Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 2:15

Common Language Bible

ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ခ​ရစ်​တော်​ပူ​ဇော် သည့်​မွှေး​ကြိုင်​သော​နံ့​သာ​ရ​နံ့​နှင့်​တူ​ကြ​၏။ ထို ရ​နံ့​သည်​ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​ထံ သို့​လည်း​ကောင်း၊ ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့ ထံ​သို့​လည်း​ကောင်း​ပျံ့​နှံ့​၍​သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​မွှေး​ကြိုင်​သော​ရ​နံ့​ကို နှစ်​သက်​တော်​မူ​၍``လူ​တို့​၏​အ​ကျင့်​ကြောင့်​နောင် မည်​သည့်​အ​ခါ​၌​မျှ မြေ​ကြီး​ကို​ကျိန်​စာ​သင့် စေ​မည်​မ​ဟုတ်။ လူ​သည်​ငယ်​ရွယ်​စဉ်​မှ​စ​၍​စိတ် နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ယုတ်​ကြောင်း​ငါ​သိ​၏။ ငါ​သည်​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ယ​ခု အ​ကြိမ်​ကဲ့​သို့​နောက်​တစ်​ဖန်​သေ​ကြေ​ပျက်​စီး စေ​မည်​မ​ဟုတ်။-

သိုး​တစ်​ကောင်​လုံး​ကို​ယဇ်​ပလ္လင်​ထက်​တွင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။ ဤ​သို့​ပူ​ဇော်​ခြင်း​သည်​ထာ​ဝ​ရ ဘု​ရား​အား ဆက်​သ​သော​မီး​ရှို့​ပူ​ဇော်​သကာ ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ယဇ်​မှ​ရ​နံ့ ကို​နှစ်​သက်​တော်​မူ​၏။

ထို​နောက်​သူ​တို့​၏​လက်​ထဲ​မှ​ပူ​ဇော်​သ​ကာ တို့​ကို​ယူ​၍ ပလ္လင်​ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​အ​ပေါ် တွင်​တင်​လျက်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ငါ​သည်​ထို ယဇ်​မှ​ရ​နံ့​ကို​နှစ်​သက်​တော်​မူ​၏။

ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။

သင်​တို့​အား​နိုင်​ငံ​များ​ကွဲ​လွင့်​လျက်​ရှိ​သည့် တိုင်း​ပြည်​များ​မှ ငါ​သည်​သင်​တို့​ကို​ယူ​ဆောင် စု​ရုံး​ပြီး​နောက်​သင်​တို့​မီး​ရှို့​ပူ​ဇော်​သည့်​နံ့​သာ ပေါင်း​နှင့်​တ​ကွ​သင်​တို့​ကို​ငါ​လက်​ခံ​မည်။ ငါ သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ​မျိုး တ​ကာ​တို့​တွေ့​မြင်​ကြ​လိမ့်​မည်။-

``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့ ရာ​ယဇ်​ဖြစ်​စေ၊ သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ်​ဖြစ် စေ၊ စေ​တ​နာ​အ​လျောက်​ပူ​ဇော်​သော​သ​ကာ ကို​ဖြစ်​စေ​ကျင်း​ပ​မြဲ​ဘာ​သာ​ရေး​ပွဲ​တော် များ​၌ ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ကို​ဖြစ် စေ​ပူ​ဇော်​သည့်​အ​ခါ သိုး၊ နွား၊ ဆိတ်​တို့​ကို ပူ​ဇော်​နိုင်​သည်။ ဤ​သ​ကာ​တို့​၏​ရ​နံ့​ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။-

လက်​ဝါး​ကပ်​တိုင်​တော်​တွင်​ခ​ရစ်​တော်​အ​သေ​ခံ တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား​သည်​ဆုံး​ရှုံး မည့်​သူ​များ​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သည့် အ​ရာ​ဖြစ်​၏။ ကယ်​တင်​ခြင်း​ခံ​ကြ​ရ​သော​ငါ တို့​အ​တွက်​မူ​ကား​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ဖြစ်​၏။-

ခ​ရစ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မူ​၍​ငါ​တို့ အ​တွက် မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​ရာ​မွှေး​ကြိုင်​သော​ယဇ်​သ​ကာ​အ​ဖြစ် ဖြင့်​ဆက်​သ​တော်​မူ​သ​ကဲ့​သို့ သင်​တို့​သည် လည်း​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​လော့။

သင်​တို့​ပေး​ပို့​လိုက်​သော​အ​လှူ​ပ​စ္စည်း​အား လုံး​ကို​ရ​ရှိ​ကြောင်း ဤ​တွင်​ဖော်​ပြ​ပါ​သည်။ ထို​အ​လှူ​ပ​စ္စည်း​များ​ကို​ဧ​ပ​ဖြော​ဒိတ်​ယူ လာ​ပေး​သ​ဖြင့် ငါ​လို​သ​မျှ​ရ​ရှိ​ပေ​ပြီ။ ထို အ​ရာ​တို့​သည်​မွှေး​ကြိုင်​သော​ပူ​ဇော်​သ​ကာ၊ ဘု​ရား​သ​ခင်​လက်​ခံ​နှစ်​သက်​တော်​မူ သော​ယဇ်​ကဲ့​သို့​ဖြစ်​ပါ​၏။-

ထို​နောက်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​မည့်​သူ​တို့ အား​ယုတ်​မာ​သည့်​နည်း​အ​မျိုး​မျိုး​ဖြင့်​လှည့်​စား လိမ့်​မည်။ ထို​သူ​တို့​သည်​ကယ်​တင်​ခြင်း​ရ​နိုင်​ရန် သမ္မာ​တ​ရား​တော်​ကို​နှစ်​သက်​လက်​ခံ​မှု​မ​ရှိ ကြ​သော​ကြောင့်​ယင်း​သို့​သေ​ကြေ​ပျက်​စီး​ရ ပေ​တော့​အံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ