၂ ကော 1:5Common Language Bibleငါတို့သည်ခရစ်တော်ခံစားရသောများပြား သည့်ဒုက္ခဆင်းရဲတို့ကိုပါဝင်ခံစားရကြ သည့်နည်းတူ ခရစ်တော်အားဖြင့်ဘုရားသခင် ပေးတော်မူသောနှစ်သိမ့်မှုကိုလည်းခံယူရ ရှိကြ၏။- အခန်းကိုကြည့်ပါ။ |
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်သဖြင့်ကိုယ်တော်၏လူစုတော်အတွက် ကိုယ်တော်လျာထားတော်မူသောကောင်းချီး မင်္ဂလာများကိုခံစားရကြမည်။ ခရစ်တော် အတွက်ဘုရားသခင်လျာထားတော်မူ သည့်ဂုဏ်အသရေကိုလည်းခံစားရကြ မည်။ အဘယ်ကြောင့်ဆိုသော်ငါတို့သည် ခရစ်တော်နှင့်အတူဝေဒနာခံစားကြ လျှင် ကိုယ်တော်နှင့်အတူဘုန်းအသရေ တော်ခံစားရကြမည်ဖြစ်သောကြောင့် တည်း။
ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-
ငါခံရသည့်ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဒုက္ခဆင်းရဲ များကိုသင်သည်တွေ့မြင်ခဲ့ပေသည်။ အန္တိအုတ် မြို့၊ ဣကောနိမြို့နှင့်လုတ္တိရမြို့တို့တွင်ညှဉ်းဆဲ နှိပ်စက်ခြင်းအမျိုးမျိုးတို့ကိုငါခံခဲ့ရကြောင်း သင်သိ၏။ သို့ရာတွင်သခင်ဘုရားသည်ငါ့ အားထိုဒုက္ခအပေါင်းမှကယ်တော်မူခဲ့၏။-