Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ တိ 1:18

Common Language Bible

ဧ​ဖက်​မြို့​တွင်​သူ​သည်​ငါ့​အား​အ​ဘယ်​မျှ ပြု​စု​သည်​ကို​သင်​ကောင်း​စွာ​သိ​၏။ တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​၌​သ​ခင် ဘု​ရား​သည်​သူ့​အား​က​ရု​ဏာ​တော်​ကို ခံ​စား​ခွင့်​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ထို့​နောက်​သူ​သည်``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဤ​မု​ဆိုး​မ​အား​အ​ဘယ် ကြောင့်​ကိုယ်​တော်​သည် ဤ​သို့​ထိတ်​လန့်​ဖွယ် ကောင်း​သော​အ​မှု​ကို​ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​မျိုး​သ​မီး​သည်​ကျွန်ုပ်​အား​ကောင်း​စွာ ကျွေး​မွေး​ပြု​စု​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​ကိုယ် တော်​သည်​သူ​၏​သား​ငယ်​ကို​သေ​စေ​တော် မူ​ပါ​ပြီ'' ဟု​ကျယ်​လောင်​စွာ​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။-

ငါ​တို့​၏​ဘိုး​ဘေး​များ​အ​ပေါ်​ဝယ်​က​ရု​ဏာ ထား​တော်​မူ​မည်​ဖြစ်​ကြောင်း​နှင့်၊ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​မည်​ဖြစ်​ကြောင်း မိန့်​တော်​မူ​ခဲ့​ပြီ။

ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​သ​နား​ခြင်း​က​ရု​ဏာ​နှင့် ကြွယ်​ဝ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို ကောင်း​ကင်​မှ​နေ​အ​ရုဏ်​သ​ဖွယ်​ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​၍၊

ဟေ​ရုဒ်​မင်း​၏​အိမ်​ထောင်​အုပ်​ချုပ်​ရေး​မှူး​ခု​ဇ​၏ ဇ​နီး​ယော​ဟန္န၊ ရှု​ရှန္န​နှင့်​အ​ခြား​အ​မျိုး​သ​မီး များ​ပါ​၏။ ဤ​အ​မျိုး​သမီး​များ​သည်​မိ​မိ​တို့ စ​ရိတ်​ဖြင့်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​အား လုပ်​ကျွေး​သ​မှု​ပြု​ကြ​၏။

ဧ​ဖက်​မြို့​သို့​ရောက်​သော​အ​ခါ​ပေါ​လု​သည် ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​ကို​မြို့​တွင်​ထား ခဲ့​၏။ သူ​သည်​တ​ရား​ဇ​ရပ်​သို့​ဝင်​ပြီး​လျှင် ယု​ဒ​အ​မျိုး​သား​တို့​နှင့်​တ​ရား​စ​ကား ဆွေး​နွေး​၏။-

``ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်​သင်​တို့ ထံ​သို့​ငါ​ပြန်​လာ​ခဲ့​မည်'' ဟု​ဆို​ပြီး​လျှင် သ​င်္ဘော​လွှင့်​လေ​၏။-

ကော​ရိန္သု​မြို့​တွင်​အာ​ပေါ​လု​ရှိ​နေ​စဉ်​ပေါ​လု သည် အ​ထက်​ပါ​ဒေ​သ​တစ်​လျှောက်​သို့​လှည့်​လည် ပြီး​နောက် ဧ​ဖက်​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​မြို့​တွင် တ​ပည့်​တော်​အ​ချို့​တို့​ကို​တွေ့​၍၊-

ငါ​တို့​အရှင်​ယေ​ရှု​ခ​ရစ်​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​တွင် သင်​တို့​သည်​အ​ပြစ်​နှင့်​ကင်း​စင်​စေ​ရန် ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဆုံး​တိုင်​အောင် တည်​ကြည်​စေ​တော်​မူ​လိမ့်​မည်။-

ပင်​တေ​ကုတ္တေ​ပွဲ​နေ့​အ​ထိ​ဧ​ဖက်​မြို့​တွင်​ငါ​နေ ပါ​မည်။

ထို​သူ​တစ်​ယောက်​စီ​၏​တည်​ဆောက်​မှု​အ​ရည် အ​သွေး​သည် ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​သိ​သာ​ထင်​ရှား​လိမ့်​မည်။ ထို​နေ့​၌​မီး​လျှံ သည်​လူ​တိုင်း​၏​အ​လုပ်​ကို​ထင်​ပေါ်​စေ​လိမ့်​မည်။ ထို​မီး​သည်​လူ​အ​သီး​သီး​တို့​၏​အ​လုပ် အ​ရည်​အ​သွေး​ကို​စစ်​ဆေး​ပေး​လိမ့်​မည်။-

ယု​ဒ​ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော် အား ကူ​ညီ​ထောက်​ပံ့​ရေး​အ​ကြောင်း​ကို​သင် တို့​ထံ​ရေး​သား​ဖော်​ပြ​ရန်​မ​လို​ပါ။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော်​သည် အ​လွန်​ကြွယ်​ဝ​၍ မေတ္တာ​တော်​သည်​အ​လွန် ကြီး​မား​လှ​သ​ဖြင့်​ကိုယ်​တော်​သည်၊-

ငါ​တို့​သ​ခင်​ယေ​ရှု​နောက်​တစ်​ကြိမ်​ကြွ​လာ တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏​ရှေ့​တော်​၌ ငါ​တို့​သည်​သင်​တို့​ကို​သာ​လျှင်​အ​ကြောင်း ပြု​၍ မိ​မိ​တို့​၏​အောင်​မြင်​မှု​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​နိုင်​လိမ့်​မည်။ သင်​တို့​သာ​လျှင်​ငါ တို့​၏​မျှော်​လင့်​စ​ရာ၊ ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ဖြစ်​လိမ့်​မည်။ ငါ​တို့​အား​ဂုဏ်​ယူ ဝါ​ကြွား၊ မျှော်​လင့်​ဝမ်း​မြောက်​စေ​သော​သူ အ​ပေါင်း​တို့​တွင်​သင်​တို့​ပါ​ဝင်​ကြ​သည်။-

မာ​ကေ​ဒေါ​နိ​ပြည်​သို့​ငါ​ထွက်​ခွာ​စဉ်​အ​ခါ က သင့်​အား​ငါ​မှာ​ကြား​ခဲ့​သည်​အ​တိုင်း ဧ​ဖက် မြို့​တွင်​ဆက်​လက်​နေ​ထိုင်​စေ​လို​၏။ လူ​အ​ချို့ တို့​သည်​မိစ္ဆာ​အ​ယူ​ဝါ​ဒ​များ​ကို​ဟော​ပြော သွန်​သင်​လျက်​ရှိ​ကြ​ပေ​သည်။ မ​ကုန်​မ​ဆုံး​နိုင် သော​ဒဏ္ဍာ​ရီ​များ​နှင့်​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း များ​ကို အ​ပတ်​တ​ကုတ်​အား​ထုတ်​လေ့​လာ တတ်​သူ​တို့​အား ထို​အ​မှု​တို့​ကို​ရပ်​စဲ​ကြ စေ​ရန်​ပြော​ကြား​လော့။ ထို​အ​မှု​အ​ရာ​များ သည်​အ​ငြင်း​ပွား​မှု​များ​ကို​သာ​လျှင်​ပြု​စု ပေး​တတ်​၏။ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကျိုး​မ​ပြု​တတ်။ ယုံ​ကြည်​ခြင်း အား​ဖြင့်​သာ​လျှင် ထို​အ​ကြံ​အ​စည်​တော် ကို​သိ​နိုင်​လေ​သည်။-

ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​ဤ​ဆင်းရဲ​ဒုက္ခ​များ ကို​ခံ​ရ​ခြင်း​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​၌​ယုံ ကြည်​စိတ်​ချ​မှု​ရှိ​သေး​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​အ​ဘယ်​သူ​ကို​ကိုး​စား​သည်​ကို လည်း​ကောင်း၊ ထို​အ​ရှင်​၏​လက်​ဝယ်​ငါ​ပေး​အပ် ထား​သော​အ​ရာ​ကို​ကိုယ်​တော်​ရှင်​သည် တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရောက်​သည်​တိုင်​အောင် စောင့်​ထိန်း​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ငါ​အ​သေ​အ​ချာ​သိ​သော​ကြောင့်​ဖြစ်​၏။-

သ​ခင်​ဘု​ရား​သည်​သြ​နေ​သိ​ဖော်​၏​အိမ် ထောင်​အား​က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ သော။ ထို​သူ​သည်​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ငါ့​အား​စိတ်​သက်​သာ​စေ​၏။ ငါ​သည်​အ​ကျဉ်း သား​ဖြစ်​လျက်​နေ​သော်​လည်း​သူ​သည်​ငါ့ အ​တွက်​မ​ရှက်​ဘဲ၊-

ရော​မ​မြို့​သို့​ရောက်​လျှင်​ရောက်​ခြင်း​ငါ့​ကို မ​တွေ့​တွေ့​အောင်​ရှာ​၏။-

ငါ​သည်​တု​ခိတ်​ကို​ဧ​ဖက်​မြို့​သို့​စေ​လွှတ်​လိုက်​၏။-

ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​သူ​အား​ပေး​အပ်​သည့်​အောင်​ဆု​သည် ငါ့​အ​တွက်​အ​သင့်​ရှိ​နေ​ပြီ။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​တော်​မူ​သော​တ​ရား​သူ​ကြီး တည်း​ဟူ​သော​သ​ခင်​ဘု​ရား​သည် ထို​ဆု​ကို တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ငါ့​အား​ပေး အပ်​တော်​မူ​လိမ့်​မည်။ ငါ့​ကို​သာ​မ​က​ဤ လော​က​သို့​နောက်​တစ်​ဖန်​ကိုယ်​တော်​ပေါ် ထွန်း​တော်​မူ​မည်​ကို​တောင့်​တ​စောင့်​မျှော်​သူ အ​ပေါင်း​တို့​အား​လည်း​ပေး​တော်​မူ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည်​တ​ရား​မျှ​တ​မှု​မ​ရှိ သော​အ​ရှင်​မ​ဟုတ်။ သင်​တို့​ဆောင်​ရွက်​ခဲ့ သည့်​အ​မှု​အ​ရာ​များ​ကို​လည်း​ကောင်း၊ ကိုယ် တော်​အား​ချစ်​ကြောင်း​သက်​သေ​ပြ​ရန်​ယ​ခင် အ​ခါ​မှ ယ​ခု​အ​ခါ​တိုင်​အောင်​ခ​ရစ်​ယာန် အ​ချင်း​ချင်း​အား​ကူ​ညီ​မ​စ​ကြ​သည်​ကို လည်း​ကောင်း​မေ့​လျော့​တော်​မူ​မည်​မ​ဟုတ်။-

ပ​ရော​ဖက်​များ​သည်​ယင်း​ကယ်​တင်​ခြင်း​နှင့် ပတ်​သက်​၍​အ​သေ​အ​ချာ​စုံ​စမ်း​ရှာ​ဖွေ​ခဲ့ ကြ​၏။ သင်​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​မည့်​ဤ​ဆု​ကျေး​ဇူး​အ​ကြောင်း​ကို​ဟော ကြား​ခဲ့​ကြ​၏။-

``ဧ​ဖက်​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့ ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လိုက်​လော့။ ဤ​သြ​ဝါ​ဒ​သည်​ကြယ်​ခု​နစ်​လုံး​ကို​လက်ယာ လက်​တွင်​ကိုင်​ကာ ရွှေ​မီး​ခွက်​ခု​နစ်​ခု​အ​ကြား တွင်​သွား​လာ​နေ​သူ​၏​ထံ​မှ​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ