၂ ကော 12:17Common Language Bibleမည်ကဲ့သို့ငါလှည့်စားခဲ့သနည်း။ သင်တို့ထံ သို့ငါစေလွှတ်သူတစ်ဦးဦးအားဖြင့် ငါ သည်သင်တို့ထံမှအခွင့်ကောင်းယူခဲ့ဖူး သလော။- အခန်းကိုကြည့်ပါ။ |
ထိုအကြောင်းကြောင့်ငါသည်တိမောသေကို သင်တို့ထံသို့စေလွှတ်လိုက်ပါမည်။ သူသည် ခရစ်ယာန်သက်တမ်း၌ ငါချစ်မြတ်နိုး၍သစ္စာ ရှိသောသားဖြစ်ပါ၏။ သူသည်ငါလိုက်လျှောက် ကျင့်သုံးသောအရပ်ရပ်ရှိအသင်းတော် အပေါင်းတို့အား ငါဟောပြောသွန်သင်ခဲ့သော၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သော ဘဝသစ်လမ်းစဉ်ကို သင်တို့အားပြန်လည် သတိရစေပါလိမ့်မည်။
ငါသည်တိတုအားသင်တို့ထံသို့သွားရန် တောင်းပန်စေလွှတ်ခဲ့၏။ အခြားခရစ်ယာန် ညီအစ်ကိုတစ်ဦးကိုလည်းသူနှင့်အတူ ထည့်လိုက်၏။ တိတုသည်သင်တို့ထံမှ အခွင့်ကောင်းယူခဲ့သည်ဟုဆိုမည်လော။ သူနှင့်ငါသည်သဘောချင်းတူ၍တစ် လမ်းတည်းလိုက်လျှောက်ကျင့်သုံးကြ သူများမဟုတ်လော။
သို့ဖြစ်၍သင်တို့ကတိပြုခဲ့သည့်အတိုင်းဤ အလှူကိုပြင်ဆင်နိုင်ရေးအတွက် ဤညီအစ်ကို တို့အားသင်တို့ထံသို့ကြိုတင်စေလွှတ်ရန် လိုအပ်သည်ဟုငါထင်မှတ်၏။ ငါရောက်ရှိ လာသောအခါအလှူအသင့်ပြင်ဆင်ထား ပြီးဖြစ်၍ သင်တို့ကဝတ္တရားအရပေးလှူ သည်မဟုတ်ဘဲစေတနာအရပေးလှူ ကြောင်းပေါ်လွင်လိမ့်မည်။