Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ တိ 4:11

Common Language Bible

လု​ကာ​တစ်​ဦး​တည်း​သာ​လျှင်​ငါ​နှင့်​အ​တူ​ရှိ တော့​၏။ မာ​ကု​ကို​ရှာ​၍​သင်​နှင့်​အ​တူ​ခေါ်​ခဲ့ လော့။ သူ​သည်​ငါ​၏​လုပ်​ငန်း​တွင်​ကူ​ညီ​နိုင်​သူ ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​လူ​မျိုး​တော်​ကို​ငါ့​ထံ​သို့ ပြန်​လာ​စေ​မည်။ ငါ​သည်​သူ​တို့​အား​အ​ကြွင်း​မဲ့​ချစ်​မည်။ သူ​တို့​အ​ပေါ်​၌​အ​မျက်​တော်​ပြေ​ပြီ။

သို့​ရာ​တွင်​အ​မြင့်​ဆုံး​သို့​ရောက်​နေ​သူ​အ​များ သည်​အ​နိမ့်​ဆုံး​သို့​ရောက်​ကြ​လိမ့်​မည်။ အ​နိမ့် ဆုံး​သို့​ရောက်​နေ​သူ​အ​များ​သည်​အ​မြင့်​ဆုံး သို့​ရောက်​ကြ​လိမ့်​မည်။

ထို​နောက်​ကိုယ်​တော်​က ``သို့​ဖြစ်​၍​အ​နိမ့်​ဆုံး​သို့ ရောက်​သူ​များ​သည်​အ​မြင့်​ဆုံး​သို့​ရောက်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​ခါ​၌​ယ​ခု​နောက်​ဆုံး​သို့​ရောက်​နေ​သော သူ​တို့​သည် ရှေ့​ဆုံး​သို့​ရောက်​ကြ​လိမ့်​မည်။ ယ​ခု ရှေ့​ဆုံး​သို့​ရောက်​နေ​သူ​တို့​သည် နောက်​ဆုံး​သို့​ရောက် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဤ​သို့​သိ​ရှိ​လာ​သော​အ​ခါ သူ​သည်​ယော​ဟန် မာ​ကု​၏​အ​မိ​မာ​ရိ​၏​အိမ်​သို့​သွား​၏။ ထို အိမ်​တွင်​လူ​အ​မြောက်​အ​မြား​စု​ဝေး​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။-

ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည် မိ​မိ​တို့​ဆောင်​ရွက် ရန်​ရှိ​သည့်​အ​မှု​ကိစ္စ​များ​ကို​ဆောင်​ရွက်​ကြ ပြီး​နောက် ယော​ဟန်​မာ​ကု​ကို​ခေါ်​၍​ယေ​ရု ရှ​လင်​မြို့​မှ​ပြန်​ခဲ့​ကြ​၏။

ထို​အ​ခါ​ဗာ​န​ဗ​သည်​မာ​ကု​ခေါ်​ယော​ဟန် ကို​ခေါ်​ဆောင်​သွား​ရန်​အ​လို​ရှိ​၏။-

သူ​တို့​သည်​အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ပြီး နောက်​လမ်း​ခွဲ​ခွာ​သွား​ကြ​၏။ ဗာ​န​ဗ​သည် မာ​ကု​ကို​ခေါ်​၍​ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော လွှင့်​လေ​၏။-

ဤ​သို့​ဗျာ​ဒိတ်​ရူပါ​ရုံ​ကို​ပေါ​လု​မြင်​ပြီး​နောက် ချက်​ချင်း​ပင်​ကျွန်ုပ်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် သို့​သွား​ရန်​ပြင်​ဆင်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို သော်​မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​အား​သ​တင်း ကောင်း​ကို​ဟော​ပြော​ရန် ကျွန်ုပ်​တို့​အား​ဘု​ရား သ​ခင်​စေ​ခိုင်း​တော်​မူ​သည်​ဟု​ဆုံး​ဖြတ်​ချက် ချ​ကြ​ခြင်း​ကြောင့်​ဖြစ်​၏။

ငါ​တို့​နှင့်​အ​တူ​အ​ကျဉ်း​ခံ​နေ​ရ​သူ​အာ​ရိတ္တာ​ခု၊ ဗာ​န​ဗ​၏​ညီ​ဝမ်း​ကွဲ​တော်​သူ​မာ​ကု​နှင့်​ယုတ္တု ခေါ်​ယော​ရှု​တို့​က​သင်​တို့​ကို​နှုတ်​ဆက်​လိုက် ကြ​၏။ (သင်​တို့​ထံ​မာ​ကု​ရောက်​ရှိ​လာ​သော အ​ခါ ကြို​ဆို​ကြ​ရန်​ညွှန်​ကြား​ချက်​များ​ကို သင်​တို့​ရ​ရှိ​ကြ​ပြီး​ဖြစ်​၏။) ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​တွက်​ငါ​နှင့်​အ​တူ​လုပ်​ဆောင် လျက်​ရှိ​သော​ယု​ဒ​ယုံ​ကြည်​သူ​များ​မှာ ထို​သူ​သုံး​ဦး​သာ​လျှင်​ဖြစ်​ပေ​သည်။ ဤ​သူ တို့​သည်​ကား​ငါ့​အား​များ​စွာ​ကူ​ညီ​ကြ သူ​များ​ဖြစ်​သည်။

ငါ​တို့​ချစ်​သော​ဆ​ရာ​ဝန်​လု​ကာ​နှင့်​ဒေ​မ​တို့ က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ကြ​၏။

သင်​သိ​ရှိ​သည်​အ​တိုင်း​ဖု​ဂေ​လု​နှင့်​ဟေ​ရ မော​ဂင်​တို့​အ​ပါ​အ​ဝင်​အာ​ရှ​နယ်​ပယ်​၌ နေ​သူ​အ​ပေါင်း​တို့​သည်​ငါ​တို့​ကို​စွန့်​သွား ကြ​လေ​ပြီ။-

ဖော်​ပြ​ခဲ့​သည့်​မ​ကောင်း​မှု​များ​ကို​ရှောင်​ကြဉ် သူ​သည် မိ​မိ​သ​ခင်​အ​တွက်​ဆက်​ကပ်​ထား​၍ အ​သုံး​ဝင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို​လုပ်​ဆောင်​ရန်​အ​သင့်​ရှိ​သူ​ဖြစ် သ​ဖြင့်​အ​ထူး​အ​သုံး​ပြု​ခြင်း​ကို​ခံ​ရ​လိမ့် မည်။-

ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​များ​ဖြစ်​ကြ​သည့် မာ​ကု၊ အာ​ရိတ္တ​ခု၊ ဒေ​မ​နှင့်​လု​ကာ​တို့​က လည်း​ကောင်း​သင့်​ကို​နှုတ်​ဆက်​ကြ​၏။-

ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​ခြင်း​ကို သင်​တို့ နည်း​တူ​ခံ​ရ​သည့်​ဗာ​ဗု​လုန်​မြို့​အ​သင်း​တော် ဝင်​တို့​က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​၏။ ငါ့ သား​မာ​ကု​က​လည်း​နှုတ်​ဆက်​လိုက်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ