၂ ပေ 1:13Common Language Bibleငါအသက်ရှင်လျက်ရှိနေသမျှကာလပတ်လုံး ထိုအရာများအကြောင်းကိုသင်တို့အားသတိ ပေးနှိုးဆော်လျက်နေသင့်သည်ဟုလည်းယူဆ ၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ယုဒဘုရင်ခံရှာလ လေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရော ဟိတ်မင်းယောဇဒတ်၏သားယောရှုနှင့် ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူအပေါင်း တို့အား ဗိမာန်တော်တည်ဆောက်မှုတွင်စိတ် အားထက်သန်၍လာစေတော်မူ၏။ သူတို့ သည်မိမိတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရား၏ဗိမာန်တော် တည်ဆောက်မှုကို၊-
သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
ငါ၏ချစ်ဆွေတို့၊ ဤစာသည်သင်တို့ထံသို့ ဒုတိယအကြိမ်ငါရေးလိုက်သောစာဖြစ်၏။ ငါသည်ဤစာနှစ်စောင်လုံး၌မြင့်မြတ် သန့်ရှင်းသူပရောဖက်များ အခါတစ်ပါးက ဟောကြားခဲ့သည့်စကားများကိုလည်းကောင်း၊ သင်တို့၏တမန်တော်များမှတစ်ဆင့်ပေးအပ် ခဲ့သည့်ကယ်တင်ရှင်သခင်ဘုရား၏ပညတ် တော်ကိုလည်းကောင်း သင်တို့ကြည်လင်သော ဉာဏ်ဖြင့်နားလည်စေရန်ယင်းတို့ကိုပြန် လည်သတိရစေ၏။-