၂ ကော 10:17Common Language Bibleကျမ်းစာတော်က ``ဂုဏ်ယူဝါကြွားလိုသူသည် သခင်ဘုရားပြုတော်မူသောအမှုအတွက် သာဂုဏ်ယူဝါကြွားရမည်'' ဟုဆို၏။- အခန်းကိုကြည့်ပါ။ |
ယင်းတို့ကိုသင်တို့သည်လှေ့ကြလျက် လေများကတိုက်ခတ်ဆောင်ယူပြီးလျှင် မုန်တိုင်းများကလွင့်စင်သွားစေလိမ့်မည်။ သို့ရာတွင်ငါသည်သင်တို့၏ဘုရားဖြစ် တော်မူရကား၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းရကြလိမ့် မည်။ သင်တို့သည်လည်းဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင် တည်း ဟူသောငါ့အားထောမနာပြုကြလိမ့်မည်။
ပြည်တော်တွင်ကောင်းချီးမင်္ဂလာခံယူလိုသူ မှန်သမျှသည်သစ္စာတော်အရှင်၊ ဘုရားသခင် ၏ကောင်းချီးမင်္ဂလာကိုတောင်းခံကြလိမ့်မည်။ ကျိန်ဆိုပြောဆိုသူမှန်သမျှသည်လည်း သစ္စာတော်အရှင်၊ ဘုရားသခင်၏နာမတော် ကိုတိုင်တည်ကျိန်ဆိုကြလိမ့်မည်။ အတိတ် ကာလကဆင်းရဲဒုက္ခများသည်ကွယ်ပျောက် သွားလိမ့်မည်။ ယင်းတို့ကိုလူတို့သည်မေ့ လျော့သွားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-