Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 10:13

Common Language Bible

ငါ​တို့​မူ​ကား​ဝါ​ကြွား​သင့်​သည့်​အ​တိုင်း အ​တာ​ကို​ကျော်​လွန်​၍​ဝါ​ကြွား​ကြ​မည်​မ ဟုတ်။ သင်​တို့​တွင်​ငါ​တို့​လုပ်​ဆောင်​သော​လုပ် ငန်း​အ​ပါ​အ​ဝင်​ငါ​တို့​လုပ်​ဆောင်​ရန် ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​သတ်​မှတ်​ပေး​တော်​မူ သည့်​လုပ်​ငန်း​နယ်​ပယ်​အ​တွင်း​၌​သာ​ငါ​တို့ ဝါ​ကြွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

နေ့​နှင့်​ည​မှ​ထွက်​ပေါ်​လာ​သည့်​အ​သံ​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​သို့​ပျံ့​နှံ့​သွား​လျက် ယင်း​တို့​ကြေ​ညာ​သော​စ​ကား​သည် ကမ္ဘာ​မြေ​ကြီး​စွန်း​တိုင်​အောင်​ရောက်​လေ​၏။ ဘု​ရား​သ​ခင်​သည်​နေ​၏​အ​တွက်​မိုး​ကောင်း ကင်​၌ ဗိ​မာန်​တစ်​ဆောင်​ကို​တည်​တော်​မူ​၏။

ထို​အုတ်​မြစ်​အ​တွက်​တရား​မျှ​တ​မှု​ကို တံ​မျဉ်း​ကြိုး၊ ရိုး​သား​ဖြောင့်​မှန်​မှု​ကို​ချိန် သီး​ကြိုး​အ​ဖြစ်​အ​သုံး​ပြု​မည်။ ထို​ကြောင့်​ငါ​သည်​မိုး​သီး​မုန်​တိုင်း​သ​ဖွယ် သင်​တို့​၏​အ​မှီ​သ​ဟဲ​ဖြစ်​သည့်​လိမ်​လည် မှု​များ​ကို သိမ်း​ကျုံး​ဖယ်​ရှား​ကာ​မြစ်​လျှံ ရေ​ကဲ့​သို့ သင်​တို့​၏​လုံ​ခြုံ​မှု​ကို​လည်း​လွှမ်း မိုး​ပျက်​ပြား​စေ​တော်​မူ​မည်။

တစ်​ယောက်​ကို​ရွှေ​ငါး​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို နှစ်​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို​ရွှေ​တစ်​ပိ​ဿာ​စ​သည် ဖြင့်​ထို​သူ​တို့​၏​အ​ရည်​အ​ချင်း​အ​လိုက်​ပေး​အပ်​၏။ ထို​နောက်​နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​ခွာ​သွား​လေ​သည်။-

သို့​ရာ​တွင်​လူ​တို့​သည်​ထို​နှုတ်​က​ပတ်​တ​ရား တော်​ကို​ကြား​နာ​ခွင့်​မ​ရ​ကြ​သ​လော​ဟု​ငါ မေး​လို​၏။ သူ​တို့​သည်​ကြား​နာ​ခွင့်​ကို​အ​မှန် ပင်​ရ​ကြ​၏။ ကျမ်းစာ​တော်​က၊ ``နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သူ​တို့​၏ အ​သံ​သည်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​တွင်​ပျံ့​နှံ့​သွား​၏။ သူ​တို့​၏​တ​ရား​စ​ကား​များ​သည်​ကမ္ဘာ​အ​စွန် အ​ဖျား သို့​တိုင်​အောင်​ရောက်​ရှိ​လေ​ပြီ'' ဟု​ဆို​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-

သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထင်​သင့်​သည် ထက်​ပို​၍​အ​ထင်​မ​ကြီး​ကြ​စေ​ရန် ငါ​ခံ​စား ရ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် သင်​တို့​အ​ပေါင်း​အား​ငါ​မှာ​ကြား​လို​၏။ သင် တို့​အ​သီး​သီး​တို့​အား​ဘု​ရား​သ​ခင်​ချ ပေး​တော်​မူ​သော​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​မိ​မိ​တို့​ကိုယ်​ကို​သင့်​လျော်​စွာ​ထင် ကြ​လော့။-

သို့​ဖြစ်​၍​ငါ​တို့​အ​သီး​သီး​သည်​မိ​မိ​တို့ ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​နှင့်​အ​ညီ ဘု​ရား သ​ခင်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​ကို အ​သုံး​ပြု​ကြ​ရ​မည်။ ငါ​တို့​ရ​ရှိ​သည့်​ဆု ကျေး​ဇူး​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဟော​ပြော​နိုင်​စွမ်း​ဖြစ်​ပါ​က ငါ​တို့ သည်​မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​ထို​ဆု​ကျေး​ဇူး​ကို​အ​သုံး ပြု​ကြ​ရ​မည်။-

သူ​တစ်​ပါး​တို့​ချ​ခဲ့​သည့်​တိုက်​မြစ်​ပေါ်​တွင် ငါ​မ​တည်​မ​ဆောက်​လို။ ငါ​၏​ဆန္ဒ​မှာ​ခ​ရစ်​တော် ၏​အ​ကြောင်း​ကို​မ​ကြား​ဘူး​သေး​သော​အ​ရပ် တို့​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန်​ဖြစ် သည်။-

သို့​ရာ​တွင်​ဤ​တန်​ခိုး​စွမ်း​ရည်​အ​ပေါင်း​တို့ ကို​ချ​ပေး​တော်​မူ​သော​အ​ရှင်​ကား​ဝိ​ညာဉ် တော်​တစ်​ပါး​တည်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း​လူ​တစ်​ဦး​စီ​အား ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို​ချ​ပေး​တော် မူ​သ​တည်း။

ခ​ရစ်​တော်​ချ​ပေး​တော်​မူ​သည်​အ​တိုင်း​ငါ​တို့ တစ်​ဦး​စီ​သည်​ထူး​မြတ်​သည့်​ဆု​ကျေး​ဇူး​ကို ခံ​စား​ကြ​ရ​ပေ​သည်။-

သင်​တို့​အား​လုံး​ပင်​လျှင်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး တစ်​ပါး​ပါး​ကို​ခံ​ယူ​ရ​ရှိ​ကြ​၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​တော်​အ​မျိုး​မျိုး ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရ​သူ​များ​အ​နေ​ဖြင့် မိ​မိ​တို့​ခံ​ယူ​ရ​ရှိ​သည့်​ဆု​ကျေး​ဇူး​တော်​ကို အ​ချင်း​ချင်း​တို့​၏​အ​ကျိုး​အ​တွက်​အ​သုံး ပြု​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ