၂ ကော 1:23Common Language Bibleကောရိန္သုမြို့သို့မလာဘဲနေရန်ငါဆုံးဖြတ် ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာသောကြောင့်ဖြစ် ကြောင်းဘုရားသခင်သည်ငါ၏သက်သေ ဖြစ်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
သားတော်အကြောင်းသတင်းကောင်းကို ကြေညာခြင်းအားဖြင့် ငါသည်ဘုရားသခင် ၏အမှုတော်ကိုစိတ်နှလုံးအကြွင်းမဲ့ထမ်း ဆောင်လျက်ရှိ၏။ ငါသည်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်း သင်တို့အားအစဉ်သတိ ရကြောင်းကိုဘုရားသခင်သည်သက်သေ ဖြစ်တော်မူ၏။ ဘုရားသခင်အလိုတော် ရှိပါကမကြာမီသင်တို့ထံသို့ငါလာ နိုင်ရန်လမ်းဖွင့်ပေးတော်မူရန်ဆုတောင်း၏။-
ငါတို့သည်လောကီအကျိုးကိုမြော်ကိုး၍ ဆောင်ရွက်သူများဖြစ်သည်ဟုစွပ်စွဲဝေဖန် ကြသောသူတို့အား ငါသည်မိမိ၏ရဲစွမ်း သတ္တိကိုငါပြနိုင်ကြောင်းကိုသိစေလို၏။ သို့ ဖြစ်၍သင်တို့ထံသို့ငါရောက်ရှိလာသော အခါ ထိုရဲစွမ်းသတ္တိကိုပြရသည့်အဖြစ် နှင့်မကြုံမတွေ့ရပါစေနှင့်။-
သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။-