သို့ရာတွင်တပည့်တော်တို့သည်ငါ့ကိုတောင်း တွင်ထည့်၍ ပြူတင်းပေါက်မှမြို့ရိုးကလျှောချ ကြသဖြင့် ငါသည်ထိုဘုရင်ခံ၏လက်မှ လွတ်မြောက်ရပေသည်။
ငါတို့သည်မုဆိုး၏ကျော့ကွင်းမှလွတ်မြောက် လာသော ငှက်ကဲ့သို့သေဘေးမှလွတ်မြောက်ကြလေပြီ။ ကျော့ကွင်းပြတ်၍ငါတို့လွတ်မြောက်ရကြ၏။
သို့ရာတွင်ရှောလု၏တပည့်တို့သည်ညဥ့်အခါ သူ့ကိုတောင်းတွင်ထည့်၍မြို့ရိုးမှအောက်သို့ လျှောချကြ၏။
သင်တို့၏ပြည်ထဲသို့ငါတို့ချီတက်လာသော အခါ ငါတို့ကိုလျှောချသောပြူတင်းပေါက် တွင် ဤကြိုးနီကိုချည်ထားလော့။ သင်၏မိဘ၊ မောင်နှမများနှင့်ဖခင်ဘက်မှမိသားစု အားလုံးကိုသင်၏အိမ်တွင်စုရုံးနေစေ လော့။-
ဒါဝိဒ်ကိုပြူတင်းပေါက်မှလျောချပေးလေ သည်။ ဒါဝိဒ်သည်ထွက်ပြေးလွတ်မြောက်သွား ၏။-