Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 3:1

Common Language Bible

ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​ဝါ​ကြွား​ရာ ရောက်​သ​လော။ အ​ချို့​သော​သူ​တို့​ကဲ့​သို့ ငါ​တို့​သည်​ထောက်​ခံ​စာ​များ​ကို​သင်​တို့ အား​ပေး​ရန်​လို​သ​လော။ သို့​တည်း​မ​ဟုတ် သင်​တို့​ထံ​မှ​ငါ​တို့​ထောက်​ခံ​စာ​များ​ကို တောင်း​ရန်​လို​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​အ​ခါ​ယ​ပြည်​သို့​သွား​လို​သ​ဖြင့် ဧ​ဖက် မြို့​ရှိ​ညီ​အစ်​ကို​များ​သည်​သူ​၏​အ​တွက် အ​ခါ ယ​ပြည်​ရှိ​တ​ပည့်​တော်​တို့​ထံ​သို့​မိတ်​ဆက် စာ​ရေး​ခြင်း​အား​ဖြင့်​ကူ​ညီ​ကြ​၏။ သူ​သည် အ​ခါ​ယ​ပြည်​သို့​ရောက်​သော​အ​ခါ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​ယုံ​ကြည် လာ​သူ​များ​အား​များ​စွာ​အ​ကူ​အ​ညီ ပေး​၏။-

ကင်​ခြေ​မြို့​အ​သင်း​တော်​တွင်​ကူ​ညီ​မ​စ​သူ၊ ငါ တို့​၏​ညီ​မ​ဖြစ်​သူ​ဖိ​ဗေ​၏​အ​ကြောင်း​ကို​ငါ ထောက်​ခံ​ပြော​ဆို​လို​၏။-

သင်​တို့​သည်​လည်း​ငါ​ကဲ့​သို့​ပြု​ကြ​လော့။ ငါ သည်​လူ​တို့​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​မိ​မိ​ပြု သ​မျှ​သော​အ​မှု​တို့​တွင် ကိုယ်​ကျိုး​ကို​မ​ငဲ့ ဘဲ​လူ​အ​ပေါင်း​တို့​၏​အ​ကျိုး​ကို​ငဲ့​၍​သူ တို့​နှစ်​သက်​အောင်​ပြု​၏။

ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​မှာ​စာ​ရေး​၍ သင်​တို့​ရွေး​ချယ်​သူ​များ​အား ထို​အ​လှူ​ငွေ​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ယူ​ဆောင်​သွား​စေ​မည်။-

ငါ​သည်​ဘု​ရား​သ​ခင်​ပေး​သနား​တော်​မူ​သော ဆု​ကျေး​ဇူး​ကို​အ​သုံး​ပြု​လျက် ကျွမ်း​ကျင်​သော ဗိ​သု​ကာ​ကဲ့​သို့​တိုက်​မြစ်​ကို​ချ​ခဲ့​၏။ အ​ခြား သူ​တစ်​ဦး​က​ထို​တိုက်​မြစ်​ပေါ်​တွင်​တည်​ဆောက် ၏။ သို့​ရာ​တွင်​ထပ်​ဆင့်​၍​တည်​ဆောက်​သူ​တိုင်း သည်​မိ​မိ​အ​ဘယ်​သို့​တည်​ဆောက်​သည်​ကို သ​တိ​ပြု​စေ။-

သင်​တို့​သည်​ခ​ရစ်​တော်​ကို​လက်​ခံ​ပြီး​နောက် သင်​တို့​အား​သွန်​သင်​မည့်​ဆ​ရာ​ထောင်​ပေါင်း များ​စွာ​ရှိ​သော်​လည်း ဖ​ခင်​ကား​တစ်​ဦး​တည်း သာ​ရှိ​ပေ​သည်။ ငါ​သည်​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့်​မွေး သ​ဖ​ခင်​ဖြစ်​လာ​၏။-

မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​ပြော​ဆို​သူ​တို့​၏​လူ တန်း​စား​တွင်​ငါ​တို့​သည်​မ​ပါ​ဝင်​ဝံ့​ပါ။ သင်​တို့ နှင့်​နှိုင်း​ယှဉ်​ရန်​လည်း​မ​ဝံ့​ပါ။ မိ​မိ​တို့​ကိုယ်​ကို စံ​ထား​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ကဲ​ဖြတ်​သူ​များ သည်​လွန်​စွာ​မိုက်​မဲ​လှ​ပါ​သည်​တ​ကား။-

အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​သော​သူ​ဟူ​သည်​မှာ မိ​မိ​ကိုယ်​ကို​ချီး မြှောက်​သော​သူ​မ​ဟုတ်။ ကိုယ်​တော်​က​ချီး​မြှောက် တော်​မူ​သော​သူ​ဖြစ်​သော​ကြောင့်​တည်း။

အ​ကယ်​၍​ငါ​သည်​သ​ခင်​ဘု​ရား​ပေး​တော်​မူ သော​အာ​ဏာ​နှင့်​ပတ်​သက်​၍ အ​လွန်​အ​ကျွံ ဝါ​ကြွား​မိ​ခဲ့​လျှင်​လည်း​မ​ရှက်​ပါ။ ထို​အာ ဏာ​သည်​သင်​တို့​အား​ဖြို​ဖျက်​ရန်​အ​တွက် မ​ဟုတ်။ ပြု​စု​ပျိုး​ထောင်​ပေး​ရန်​အ​တွက် ဖြစ်​ပေ​သည်။-

ငါ​သည်​လူ​မိုက်​ကဲ့​သို့​ပြု​လေ​ပြီ။ သို့​ရာ​တွင် သင်​တို့​က​ငါ့​ကို​လူ​မိုက်​ဖြစ်​အောင်​ပြု​ကြ​၏။ သင်​တို့​သည်​ငါ့​ကို​ထောက်​ခံ​သင့်​သူ​များ ဖြစ်​ပေ​သည်။ ငါ​သည်​မ​ရေ​ရာ​သော​သူ​ဖြစ် စေ​ကာ​မူ​သင်​တို့​၏​ထူး​မြတ်​သည့်​တ​မန် တော်​များ​ထက်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ညံ့။-

ငါ​တို့​သည်​ယ​ခု​တစ်​ချိန်​လုံး​မိ​မိ​တို့​ကိုယ် ကို​ကွယ်​ကာ​ပြော​ဆို​လျက်​နေ​ကြ​သည်​ဟု သင်​တို့​ထင်​ကောင်း​ထင်​ကြ​လိမ့်​မည်။ ငါ​တို့ သည်​ထို​သို့​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်။ ခ​ရစ် တော်​သွန်​သင်​ပေး​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​ရှေ့​တော်​မှောက်​တွင်​ပြော​ဆို​နေ​ခြင်း သာ​ဖြစ်​၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ သော​အ​မှု​အ​ရာ​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​တွက်​ဖြစ်​ပေ​သည်။-

ငါ​တို့​သည်​အ​ခြား​သူ​အ​မြောက်​အ​မြား ကဲ့​သို့​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို အ​ပေါ​စား​ကုန်​ပစ္စည်း​သ​ဖွယ်​ရောင်း ဝယ်​ဖောက်​ကား​မှု​ကို​မ​ပြု​ကြ။ ငါ​တို့​သည် ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ​များ ဖြစ်​၍ ခ​ရစ်​တော်​၏​အ​စေ​ခံ​များ​အ​နေ ဖြင့်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို​စိတ်​ကြည် လင်​စွာ​ဟော​ပြော​ကြ​၏။

ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​တစ်​ဖန်​မိ​မိ​တို့ ကိုယ်​ကို​ဂုဏ်​ဖော်​လို​၍​မ​ဟုတ်။ ငါ​တို့​အ​ပေါ် တွင်​သင်​တို့​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ခွင့်​ရ​ရှိ​ကြ စေ​ရန်​သာ​ဖြစ်​၏။ သို့​မှ​သာ​လျှင်​လူ​၏​အ​ကျင့် စာ​ရိတ္တ​ကို​မ​ထောက်​ဘဲ ပြင်​ပ​အ​ဆင်း​သဏ္ဌာန် ကို​သာ​ထောက်​၍ ဂုဏ်​ယူ​ဝါ​ကြွား​တတ်​သူ​တို့ ၏​စ​ကား​ကို​သင်​တို့​ပြန်​လည်​ချေ​ပ​နိုင် ကြ​ပေ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ