Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 3:16

Common Language Bible

သို့​ရာ​တွင်​ယင်း​ကို​ဖယ်​ရှား​နိုင်​၏။ မော​ရှေ​နှင့်​ပတ် သက်​၍​ကျမ်း​စာ​တော်​က ``သူ​သည်​သ​ခင်​ဘု​ရား ထံ​သို့​ပြောင်း​လဲ​သော​အ​ခါ သူ​၏​ပ​ဝါ​သည်​ပယ် ရှား​၍​သွား​၏'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​နှင့်​စ​ကား​ပြော ရန်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ထဲ​သို့​ဝင်​သည့်​အ​ခါ​တိုင်း​ပ​ဝါ​ကို​ချွတ် ထား​လေ့​ရှိ​၏။ ပြန်​ထွက်​လာ​သော​အ​ခါ ထာ​ဝရ​ဘု​ရား​မိန့်​ကြား​သ​မျှ​ကို​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​ဆင့်​ဆို​လေ့​ရှိ​၏။-

ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​အုံ့​မှိုင်း​လျက်​ရှိ နေ​သည့်​ဝမ်း​နည်း​ဖွယ်​မိုး​တိမ်​လွှာ​ကို လူ​မျိုး တ​ကာ​တို့​အ​ပေါ်​မှ​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။-

ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော အ​ခါ​နား​ဆွံ့​သူ​များ​သည် စာ​ဖတ်​သည့် အ​သံ​ကို​ကြား​လိမ့်​မည်။ မှောင်​မိုက်​တွင်​နေ ထိုင်​ရ​သူ​မျက်​မ​မြင်​များ​သည်​လည်း မျက်​စိ​ပွင့်​၍​မြင်​ကြ​လိမ့်​မည်။-

``သင်​၏​လူ​တို့​အား​ငါ​ကိုယ်​တိုင်​ဆုံး​မ​သွန်​သင်​မည်။ သင်​၏​သား​သ​မီး​တို့​အား​ချမ်း​သာ​ကြွယ်​ဝ​မှု​နှင့် ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ရန်​အ​ဘယ်​သူ​မျှ မိ​မိ​တို့​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း​ကို လည်း​ကောင်း၊ ပြည်​သူ​အ​ချင်း​ချင်း​ကို​လည်း ကောင်း​သွန်​သင်​ပေး​ရန်​လို​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​ငယ်​ဆုံး​သူ​မှ အ​ကြီး​မြတ်​ဆုံး​သူ​အ​ထိ​ငါ့​ကို​သိ ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​မည်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​လည်း​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ငါ​တို့​သည်​မိ​မိ​တို့​လမ်း​စဉ်​ကို​စစ်​ဆေး​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ကြ ကုန်​အံ့။

ယု​ဒ​အ​မျိုး​သား​တို့​သည်​မ​ယုံ​ကြည်​သော စိတ်​စွန့်​၍​ယုံ​ကြည်​ကြ​မည်​ဆို​ပါ​က အ​ငုတ် တွင်​ပြန်​လည်​ကိုင်း​ဆက်​စိုက်​ပျိုး​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို ပြု​တော်​မူ​နိုင်​၏။-

ယ​နေ့​တိုင်​အောင်​ပင်​လျှင်​မော​ရှေ​၏​ပ​ညတ်​ကျမ်း ကို​ဖတ်​ကြ​သည့်​အ​ခါ​များ​၌ သူ​တို့​၏​စိတ်​နှ​လုံး သည်​ပ​ဝါ​ဖုံး​လျက်​ပင်​ရှိ​သေး​၏။-

သင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဖော်​ပြ​ခဲ့ သော​အ​ခြေ​အ​နေ​သို့​ဆိုက်​ရောက်​လာ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ဆည်း​ကပ်​၍ အ​မိန့်​တော်​ကို​နာ​ခံ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ