Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 7:8

Common Language Bible

အ​ကယ်​၍​ငါ​၏​စာ​သည်​သင်​တို့​အား​စိတ်​မ​ချမ်း မ​သာ​ဖြစ်​စေ​ခဲ့​လျှင် ထို​စာ​ကို​ရေး​မိ​သည့်​အ​တွက် ယ​ခု​ငါ​ဝမ်း​မ​နည်း။ ထို​စာ​ကြောင့်​ခေတ္တ​မျှ​သင် တို့​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​ကြ​သည်​ကို​တွေ့​စဉ် အ​ခါ​က​ငါ​ဝမ်း​နည်း​မိ​ခဲ့​လျှင်​လည်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို ပေး​သော်​လည်း ငါ​တို့​အ​ပေါ်​၌​ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော သ​နား​ညှာ​တာ​မှု​နှင့်​မေတ္တာ​တော်​ကား ကြီး​မား​တော်​မူ​ပါ​ပေ​သည်။

ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ​ပြော​ကြား သ​ဖြင့် သင်​တို့​သည်​စိတ်​ညှိုး​ငယ်​လျက်​ရှိ ကြ​၏။-

တ​တိ​ယ​အ​ကြိမ်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ဤ​သို့​တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​သ​ဖြင့် ပေ​တ​ရု​သည်​ဝမ်း​နည်း​၍ ``သ​ခင်၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၏။ ကိုယ်​တော် အား​အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့။-

ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​ဝမ်း​နည်း​မှု​ကို​မည် သို့​အ​သုံး​ပြု​တော်​မူ​သည်​ကို​ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည်​စိတ်​ထက်​သန်​၍​လာ​ကြ​လေ​ပြီ။ မိ​မိ​တို့​၌​အ​ပြစ်​ကင်း​ကြောင်း​ဖော်​ပြ​ရန်​အ​လွန် လို​လား​ကြ​လေ​ပြီ။ လွန်​စွာ​ဒေါ​သ​ထွက်​ကြ လေ​ပြီ။ လွန်​စွာ​စိုး​ရိမ်​ကြ​လေ​ပြီ။ လွန်​စွာ​တမ်း တ​ကြ​လေ​ပြီ။ လွန်​စွာ​စေ​တ​နာ​ထက်​သန် ကြ​လေ​ပြီ။ အ​ပြစ်​ရှိ​သူ​ကို​ဒဏ်​ပေး​ရန် လို​လား​ကြ​လေ​ပြီ။ သင်​တို့​သည်​ဤ​အ​မှု တွင်​မိ​မိ​တို့​အ​ပြစ်​ကင်း​ကြောင်း​ကို​ထင်​ရှား စေ​ကြ​လေ​ပြီ။

သို့​ဖြစ်​၍​ယ​ခင်​က​သင်​တို့​ထံ​သို့​ငါ​စာ​ရေး​ခဲ့​ရ ခြင်း​မှာ​ပြစ်​မှား​သော​သူ​၏​ကိစ္စ​ကြောင့်​မ​ဟုတ်။ ပြစ် မှား​ခြင်း​ကို​ခံ​ရ​သူ​၏​ကိစ္စ​ကြောင့်​လည်း​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ငါ​တို့​အား​သင်​တို့ အ​ဘယ်​မျှ​ချစ်​ခင်​စွဲ​လန်း​ကြ​သည်​ကို​ကောင်း စွာ​သိ​သာ​ထင်​ရှား​စေ​လို​၍​ရေး​ခဲ့​ခြင်း​ဖြစ်​၏။-

သို့​ရာ​တွင်​စိတ်​ညှိုး​ငယ်​သူ​ကို​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ငါ​တို့​ထံ​ရောက်​ရှိ​လာ​သော​တိ​တု အား​ဖြင့် ငါ​တို့​ကို​အား​ပေး​တော်​မူ​၏။ တိ​တု​ရောက်​ရှိ လာ​သည့်​အ​တွက်​ကြောင့်​သာ​မ​က၊ တိ​တု​အား​သင် တို့​က​အား​ပေး​ကြ​သည့်​သ​တင်း​ကို​ကြား​သိ​ရ သည့်​အ​တွက်​ကြောင့်​လည်း ငါ​တို့​သည်​အား​တက်​ရ ကြ​ပေ​သည်။-

တိ​တု​က​သင်​တို့​သည်​ငါ့​ကို​အ​လွန်​တွေ့​လို​ကြ ကြောင်း၊ အ​လွန်​ဝမ်း​နည်း​လျက်​ရှိ​ကြ​ကြောင်း​တို့ ကို​ပြော​ပြ​သ​ဖြင့်​ငါ​သည်​ပို​၍​ပင်​ဝမ်း​မြောက်​၏။

ယ​ခု​ဝမ်း​မြောက်​၏။ သင်​တို့​အား​စိတ်​မ​ချမ်း မ​သာ​အောင်​ပြု​ခဲ့​သည့်​အ​တွက်​ကြောင့်​မ​ဟုတ်။ စိတ်​မ​ချမ်း​မ​သာ​မှု​က​သင်​တို့​အား​နောင်​တ တ​ရား​ရ​စေ​သည့်​အ​တွက်​ကြောင့်​ဝမ်း​မြောက် ရ​ခြင်း​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​သည်​ထို စိတ်​မ​ချမ်း​မ​သာ​မှု​ကို​အ​သုံး​ပြု​တော်​မူ သည်​ဖြစ်​ရာ​ငါ​တို့​သည်​သင်​တို့​ကို​အ​ဘယ် သို့​မျှ​မ​နစ်​နာ​စေ​ခဲ့။-

ငါ​သည်​မိ​မိ​ချစ်​သော​သူ​အ​ပေါင်း​တို့​အား ဆုံး​မ​၍​အ​ပြစ်​ဒဏ်​ပေး​တတ်​၏။ ထို​ကြောင့် သင်​သည်​စိတ်​အား​ထက်​သန်​လော့။ နောင်​တ ရ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ