၂ ကော 2:1Common Language Bibleထို့ကြောင့်သင်တို့ထံနောက်တစ်ဖန်ငါလာလျှင် သင်တို့အားဝမ်းနည်းစေမည်ဖြစ်၍ငါမလာ ရန်စိတ်ပိုင်းဖြတ်ထား၏။- အခန်းကိုကြည့်ပါ။ |
ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့နှင့် အပြင်းအထန်အငြင်းပွားကာ အချေအတင် ပြောဆိုကြ၏။ ထို့ကြောင့်အသင်းတော်သည်ဤ သို့အငြင်းပွားသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးရန်ပေါလုနှင့်ဗာနဗတို့ကိုတပည့် တော်အချို့တို့နှင့်အတူ ယေရုရှလင်မြို့ရှိ အသင်းတော်လူကြီးများထံသို့စေလွှတ်ရန် ဆုံးဖြတ်ကြ၏။
ငါသည်သင်တို့ထံသို့ကိုယ်တိုင်မရောက်သော် လည်းစိတ်ရောက်လျက်ရှိ၏။ ငါကိုယ်တိုင်ပင် သင်တို့ထံသို့ရောက်နေဘိသကဲ့သို့ ထိုဆိုး ယုတ်သောအမှုကိုပြုသူအားငါတို့အရှင် ယေရှု၏နာမ၌ ယခုပင်ငါတရားစီရင် ပြီ။ သင်တို့စုဝေးကြစဉ်ငါကိုယ်တိုင်ပင် သင်တို့ထံတွင်စိတ်ရောက်ရှိနေမည်။ ငါတို့ ၏အရှင်ယေရှု၏တန်ခိုးတော်အားဖြင့် သင်တို့နှင့်အတူရှိမည်။-