၂ တိ 2:26Common Language Bibleထိုအခါသူတို့သည်အမြင်မှန်ရရှိလာပြီးလျှင် မာရ်နတ်၏ကျော့ကွင်းမှလွတ်မြောက်ကြလိမ့်မည်။ မာရ်နတ်သည်မိမိအလိုအတိုင်းလိုက်နာစေရန် သူတို့အားဖမ်းဆီးထားခဲ့ပေသည်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ထာဝရဘုရားသည်သင်တို့အား ကျောင်းမှန်းကန်မှန်းသိအောင်လုံးစေ့ပတ်စေ့ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ်ပြီးတစ် ပိုဒ် သွန်သင်တော်မူလိမ့်မည်။ ထိုအခါသင်တို့ သည်ခြေလှမ်းလိုက်တိုင်းလဲကျကြလိမ့်မည်။ သင်တို့သည်ထိခိုက်ဒဏ်ရာရလျက်ကျော့ ကွင်းတွင်မိကာအဖမ်းခံရကြလိမ့်မည်။
သို့ဖြစ်၍ငါသည်သူ့အားကြီးမြတ်သူ၊ တန်ခိုးကြီး သူများနှင့်အတူ၊ ဂုဏ်ထူးဆောင်နေရာကိုပေးအပ်တော်မူမည်။ သူသည်မိမိ၏အသက်ကိုသဒ္ဓာကြည်ဖြူစွာ စွန့်လှူပြီးလျှင်၊ ရာဇဝတ်ကောင်တို့၏ကံကြမ္မာကိုခံယူ၏။ သူသည်အပြစ်ကူးသူများကိုကိုယ်စားပြု၍ ထိုသူတို့ခံထိုက်သည့်အပြစ်ဒဏ်ကိုခံယူ ပေသည်'' ဟုမိန့်တော်မူ၏။
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''