြ​ဘဲ​မေတ္တာ​ဖြင့်​အ​ချင်း ချင်း​ကျေး​ဇူး​ပြု​ကြ​လော့။-

ထို​အ​ခါ​သူ​တို့​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​ပြီး​လျှင် မာရ်​နတ်​၏​ကျော့​ကွင်း​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။ မာရ်​နတ်​သည်​မိ​မိ​အ​လို​အ​တိုင်း​လိုက်​နာ​စေ​ရန် သူ​တို့​အား​ဖမ်း​ဆီး​ထား​ခဲ့​ပေ​သည်။

အ​ခါ​တစ်​ပါး​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် မိုက်​မဲ​၍ မ​နာ​ခံ​ဘဲ​လမ်း​မှား​လျက်​နေ​ခဲ့ ကြ​၏။ ရမ္မက်​ဆန္ဒ​နှင့်​အ​မျိုး​မျိုး​သော​အ​ပျော် အ​ပါး​လိုက်​စား​မှု​များ​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​တို့​၌​အ​မြဲ​ပင်​မ​နာ​လို​သော​သ​ဘော၊ ငြူ စူ​သော​သ​ဘော​ရှိ​ခဲ့​ကြ​၏။ သူ​တစ်​ပါး​တို့ သည်​ငါ​တို့​ကို​မုန်း​ကြ​၏။ ငါ​တို့​က​လည်း သူ​တို့​ကို​မုန်း​ကြ​၏။-

သင်​တို့​သည်​လွတ်​လပ်​သူ​များ​အ​နေ​ဖြင့်​ပြု​မူ နေ​ထိုင်​ကြ​လော့။ သို့​ရာ​တွင်​ဆိုး​ညစ်​မှု၊ တစ်​စုံ တစ်​ရာ​ကို​ဖုံး​ကွယ်​ရန်​အ​တွက်​မိ​မိ​တို့​၏ လွတ်​လပ်​မှု​ကို​အ​သုံး​မ​ပြု​ကြ​နှင့်။ သို့​ရာ တွင်​သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျွန်​များ အ​ဖြစ်​ဖြင့်​ပြု​မူ​နေ​ထိုင်​ကြ​လော့။-

ဤ​နည်း​အား​ဖြင့်​က​တိ​ထား​တော်​မူ​သော​အ​လွန် ကြီး​၍ အ​ဖိုး​ထိုက်​သည့်​ဆု​ကျေး​ဇူး​များ​ကို ကိုယ်​တော်​သည်​ငါ​တို့​အား​ပေး​တော်​မူ​၏။ ထို ဆု​ကျေး​ဇူး​အား​ဖြင့်​သင်​တို့​သည် ဤ​လော​က တွင်​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ကိ​လေ​သာ ဆိုး​ညစ်​မှု​များ​မှ​လွတ်​မြောက်​နိုင်​ကြ​လျက် ဘု​ရား​ဇာ​တိ​တွင်​ပါ​ဝင်​စေ​ရန်​ဖြစ်​၏။-

အ​ကယ်​၍​လူ​တို့​သည်​ငါ​တို့​အ​ရှင်​သ​ခင် နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ် ကို​သိ​ကျွမ်း​ရ​ခြင်း​အား​ဖြင့် လော​ကီ​ညစ်​ညမ်း မှု​များ​မှ​လွတ်​မြောက်​ကြ​ပြီး​နောက်​တစ်​ဖန် ပြန်​၍ ထို​ညစ်​ညမ်း​မှု​များ​၏​ကျွန်​ဖြစ်​ပါ​မူ ထို​သူ​တို့​၏​နောက်​ဆုံး​အ​ခြေ​အ​နေ​သည် လက်​ဦး​အ​ခြေ​အ​နေ​ထက်​ဆိုး​ရွား​လေ တော့​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ