Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ပေ 2:1

Common Language Bible

ဣ​သ​ရေ​လ​လူ​မျိုး​တွင်​မိစ္ဆာ​ပ​ရော​ဖက်​များ ပေါ်​ပေါက်​ခဲ့​သည်​နည်း​တူ သင်​တို့​တွင်​လည်း မိစ္ဆာ​ဆရာ​များ​ပေါ်​ပေါက်​လာ​ကြ​လိမ့်​မည်။ သူ တို့​သည်​အ​ကျိုး​ယုတ်​စေ​သော​မှား​ယွင်း​သည့် အ​ယူ​ဝါ​ဒ​များ​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင် လာ​ပြီး​လျှင် မိ​မိ​တို့​အား​ရွေး​နှုတ်​ကယ်​တင် တော်​မူ​သော​အ​ရှင်​ကို​ပင်​လျှင်​ပစ်​ပယ်​ကြ လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ တို့​အ​ပေါ်​တွင် ပျက်​စီး​ခြင်း​ဘေး​လျင်​မြန် စွာ​ရောက်​စေ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

73 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ထိတ်​လန့် ကြ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လက်​ရုံး​တော်၊ တန်​ခိုး​တော်​ကြောင့် ကျွန်​ဘ​ဝ​မှ​ကိုယ်​တော်​လွတ်​မြောက်​စေ​တော် မူ​သော ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြတ်​သွား​စဉ်​သူ​တို့ သည် ကြောက်​ရွံ့​၍​ကြက်​သေ​သေ​လျက်​နေ​ကြ​ပါ​၏။

ခေါင်း​ပိုင်း​သည်​သက်​ကြီး​ဝါ​ကြီး​ဂုဏ်​အ​သ​ရေ ရှိ​သူ​များ​ဖြစ်​၍ အ​မြီး​ပိုင်း​သည်​လိမ်​လည် ဟော​ပြော​တတ်​သူ​ပ​ရော​ဖက်​များ​ဖြစ်​၏။-

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ အား​ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည်​ဟော​ပြော​နေ​သူ ကော​လာ​ယ​၏​သား အာ​ဟပ်​နှင့် မာ​သေ​ယ​၏​သား​ဇေ​ဒ​ကိ​တို့​ကို ရည်​မှတ်​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော် က​မိ​မိ​သည်​ထို​သူ​တို့​အား​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​၏​လက်​သို့​ပေး​အပ်​မည်​ဖြစ် ၍ ထို​ဘု​ရင်​သည်​လည်း​သူ​တို့​အား​သင်​တို့ ၏​မျက်​မှောက်​၌​ပင်​ကွပ်​မျက်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လေ​ပြီ။-

ဗာ​ဗု​လုန်​ဘု​ရင်​သည်​အ​ရှင့်​ကို​သော်​လည်း​ကောင်း၊ ဤ​ပြည်​ကို​သော်​လည်း​ကောင်း​တိုက်​ခိုက်​လိမ့်​မည် မ​ဟုတ်​ဟု ဟော​ပြော​ခဲ့​ကြ​သည့်​အရှင်​၏​ပ​ရော ဖက်​များ​ကား​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။-

ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း​တို့​သည်​မ​တ​ရား စီး​ပွား​ရှာ​ကြ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု ရော​ဟိတ်​များ​ပင်​လျှင်​လူ​တို့​ကို​လှည့်​ဖြား ကြ​၏။-

သင်​၏​ပ​ရော​ဖက်​များ​သည်​မု​သား​စ​ကား​မှ တစ်​ပါး သင့်​အား​အ​ခြား​မည်​သည့်​စ​ကား​ကို​မျှ မ​ပြော​တတ်​ကြ​ပါ။ သူ​တို့​ဟော​ပြော​သ​မျှ​သည်​သင့်​ကို လှည့်​စား​ခြင်း​သာ​ဖြစ်​၏။ သင်​၏​အ​ပြစ်​ကို​အ​ဘယ်​ခါ​မျှ​မ​ဖော်​ပြ​သ​ဖြင့် သင်​သည်​နောင်​တ​ရ​စ​ရာ​မ​လို​ဟု​ထင်​မှတ်​စေ​ခဲ့ သည်။

ဘု​ရား​သ​ခင်​သည်​မိ​မိ​လူ​တို့​ကို​သ​တိ ပေး​ရန် ငါ့​အား​ပ​ရော​ဖက်​အ​ဖြစ်​စေ​လွှတ် တော်​မူ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​သွား လေ​ရာ​အ​ရပ်​၌​ငှက်​ကို​ကျော့​ကွင်း​ထောင် ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ကြ​၏။ ဘု​ရား​သ​ခင်​၏​ပြည်​တော်​၌​ပင်​လူ​တို့​သည် ပ​ရော​ဖက်​များ​၏​ရန်​သူ​များ​ဖြစ်​ကြ​၏။-

``သင်​တို့​တွင်​စ​ပျစ်​ရည်​နှင့် အ​ရက်​လှိုင်​လှိုင် ပေါ​များ​လိမ့်​မည်​ဟု​ငါ​ဟော​၏' ဟူ​၍​လိမ် လည်​လှည့်​ဖြား​ပြော​ဆို​တတ်​သော​ပ​ရော​ဖက် မျိုး​ကို​ဤ​သူ​တို့​နှစ်​သက်​ကြ​၏။

မြို့​ကို​အုပ်​ချုပ်​သူ​တို့​သည်​တံ​စိုး​လက်​ဆောင် စား​၍​အုပ်​ချုပ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​အ​ခ​ကြေး​ငွေ​ယူ​၍​စီ​ရင်​ဆုံး​ဖြတ် ကြ​၏။ ပ​ရော​ဖက်​တို့​သည်​ငွေ​ယူ​၍​ဗျာ​ဒိတ် တော်​ကို​ဖွင့်​ပြ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့ က​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု​ဆို​ကြ​၏။ သူ​တို့​က``ငါ တို့​တွင်​ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်၊ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်'' ဟု​ပြော​ကြ​၏။

ငွေ​ပေး​နိုင်​သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ မည်​ဟူ​၍​လည်း​ကောင်း၊ ငွေ​မ​ပေး​နိုင်​သူ​တို့ အား​စစ်​ဘေး​ရောက်​မည်​ဟူ​၍​လည်း​ကောင်း ဟော​တတ်​သော​ပ​ရော​ဖက်​တို့​၏​လှည့်​စား ခြင်း​ကို​ငါ​၏​လူ​မျိုး​တော်​တို့​ခံ​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​ထို​သို့​သော​ပ​ရော ဖက်​တို့​အား၊-

ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။

သို့​ရာ​တွင်​ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သူ​ကို ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ပစ်​ပယ်​မည်။

တစ်​ယောက်​ကို​တစ်​ယောက်​မုန်း​လိမ့်​မည်။ ထို့​ပြင် ပ​ရော​ဖက်​အ​တု​အ​ယောင်​အ​မြောက်​အ​မြား​ပင် ပေါ်​လာ​ပြီး​လျှင်​လူ​များ​စွာ​တို့​ကို​လှည့်​စား ကြ​လိမ့်​မည်။-

မေ​ရှိ​ယ​အ​တု​အ​ယောင်​များ၊ ပ​ရော​ဖက်​အ​တု အ​ယောင်​များ​ပေါ်​ပေါက်​လာ​လိမ့်​မည်။ သူ​တို့​သည် ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ သော​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန်​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​ထူး​ဆန်း​သည့်​အ​မှု အ​ရာ​များ​ကို​ပြ​ကြ​လိမ့်​မည်။-

`ငါ​သည်​မေ​ရှိ​ယ​ဖြစ်​သည်' ဟု​ဆို​ကာ​လူ အ​မြောက်​အ​မြား​ပင်​ငါ​၏​အ​ယောင်​ဆောင် လျက်​လူ​များ​စွာ​တို့​ကို​လှည့်​စား​ကြ​လိမ့် မည်။-

``သိုး​ရေ​ခြုံ​ဝံ​ပု​လွေ​သား​ရဲ​နှင့်​တူ​သော​မိစ္ဆာ ပ​ရော​ဖက်​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။-

မေ​ရှိ​ယ​အ​တု​အ​ယောင်​များ​နှင့်​ပ​ရော​ဖက် အ​တု​အ​ယောင်​များ​ပေါ်​လာ​လိမ့်​မည်။ သူ​တို့ သည်​ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ် ထား​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန် အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​ကြ​လိမ့်​မည်။-

ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သော​သူ​ကို လူ​သား​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​တို့​ရှေ့​တွင်​ပစ်​ပယ်​လိမ့်​မည်။

ကိုယ်​တော်​က ``သင်​တို့​သည်​လှည့်​စား​ခြင်း​မ​ခံ​ရ ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ လူ​အ​များ​ပင် ငါ​၏​အ​ယောင်​ဆောင်​လျက်`ငါ​သည်​မေ​ရှိ​ယ​ဖြစ် သည်' ဟု​ဆို​၍​လည်း​ကောင်း၊ `ချိန်း​ချက်​သတ်​မှတ် တော်​မူ​ရာ​အ​ချိန်​ရောက်​ပြီ' ဟု​ဆို​၍​လည်း​ကောင်း လူ​တို့​ကို​လှည့်​စား​ကြ​လိမ့်​မည်။ ထို​သူ​တို့​၏ နောက်​သို့​မ​လိုက်​ကြ​နှင့်။-

``လူ​အ​ပေါင်း​တို့​သည်​သင်​တို့​ကို​ချီး​မွမ်း ကြ​သော​အ​ခါ​သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ ဤ​သူ​တို့​၏​ဘိုး​ဘေး​များ​သည် မိစ္ဆာ​ပ​ရော​ဖက်​များ​ကို​ဤ​နည်း​အ​တိုင်း ချီး​မွမ်း​ခဲ့​ကြ​လေ​ပြီ။

သူ​တို့​သည်​ငါ​တို့​၏​အ​ရှင်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​သူ​များ​မ​ဟုတ်။ မိ​မိ​တို့​၏​အ​မှု​ကို သာ​စိတ်​ဝင်​စား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​နူး​ညံ့ ချို​သာ​သော​စ​ကား​များ၊ မြှောက်​ပင့်​သော​စ​ကား​များ ဖြင့်​ရိုး​သား​သူ​တို့​၏​စိတ်​ကို​လှည့်​စား​တတ်​ကြ​၏။-

(သင်​တို့​တွင်​စိတ်​ဝမ်း​ကွဲ​ပြား​မှု​ကား​ရှိ​ရ သည်​မှန်​၏။ သို့​ရှိ​မှ​သာ​လျှင်​အ​မှန်​ဘက်​တွင် ရှိ​သော​သူ​များ​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည်။-)

ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့် သင်​တို့​၏​ကိုယ် ခန္ဓာ​ကို​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​အ​တွက်​အ​သုံး​ပြု​ကြ လော့။

သင်​တို့​ကို​ဘု​ရား​သ​ခင်​သည်​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့်​လူ​တို့​ထံ​တွင် ကျွန်​မ​ခံ​ကြ​နှင့်။-

``သစ်​တိုင်​ပေါ်​မှာ​ဆွဲ​၍​အ​သတ်​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​ဖြစ်​၏'' ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကျိန်​စာ​သင့်​သူ​အ​ဖြစ်​ကို​ခံ ယူ​တော်​မူ​ပြီး​နောက် ငါ​တို့​အား​ပ​ညတ်​တ​ရား ကြောင့်​ကျိန်​စာ​သင့်​သည့်​ဘေး​မှ​ရွေး​နုတ် ကယ်​တင်​တော်​မူ​၏။-

ငါ့​ကို​အ​တိုက်​အ​ခံ​ပြု​သူ​များ​သည်​သင်​တို့ အ​ပေါ်​တွင်​များ​စွာ​စိတ်​ဝင်​စား​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ရိုး​သား​သော​ရည်​ရွယ်​ချက်​ဖြင့် မ​ဟုတ်။ သင်​တို့​၏​တုံ့​ပြန်​စိတ်​ဝင်​စား​မှု​ကို ခံ​ယူ​ရ​ရှိ​နိုင်​ရန်​သင်​တို့​အား​ငါ​နှင့်​အ​ဆက် ဖြတ်​စေ​လို​သော​ကြောင့်​ဖြစ်​သည်။-

ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ကြီး​ပွား​ကျော်​ကြား​လို​စိတ် ရှိ​ခြင်း၊ စိတ်​ဝမ်း​ကွဲ​ခြင်း၊ ဂိုဏ်း​ခွဲ​ခြင်း၊-

ငါ​တို့​သည်​ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း ကြောင့်၊ မိ​မိ​တို့​အ​ပြစ်​၏​အ​နှောင်​အ​ဖွဲ့​မှ​လွတ် မြောက်​ကြ​ရ​၏။ တစ်​နည်း​အား​ဖြင့်​အ​ပြစ်​ဖြေ လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ ငါ​တို့​အား​ဘု​ရား သ​ခင်​ဤ​ကဲ့​သို့​ရက်​ရော​စွာ​ချ​ပေး​တော်​မူ သည့်​ကျေး​ဇူး​တော်​သည်​အ​လွန်​ကြီး​မြတ် လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​ဉာဏ်​ပ​ညာ​အ​သိ​ပ​ညာ​နှင့်​ကြွယ်​ဝ ပြည့်​စုံ​တော်​မူ​သည်​နှင့်​အ​ညီ၊-

ထို​အ​ခါ​ငါ​တို့​သည်​ပ​ရိ​ယာယ်​ဖြင့်​လူ​တို့​ကို လမ်း​လွဲ​အောင်​လိမ်​လည်​ပြော​ဆို​တတ်​သူ​တို့​၏ သြ​ဝါ​ဒ​လှိုင်း​လုံး​များ​အ​ထဲ​၌ သြ​ဝါ​ဒ​လေ ကြောင်း​ပြောင်း​တိုင်း​လွင့်​ပါ​သွား​သော​က​လေး သူ​ငယ်​များ​ကဲ့​သို့​ဖြစ်​ကြ​တော့​မည်​မ​ဟုတ်။-

မိုက်​မဲ​၍​အ​သိ​တ​ရား​ကင်း​မဲ့​သော​လူ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို ဤ​ကဲ့​သို့​ကျေး​ဇူး​ဆပ်​သင့်​သ​လော။ ကိုယ်​တော်​သည်​သင်​တို့​ကို​ဖန်​ဆင်း​သော​အ​ရှင်၊ သင်​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​၏။ သင်​တို့​အား​လူ​မျိုး​တစ်​မျိုး​အ​ဖြစ် ပေါ်​ထွန်း​စေ​တော်​မူ​၏။

ထို​သူ​တို့​သည်​င​ရဲ​တွင်​လမ်း​ဆုံး​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​ကား မိ​မိ​တို့​ဝမ်း​ပေ​တည်း။ သူ​တို့​သည် ရှက်​ကြောက်​သင့်​သော​အ​ရာ​တို့​တွင် ဂုဏ်​ယူ​ဝါ​ကြွား ကြ​၏။ လော​က​အ​ရာ​တို့​ကို​သာ​စိတ်​စွဲ​လမ်း​ကြ​၏။-

မ​မှန်​ကန်​သော​နှိမ့်​ချ​ခြင်း၊ ကောင်း​ကင်​တ​မန် တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​တို့​ကို​အ​လေး အ​နက်​ပြော​ဆို​၍​မိ​မိ​တို့​တွေ့​မြင်​သည့်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​ကို​အ​ကြောင်း​ပြု​ကာ မိ​မိ တို့​က​အ​ခြား​သူ​တို့​ထက်​သာ​သည်​ဟု​ပြော ဆို​တတ်​သူ​များ​က​သင်​တို့​အား​ရှုတ်​ချ​ခွင့် ကို​မ​ပေး​နှင့်။ သူ​တို့​သည်​လူ့​သ​ဘော​ဖြင့် စဉ်း​စား​ဆင်​ခြင်​လျက်​အ​ကြောင်း​မဲ့​စိတ် နေ​မြင့်​လျက်​ရှိ​ကြ​၏။-

ခ​ရစ်​တော်​ထံ​မှ​မ​ဟုတ်​ဘဲ​လူ​တို့​၏​ထုံး​တမ်း စဉ်​လာ​မှ​လည်း​ကောင်း၊ စ​ကြ​ဝ​ဠာ​ကို အ​စိုး​ရ သည့်​ဝိ​ညာဉ်​များ​မှ​လည်း​ကောင်း၊ လက်​ဆင့်​ကမ်း သည့်​အ​ချည်း​နှီး​သော​လူ​ပ​ညာ​ပ​ရိ​ယာယ်​ဖြင့် အ​ဘယ်​သူ​မျှ​သင်​တို့​အား​ကျွန်​ဘ​ဝ​သို့ မ​သက်​ဆင်း​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း၊ အ​ထူး​သ​ဖြင့် မိ​မိ အိမ်​ထောင်​စု​သား​တို့​အား​မ​ပြု​စု​ဘဲ​နေ​သော သူ​သည် ယုံ​ကြည်​ခြင်း​တ​ရား​တော်​ကို​ပစ်​ပယ် သူ​ဖြစ်​၍ မ​ယုံ​ကြည်​သူ​ထက်​ပို​၍​ပင်​ဆိုး​ရွား ပေ​သည်။

လူ​တို့​သည်​မှန်​ကန်​သည့်​သြ​ဝါ​ဒ​ကို​နား​မ ထောင်​ဘဲ​ကိုယ့်​အ​လို​ဆန္ဒ​များ​ကို​လိုက်​၍ မိ​မိ တို့​ကြား​နာ​လို​သည့်​စ​ကား​များ​ပြော​ဆို​မည့် ဆ​ရာ​သ​မား​များ​ကို​ရှာ​ဖွေ​ကြ​မည့်​အ​ချိန် ကာ​လ​ရောက်​လိမ့်​မည်။-

ထို​သူ​တို့​၏​နှုတ်​ကို​ပိတ်​ရန်​လို​အပ်​လာ​ပေ ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ငွေ ရ​ရှိ​ရေး​ရည်​ရွယ်​ချက်​ဖြင့် မ​သွန်​သင်​သင့် သော​အ​ရာ​များ​ကို​သွန်​သင်​ခြင်း​အား​ဖြင့် အိမ်​ထောင်​စု​များ​ကို​က​မောက်​က​မ​ဖြစ်​စေ ကြ​သော​ကြောင့်​တည်း။-

စိတ်​ဝမ်း​ကွဲ​ပြား​မှု​များ​ကို​ဖြစ်​စေ​သော​သူ​အား အ​နည်း​ဆုံး​နှစ်​ကြိမ်​သ​တိ​ပေး​ပြီး​နောက်​သူ နှင့်​ထပ်​မံ​၍​မည်​သို့​မျှ​မ​ဆက်​ဆံ​နှင့်။-

ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ရှုတ်​ချ​၍ မိ​မိ အား​အ​ပြစ်​မှ​သန့်​စင်​စေ​သည့်​ပ​ဋိ​ညာဉ် တ​ရား​ဆိုင်​ရာ​သွေး​တော်​ကို​မ​ထီ​မဲ့​မြင် ပြု​လျက် ကျေး​ဇူး​တော်​ကို​ပေး​သည့်​ဝိ​ညာဉ် တော်​ကို​စော်​ကား​သော​သူ​မူ​ကား အ​ဘယ်​မျှ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို စဉ်း​စား​၍​ကြည့်​ကြ​လော့။-

သင်​တို့​သည်​ခ​ရစ်​တော်​ကို​မ​မြင်​ဘူး​သော် လည်း​ချစ်​ကြ​၏။ ယ​ခု​မ​တွေ့​မ​မြင်​ရ​သော် လည်း​သင်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​နှုတ်​ဖြင့်​မ​ဖော် ပြ​နိုင်​အောင်​လွန်​စွာ​ဘုန်း​ကြီး​သော​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​၏။-

ဤ​မိစ္ဆာ​ဆ​ရာ​တို့​သည်​လော​ဘ​ကူး​လျက် မ​ဟုတ်​မ​မှန်​လုပ်​ကြံ​ပြော​ဆို​ကာ​အ​မြတ် ထုတ်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ​က​ပင်​လျှင်​သူ​တို့ အား​တ​ရား​စီ​ရင်​မည့်​အ​ရှင်​သည်​အ​သင့်​ရှိ​နေ တော်​မူ​လေ​ပြီ။ သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး တော်​မူ​မည့်​အ​ရှင်​သည်​အိပ်​ပျော်​လျက်​နေ တော်​မ​မူ။

သင်​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​ရန်​ကြိုး​စား သူ​တို့​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဤ​အ​ကြောင်း အ​ရာ​များ​ကို​ငါ​စာ​ရေး​လိုက်​၏။-

ချစ်​ဆွေ​တို့၊ ဝိ​ညာဉ်​တော်​ခံ​ယူ​ရ​ရှိ​သည်​ဟု ဆို​သူ​တိုင်း​ကို​မ​ယုံ​ကြ​နှင့်။ သူ​တို့​ခံ​ယူ​ရ​ရှိ သည်​ဆို​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင် ၏​ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ဟုတ်​မ​ဟုတ်​စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​မိစ္ဆာ​ပ​ရော​ဖက်​များ​သည် နေ​ရာ တ​ကာ​သို့​ရောက်​ရှိ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။-

``အ​ဆုံး​စွန်​သော​ကာ​လ​၌​သင်​တို့​ကို​ပြောင် လှောင်​သူ​များ၊ မိ​မိ​တို့​လို​အင်​ဆန္ဒ​ရှိ​သည့် အ​တိုင်း ဘု​ရား​မဲ့​ပြု​မူ​ကျင့်​ကြံ​သူ​များ ပေါ်​ပေါက်​လာ​လိမ့်​မည်'' ဟု​ယ​ခင်​က​သင် တို့​အား​ပြော​ကြား​ခဲ့​သည့်​စ​ကား​ကို သ​တိ​ရ​ကြ​လော့။-

အ​ဘယ်​ကြောင့်​ဆို​သော်​တ​ရား​မဲ့​သူ​လူ အ​ချို့​တို့​သည် သင်​တို့​အ​ထဲ​သို့​အ​မှတ် မ​ထင်​ဝင်​ရောက်​လျက်​ရှိ​နေ​ကြ​သော​ကြောင့် ပင်​ဖြစ်​၏။ သူ​တို့​သည်​ဘု​ရား​မ​ရှိ​သူ​များ ဖြစ်​၍ ငါ​တို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​မိ​မိ​တို့​၏​အ​ပျော်​အ​ပါး​လိုက်​စား​မှု များ​အ​တွက်​အ​လွဲ​သုံး​စား​ပြု​လုပ်​ကြ လျက် ငါ​တို့​၏​တစ်​ပါး​တည်း​သော​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​သည့်​သ​ခင်​ယေ​ရှု​ခ​ရစ် ကို​ပစ်​ပယ်​ကြ​လေ​သည်။ ထို​သူ​တို့​ကား ရှေး​မ​ဆွ​က​ပင်​လျှင် အ​ပြစ်​ဒဏ်​စီ​ရင်​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​ကြ​သူ​များ ဖြစ်​သ​တည်း။

သူ​သည်​ပ​ထ​မ​သား​ရဲ​၏​ရှေ့​၌​ပြ​ပိုင်​ခွင့် ရှိ​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​၍ ကမ္ဘာ သူ​ကမ္ဘာ​သား​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ လေ​သည်။ ဋ္ဌား​ဒဏ်​ရာ​ကို​ရ​ရှိ​သော်​လည်း မ​သေ​ဘဲ​ရှင်​နေ​သူ​ထို​သား​ရဲ​အား ရို​သေ ဂုဏ်​ပြု​သည့်​အ​နေ​ဖြင့်​သူ​၏​ရုပ်​တု​ကို​ပြု လုပ်​ရန်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​စေ​ခိုင်း ၏။-

အ​ဘယ်​အ​ရပ်​တွင်​သင်​နေ​ထိုင်​သည်​ကို​ငါ​သိ ၏။ သင်​သည်​စာ​တန်​၏​ပလ္လင်​ရှိ​ရာ​အ​ရပ်​တွင်​နေ ထိုင်​၏။ ငါ​၏​ဘက်​မှာ​သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​သူ အန္တိပ​သည် စာ​တန်​နေ​ထိုင်​ရာ​တွင်​အ​သတ်​ခံ​ရ ချိန်​၌​ပင် သင်​သည်​ငါ​၏​သစ္စာ​ကို​စောင့်​၍ ငါ့​ကို ယုံ​ကြည်​ကိုး​စား​မှု​မ​စွန့်။-

သင်​သည်​အ​ဘယ်​မျှ​ဆင်း​ရဲ​၍​အ​ဘယ်​မျှ​ဒုက္ခ ရောက်​သည်​ကို​ငါ​သိ​၏။ သို့​ရာ​တွင်​အ​မှန်​စင်​စစ် သင်​သည်​ကြွယ်​ဝ​သူ​ဖြစ်​၏။ မိ​မိ​တို့​ကိုယ်​ကို ဟေ​ဗြဲ​အ​မျိုး​သား​များ​ဟု​ဆို​ကြ​သော​သူ​တို့ သည်​သင့်​အား​အ​သ​ရေ​ပျက်​စေ​သည့်​စ​ကား များ​ကို​ပြော​ဆို​ကြ​ကြောင်း​ငါ​သိ​၏။ သူ​တို့ သည်​စင်​စစ်​အား​ဖြင့်​ဟေ​ဗြဲ​အ​မျိုး​သား​များ မ​ဟုတ်။ စာ​တန်​၏​အ​ဖွဲ့​ဝင်​များ​ဖြစ်​ကြ​၏။-

သင်​ပြု​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည် ခွန်​အား​စွမ်း​ရည်​အ​နည်း​ငယ်​သာ​ရှိ​သော် လည်း ငါ့​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ​ငါ​၏ သစ္စာ​ကို​စောင့်​ခဲ့​ကြောင်း​ငါ​သိ​၏။ သင်​၏ ရှေ့​၌​တံ​ခါး​ကို​ငါ​ဖွင့်​ထား​ပြီ။ ထို​တံ​ခါး ကို​အ​ဘယ်​သူ​မျှ​မ​ပိတ်​နိုင်​ရာ။-

``ကိုယ်​တော်​ရှင်​သည်​အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော၊ လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​မှ​လူ​တို့​ကို ဘု​ရား​သခင်​အ​ဖို့​ဝယ်​ယူ​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​ရှင်​သည်​ဤ​စာ​လိပ်​တော် ကို ယူ​၍​ချိပ်​တံ​ဆိပ်​များ​ကို​ဖွင့်​ထိုက်​သူ​ဖြစ်​ပါ​၏။

ထို​ဝိ​ညာဉ်​များ​က``သန့်​ရှင်း​မြင့်​မြတ်​ဖြောင့်​မှန် တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်၊ အ​ကျွန်ုပ်​တို့​အား သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​တ​ရား စီ​ရင်​အ​ပြစ်​ဒဏ်​မ​ပေး​ဘဲ​နေ​တော်​မူ​မည် နည်း'' ဟု​အ​သံ​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ