ဧရတ္တုသည်ကောရိန္သုမြို့တွင်နေရစ်၏။ တရောဖိမ် သည်ဖျားနာနေသဖြင့်သူ့အားမိလက်မြို့တွင် ငါထားခဲ့၏။-
ထိုနောက်ပေါလုသည်အာသင်မြို့မှထွက် ခွာ၍ ကောရိန္သုမြို့သို့ရောက်၏။-
တရားဇရပ်အုပ်ချုပ်မှူးကရိပ္ပုနှင့်အိမ်သူ အိမ်သားအပေါင်းတို့သည် သခင်ဘုရားကို ယုံကြည်သူများဖြစ်လာကြ၏။ အခြား ကောရိန္သုမြို့သားအမြောက်အမြားသည် လည်း နှုတ်ကပတ်တရားတော်ကိုကြားရ၍ ယုံကြည်ကာဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။
သူသည်မိမိ၏လက်ထောက်နှစ်ယောက်ဖြစ် သည့်တိမောသေနှင့်ဧရတ္တုတို့ကိုမာကေ ဒေါနိပြည်သို့စေလွှတ်လိုက်၏။ မိမိမူကား အာရှပြည်တွင်ကာလအနည်းငယ်နေ၏။
နောက်တစ်နေ့၌ခိအုကျွန်းအနီးသို့ရောက် ကြ၏။ နောက်တစ်ရက်ကြာသော်သာမုကျွန်း သို့ရောက်၍ နောက်တစ်ရက်အကြာတွင်မိလက် မြို့သို့ရောက်ကြ၏။-
သို့ရာတွင်ပေါလုသည်ဧဖက်မြို့အသင်းတော် လူကြီးတို့အား မိမိနှင့်လာရောက်တွေ့ဆုံရန် မိလက်မြို့မှလူလွှတ်အကြောင်းကြားလိုက်၏။-
ဗေရိမြို့သားပုရု၏သားဖြစ်သူသောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့်သေကန္ဒု၊ ဒေရဗေမြို့သားဖြစ် သူဂါယု၊ အာရှနယ်သားများဖြစ်ကြသော တုခိတ်နှင့်တရောဖိမ်တို့သည်လည်းကောင်း၊ တိမောသေသည်လည်းကောင်းသူနှင့်အတူ လိုက်သွားကြ၏။-
(အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေါလုကို ဧဖက်မြို့သားတရောဖိမ်ဆိုသူနှင့်အတူ မြို့ ထဲတွင်တွေ့မြင်ခဲ့သဖြင့် ထိုသူအားဗိမာန် တော်ထဲသို့ပေါလုခေါ်ဆောင်ခဲ့သည်ဟုထင် မှတ်သောကြောင့်ဖြစ်၏။)
ငါ့အားဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်း တို့ဝတ်ပြုရာအိမ်ရှင်ဂါယုကလည်းသင်တို့အား နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုက လည်းကောင်း၊ ငါတို့၏ညီအစ်ကိုကွာတုက လည်းကောင်းသင်တို့အားနှုတ်ဆက်လိုက်၏။-