Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 10:11

Common Language Bible

ငါ​တို့​သည်​အ​ဝေး​၌​ရှိ​စဉ်​အ​ခါ​က​စာ​ရေး ပြော​ကြား​လိုက်​သည်​အ​တိုင်း​ပင် လူ​ကိုယ်​တိုင် ရောက်​ရှိ​လာ​ချိန်​၌​ပြု​မူ​ဆောင်​ရွက်​မည်​ဖြစ် ကြောင်း​ထို​သူ​အား​အ​သိ​ပေး​လိုက်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

``ပေါ​လု​၏​စာ​များ​သည်​ပြင်း​ထန်​၍​အာ​ဏာ ပါ​သည့်​စာ​များ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ရှေ့​မှောက် ၌​မူ​သူ​သည်​သတ္တိ​ကြောင်​သူ၊ အ​ဟော​အ​ပြော ညံ့​သူ​ဖြစ်​သည်'' ဟု​ပြော​ဆို​သူ​ရှိ​လိမ့်​မည်။-

မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​ပြော​ဆို​သူ​တို့​၏​လူ တန်း​စား​တွင်​ငါ​တို့​သည်​မ​ပါ​ဝင်​ဝံ့​ပါ။ သင်​တို့ နှင့်​နှိုင်း​ယှဉ်​ရန်​လည်း​မ​ဝံ့​ပါ။ မိ​မိ​တို့​ကိုယ်​ကို စံ​ထား​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ကဲ​ဖြတ်​သူ​များ သည်​လွန်​စွာ​မိုက်​မဲ​လှ​ပါ​သည်​တ​ကား။-

သင်​တို့​ထံ​ရောက်​သော​အ​ခါ​ငါ​တွေ့​မြင် လို​သည့်​အ​ခြေ​အ​နေ​မျိုး​တွင်​သင်​တို့ အား​မ​တွေ့​ရ​မည်​ကို​လည်း​ကောင်း၊ သင် တို့​သည်​လည်း​မိ​မိ​တို့​မြင်​လို​သည့်​အ​ခြေ အ​နေ​တွင်​ငါ​တို့​အား​မ​တွေ့​ရ​ကြ​မည် ကို​လည်း​ကောင်း​စိုး​ရိမ်​မိ​၏။ ခိုက်​ရန်​ဖြစ် ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ဂုဏ် ပြိုင်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း၊ တီး​တိုး ဂုံး​ချော​ခြင်း၊ မောက်​မာ​ထောင်​လွှား​ခြင်း၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​တို့​ကို​ငါ တွေ့​ရ​မည်​ကို​စိုး​ရိမ်​မိ​၏။-

သင်​တို့​နှင့်​ဝေး​ကွာ​သည်​ကာ​လ​ဤ​စာ​ကို​ရေး​ရ ခြင်း​မှာ​ငါ​လာ​သော​အ​ခါ သ​ခင်​ဘု​ရား​ငါ့​အား ပေး​တော်​မူ​သည့်​အ​ခွင့်​အာ​ဏာ​ကို​ပြင်း​ပြင်း​ထန် ထန်​အ​သုံး​မ​ပြု​ရ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။ ထို​အ​ခွင့် အာ​ဏာ​သည်​သင်​တို့​အား​ပြု​စု​ပျိုး​ထောင်​ပေး​ရန် အ​တွက်​ဖြစ်​၏။ ဖြို​ဖျက်​ပစ်​ရန်​အ​တွက်​မ​ဟုတ်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ