Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 11:25

Common Language Bible

ရော​မ​အ​မျိုး​သား​တို့​ထံ​၌​ငါ​သည်​သုံး​ကြိမ် တိုင်​တိုင်​ကြိမ်​ဒဏ်​ခံ​ခဲ့​ရ​သည်။ ခဲ​နှင့်​အ​ပေါက် ခံ​ရ​သည်​မှာ​တစ်​ကြိမ်၊ သင်္ဘော​ပျက်​သည်​မှာ သုံး​ကြိမ်​ဖြစ်​၏။ ပင်​လယ်​ပြင်​တွင်​နှစ်​ဆယ့် လေး​နာ​ရီ​မျော​ခဲ့​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ လူ မျိုး​ခြား​တို့​သည်​လည်း​လူ​သား​ကို​ပြောင်​လှောင် ပြီး​လျှင် ကြိမ်​ဒဏ်​ပေး​ကာ​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​မြောက် သော​နေ့​၌​လူ​သား​သည်​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ခြံ​သ​မား​တို့​သည်​လုပ်​သား​များ​ကို​ဖမ်း​၍​ရိုက် သူ​ကို​ရိုက်၊ သတ်​သူ​ကို​သတ်၊ ခဲ​နှင့်​ပေါက်​သူ​ကို ပေါက်​ကြ​၏။-

သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​အ​ချို့​သည်​အန္တိ အုတ်​မြို့​နှင့်​ဣ​ကော​နိ​မြို့​တို့​မှ​ရောက်​လာ​ကြ ပြီး​လျှင် လူ​ပ​ရိ​သတ်​တို့​ကို​မိ​မိ​တို့​ဘက်​သို့ ပါ​အောင်​ဆွဲ​ဆောင်​ကြ​၏။ ထို​နောက်​ပေါ​လု​ကို ခဲ​ဖြင့်​ပေါက်​၍ သေ​လု​ပြီ​ဟု​ထင်​သ​ဖြင့်​မြို့ ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။-

ယု​ဒ​အ​မျိုး​သား​နှင့်​လူ​မျိုး​ခြား​အ​ချို့​တို့ သည် တ​မန်​တော်​တို့​ကို​ညှဉ်း​ဆဲ​ရန်​နှင့်​ခဲ​ဖြင့် ပေါက်​ရန် မိ​မိ​တို့​ခေါင်း​ဆောင်​များ​နှင့်​ကြံ​စည် အား​ထုတ်​ကြ​၏။-

ထို​ည​အ​ချိန်​၌​ပင်​လျှင်​ထောင်​မှူး​သည် ပေါ​လု နှင့်​သိ​လ​တို့​ကို​ခေါ်​၍​ဒဏ်​ချက်​ရာ​များ​ကို ဆေး​ကြော​ပေး​၏။ ထို​နောက်​ချက်​ချင်း​ပင်​သူ​နှင့် တ​ကွ​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ကြ​၏။-

သို့​ရာ​တွင်​ပေါ​လု​က ``ရော​မ​နိုင်​ငံ​သား​များ ဖြစ်​သော​ငါ​တို့​အား​စစ်​ကြော​စီ​ရင်​ခြင်း​မ ပြု​ဘဲ ငါ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​တွင်​ရိုက်​နှက် ၍​အ​ကျဉ်း​ချ​ထား​ခဲ့​ကြ​၏။ ယ​ခု​ငါ​တို့​ကို တိတ်​တ​ဆိတ်​လွှတ်​လို​ကြ​ပါ​သ​လော။ ထို​သို့ မ​ပြု​သင့်။ သူ​တို့​ကိုယ်​တိုင်​လာ​၍​ငါ​တို့​ကို ထောင်​မှ​ထုတ်​ကြ​ပါ​စေ'' ဟု​ရဲ​အ​ရာ​ရှိ တို့​အား​ပြော​၏။

ထို​အ​ခါ​ရော​မ​တပ်​မှူး​သည်​ပေါ​လု​ကို​တပ် စ​ခန်း​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​နှင့် အ​ဘယ်​ကြောင့်​ဤ​သို့​လူ​တို့​ဆူ​ပူ​ဟစ်​အော်​ရ ကြောင်း​ကို​ပေါ​လု​အား​ရိုက်​၍​စစ်​ဆေး​ရန် အ​မိန့်​ပေး​၏။-

သင်​၌​ယုံ​ကြည်​ခြင်း​နှင့်​ကြည်​လင်​သော​သြတ္တပ္ပ စိတ်​ရှိ​စေ​လော့။ အ​ချို့​သော​သူ​တို့​သည်​သြတ္တပ္ပ စိတ်​၏​နှိုး​ဆော်​မှု​ကို​နား​မ​ထောင်​သ​ဖြင့် မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​ကြ​၏။-

သူ​တို့​သည်​ခဲ​နှင့်​ပေါက်​ခြင်း၊ လွှ​နှင့်​တိုက်​ဖြတ် ခြင်း၊ ဋ္ဌား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​လျက်​အ​နှိပ်​အ​စက် ကို​ခံ​၍​မ​တ​ရား​အ​နိုင်​အ​ထက်​ပြု​ခြင်း​ကို ခံ​ကာ၊ သိုး​ရေ​ဆိတ်​ရေ​တို့​ကို​ဝတ်​၍​သွား​လာ ကြ​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ