ပင်ပန်းစွာအလုပ်လုပ်ခဲ့သောလယ်သမား သည်သီးနှံကိုဦးစွာစားသုံးသင့်သည်။-
သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။
``ကောင်းကင်နိုင်ငံတော်သည်စပျစ်ဥယျာဉ်ပိုင် ရှင်တစ်ဦးကြုံတွေ့ရသည့်အဖြစ်အပျက်နှင့် တူ၏။ သူသည်အလုပ်သမားများငှားရန်နံနက် စောစောထွက်သွား၏။-
ရွှေငါးပိဿာရသူသည်ချက်ချင်းပင်ကူးသန်း ရောင်းဝယ်မှုကိုပြုသဖြင့်အမြတ်ရွှေငါးပိဿာ ကိုရ၏။-
ကိုယ်တော်က ``ရိတ်သိမ်းရန်စပါးများစွာရှိ၏။ သို့ရာတွင်ကောက်ရိတ်သူများကားနည်းလှ၏။ သို့ဖြစ်၍ကောက်ရိတ်သမားများပိုမိုစေလွှတ် ပေးရန်စပါးရှင်အားဆုတောင်းကြလော့။-
သတင်းကောင်း၏ကောင်းချီးမင်္ဂလာများကို ဝေမျှနိုင်ရန် ငါသည်သတင်းကောင်းအကျိုးငှာ ဤအမှုခပ်သိမ်းကိုပြုခြင်းဖြစ်သည်။-
ငါ့စကားကိုဆင်ခြင်လော့။ ယင်းကိုနားလည် စေရန်သခင်ဘုရားသည်သင့်အားကူညီ တော်မူလိမ့်မည်။
ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက် နိုင်ရန်နှင့် ကတိတော်နှင့်အညီခံစားနိုင်ရန် သင်တို့သည်သည်းခံစိတ်ရှိရမည်။
ရွာသွန်းသည့်မိုးရေကိုခံယူလျက်လယ်သမား တို့အဖို့ အသုံးဝင်သောအသီးအနှံများကို ဖြစ်ထွန်းစေသည့်မြေဆီလွှာကို ဘုရားသခင် သည်ကောင်းချီးပေးတော်မူ၏။-