၂ ကော 13:6Common Language Bibleငါတို့သည်အစစ်အဆေးခံရာတွင်အောင်မြင် သူများဖြစ်ကြောင်းကို သင်တို့သိလိမ့်မည်ဟု ငါမျှော်လင့်၏။- အခန်းကိုကြည့်ပါ။ |
သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။-
သင်တို့သည်ဒုစရိုက်ကိုရှောင်ကြဉ်ကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းပတ္ထနာ ပြု၏။ ဤသို့ပြုရခြင်းမှာငါတို့သည်မိမိ တို့ကိုယ်ကိုအောင်မြင်သူများဖြစ်ကြောင်း ပေါ်လွင်စေလို၍မဟုတ်။ ငါတို့သည်မအောင် မြင်သူများဖြစ်ဟန်တူလျက်ပင်သင်တို့အား ကောင်းမြတ်သည့်အမှုကိုပြုကျင့်စေရန် ဆုတောင်းပတ္ထနာပြု၏။-