Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ သက် 5:24

Common Language Bible

သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​ရှိ​တော်​မူ​သည်​ဖြစ်​၍​ဤ​သို့ ပြု​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

35 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင်​လူ တို့​သည် အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ဖြစ်​ပျက်​စေ ရန်​ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချမှတ်​ထား တော်​မူ​သော​ကြောင့်​ဖြစ်​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​မြဲ​၍​သစ္စာ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​သ​တည်း။

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​မြင့်​မြတ် သန့်​ရှင်း​သော​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက် ဦး​ညွှတ်​ပျပ်​ဝပ်​ကာ​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​နှင့်​သစ္စာ​တော်​ကြောင့်​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​နှင့်​က​တိ​တော်​တို့​သည် အ​ထွတ်​အ​မြတ်​ဆုံး​ဖြစ်​ကြောင်း​ပြ​သ တော်​မူ​ပြီ။

ကိုယ်​တော်​သည်​ကောင်း​ကင်၊ကမ္ဘာ​မြေ​ကြီး ပင်​လယ်​နှင့်​တ​ကွ​ယင်း​တို့​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​သည်​သစ္စာ​တော်​ကို​အ​စဉ်​အ​မြဲ စောင့်​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ သစ္စာ​တော်​သည်​မိုး​တိမ်​အ​ထက်​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။

ကျွန်​တော်​မျိုး​သည်​ကယ်​တင်​ခြင်း​သ​တင်း​တော်​ကို မျို​သိပ်​၍​မ​ထား​ပါ။ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​နှင့် ကူ​မ​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို အ​စဉ်​ပင်​ဖော်​ပြ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ စု​ဝေး​ရာ​၌ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​နှင့် ခိုင်​မြဲ​သော​မေတ္တာ​တော်​အ​ကြောင်း​တို့​ကို မ​ထိမ်​မ​ဝှက်​ပါ။

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ချစ်​ခင်​ကြင်​နာ​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပါ​၏။ အ​စဉ်​သ​နား​လျက်​သစ္စာ​ရှိ​တော်​မူ​ပါ​၏။

ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည်​ကာ​လ​အ​စဉ် တည်​တော်​မူ​၍ သစ္စာ​တော်​သည်​လည်း​မိုး​ကောင်း​ကင်​ကဲ့​သို့ ခိုင်​မြဲ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။

ချို​သာ​နာ​ပျော်​ဖွယ်​သော​စောင်း​သံ​နှင့်​တ​ကွ ကြိုး​တပ်​တူ​ရိ​ယာ​သံ​တို့​ဖြင့် နံ​နက်​တိုင်း​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ဖော်​ကူး​၍ ညဥ့်​တိုင်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​သည်​လည်း​ကောင်း လျောက်​ပတ်​လှ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ချီး​မြှောက်​၍ နာ​မ​တော်​ကို​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို ပြု​တော်​မူ​ပါ​ပြီ။ ရှေး​မ​ဆွ​က​ပင်​ပြု​တော်​မူ​ခဲ့​သည့် အ​ကြံ​အ​စည်​တော်​တို့​ကို၊ တိ​ကျ​စွာ​အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပါ​ပြီ။

ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင် လူ​တို့​သည်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့ ကျန်​ရှိ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချ မှတ်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။''

သူ​၏​ရာ​ဇ​အာ​ဏာ​သည်​ဆက်​လက်​တိုး တက်​လျက် သူ​၏​နိုင်​ငံ​တော်​သည်​လည်း၊အ​စဉ်​အ​မြဲ ငြိမ်း​ချမ်း​သာ​ယာ​လိမ့်​မည်။ သူ​သည်​ဒါ​ဝိဒ်​မင်း​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ ယ​ခု​မှ​စ​၍​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တ​ရား​တော်​နှင့်​အ​ညီ​မျှ​တ​စွာ​အုပ်​စိုး​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​အား​ဖြစ်​ပျက်​စေ ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။

ကိုယ်​တော်​သည်​ရှေး​အ​ခါ​က​အ​ကျွန်ုပ်​တို့ ၏​ဘိုး​ဘေး​တို့​အား က​တိ​ထား​ရှိ​ခဲ့​သည့် အ​တိုင်း​အာ​ဗြ​ဟံ​နှင့်​ယာ​ကုပ်​တို့​၏​အ ဆက်​အ​နွယ်​များ​ဖြစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​အား​သစ္စာ​တော်၊ က​ရု​ဏာ​တော် နှင့်​အ​ညီ​ကျေး​ဇူး​ပြု​တော်​မူ​လိမ့်​မည်။ ပ​ရော​ဖက်​မိ​က္ခာ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ဘု​ရား​သ​ခင်​သည်​လူ​ကဲ့​သို့​မု​သား​စ​ကား ကို​မ​ပြော။ လူ​ကဲ့​သို့​စိတ်​ပြောင်း​လဲ​တော်​မ​မူ။ က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​၏။ အ​မိန့်​တော်​အ​တိုင်း​ဖြစ်​ပျက်​တတ်​၏။

ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း​ငါ​၏ စ​ကား​တည်​လိမ့်​မည်။''

ဘု​ရား​သ​ခင်​သည်​ပ​ညတ်​တ​ရား​ကို​မော​ရှေ အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။ သို့​ရာ​တွင်​ကျေးဇူး တရား​နှင့် သစ္စာ​တရား​တို့​ကို​မူ​ကား​ယေ​ရှု​ခ​ရစ် အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။-

ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို​လက်​ခံ​သော သူ​မူ​ကား​ယင်း​သို့​လက်​ခံ​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​သည်​သစ္စာ​တော်​ရှင်​ဖြစ်​ကြောင်း​ကို သက်​သေ​ခံ​သူ​ဖြစ်​၏။-

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​သီး​သန့်​ထား​သူ တို့​ကို​ခေါ်​ယူ​တော်​မူ​၏။ ယင်း​သို့​ခေါ်​ယူ​တော် မူ​သော​သူ​တို့​အား မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​ပြီး​လျှင်​မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ခံ​စား​ခွင့်​ပေး​တော်​မူ​၏။

ငါ​တို့​သည်​ကိုယ်​တော်​ခေါ်​ယူ​တော်​မူ​သော သူ​များ​ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို ခေါ်​ယူ​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​များ​အ​ထဲ မှ​သာ​မ​က လူ​မျိုး​ခြား​များ​အ​ထဲ​မှ လည်း​ခေါ်​ယူ​တော်​မူ​သ​တည်း။

ဘု​ရား​သ​ခင်​သည်​သစ္စာ​စောင့်​တော်​မူ​၏။ ကိုယ်​တော် သည်​သင်​တို့​အား​မိ​မိ​၏​သား​တော်​တည်း​ဟူ​သော ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ရန် သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။

သင်​တို့​တွေ့​ကြုံ​ရ​သည့်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း များ​သည်​လူ​အ​ပေါင်း​တို့​တွေ့​ကြုံ​နေ​ကြ၊ သာ မန်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​သာ​ဖြစ်​၏။ ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သ​ဖြင့် သင်​တို့​အား​မိ​မိ​တို့​ခံ​နိုင်​သည် ထက်​ပို​၍​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​စေ​တော် မူ​လိမ့်​မည်​မ​ဟုတ်။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ခံ​ရ ချိန်​၌​ခံ​နိုင်​သော​ခွန်​အား​ကို​ပေး​တော်​မူ​သ​ဖြင့် ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​မှ​လွတ်​မြောက်​ရန် လမ်း​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်။

သို့​ရာ​တွင်​မ​မွေး​မီ​က​ပင်​လျှင်​ဘု​ရား​သ​ခင်​သည် ကျေး​ဇူး​တော်​အား​ဖြင့် ငါ့​အား​ရွေး​ချယ်​၍​အ​မှု တော်​ဆောင်​ရန်​ခေါ်​ယူ​တော်​မူ​၏။ ထို​နောက်​လူ​မျိုး ခြား​တို့​အား​သား​တော်​၏​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​နိုင်​စေ​ရန် မိ​မိ​၏ အ​လို​တော်​နှင့်​အ​ညီ​ငါ့​အား ထို​သား​တော်​ကို ဖူး​မြင်​ခွင့်​ပေး​တော်​မူ​၏။ ထို​အ​ခါ​ငါ​သည် အ​ဘယ်​သူ​၏​ထံ​၌​မျှ​အ​ကြံ​ဉာဏ်​မ​တောင်း ခံ​ခဲ့။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သာ လျှင် ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ သစ္စာ​တော်​တည် မြဲ​ကြောင်း​သိ​မှတ်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကို​ချစ်​၍​ပ​ညတ်​တော်​များ​ကို​လိုက်​နာ သော​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက်​ထောင် သောင်း​အ​ထိ မိ​မိ​၏​ပ​ဋိ​ညာဉ်​ကို​တည်​စေ ၍​သူ​တို့​အား​မေတ္တာ​က​ရု​ဏာ​ကို​ပြ​တော် မူ​မည်။-

ငါ​တို့​သည်​သင်​တို့​ကို​အား​ပေး​စ​ကား​ပြော ကြား​ခဲ့​ကြ​၏။ စိတ်​သက်​သာ​မှု​ကို​ရ​ရှိ​စေ​ခဲ့ ကြ​၏။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သို့​ဝင်​ခွင့်​နှင့် ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ​ခွင့်​ရ​နိုင်​စိမ့်​သော​ငှာ သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့်​အ​ကျင့် မျိုး​ကို​ကျင့်​ကြ​စေ​ရန်​တိုက်​တွန်း​နှိုး​ဆော်​ခဲ့ ကြ​၏။

သင်​တို့​သည်​ယင်း​သို့​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​အ​တူ ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​ယူ​နိုင်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဟော​ပြော​ကြေ​ညာ သည့်​သ​တင်း​ကောင်း​အား​ဖြင့် သင်​တို့​ကို​ရွေး ချယ်​တော်​မူ​သ​တည်း။-

သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​သစ္စာ​တော်​အ​ရှင် ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား​ကြံ့​ခိုင် စေ​၍​မာရ်​နတ်​၏​ဘေး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။-

ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကယ်​တင်​တော်​မူ ၍ မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး​ကောက်​တော် မူ​သည်​မှာ ငါ​တို့​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်​ဘဲ ကိုယ်​တော်​တိုင်​၏​အ​ကြံ အ​စည်​တော်​နှင့်​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​ပေ သည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မ​တည်​ရှိ​မီ​ကာ​လ က​ပင်​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​ငါ​တို့​အား ထို​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော်​မူ​၏။-

ငါ​တို့​သစ္စာ​ဖောက်​လျှင်​ကိုယ်​တော်​သည် သစ္စာ​ဖောက်​တော်​မ​မူ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် မိ​မိ​သစ္စာ​တော်​ကို​ပယ်​ဖျက်​တော်​မ​မူ​နိုင် သော​ကြောင့်​ဖြစ်​၏''

ထို​ဘာ​သာ​တော်​သည်​ထာ​ဝ​ရ​အ​သက်​ကို မျှော်​လင့်​မှု​တွင်​အ​ခြေ​ခံ​ပေ​သည်။ မု​သား နှင့်​ကင်း​စင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကပ်​ကာ​လ​မ​တည်​ရှိ​မီ​က​ပင် ထာ​ဝ​ရ အ​သက်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ရန် က​တိ​ထား​တော်​မူ​ပေ​သည်။-

သို့​ရာ​တွင်​သင်​တို့​သည်​အ​ချိန်​အ​နည်း​ငယ်​မျှ ယင်း​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ပြီး​နောက်​ကျေး​ဇူး တော်​အ​ပေါင်း​၏​အ​ရှင်၊ သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​လျက် ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​တော်​ကို​ဝင်​စား​ခွင့်​ပေး​ရန်​ဖိတ် ခေါ်​တော်​မူ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​သင်​တို့​အား​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ပြု ပြင်​ပေး​တော်​မူ​၍ သင်​တို့​အား​ခိုင်​ခံ့​စေ​တော်​မူ ပြီး​လျှင်​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​လျက်​ကြံ့​ခိုင် စွာ​ရပ်​တည်​စေ​တော်​မူ​လိမ့်​မည်။-

ငါ​တို့​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း​အား ဖြင့် ဘု​ရား​ဝတ်​၌​အ​မှန်​ပင်​မွေ့​လျော်​နိုင်​စေ​ရန် ဘု​ရား​သ​ခင်​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ တို့​လို​အပ်​သော​အ​ရာ​ရှိ​သ​မျှ​ကို​ချ​ပေး တော်​မူ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ဘုန်း​အ​သ ရေ​တော်​နှင့်​ကောင်း​မြတ်​ခြင်း​ကို ငါ​တို့​ခံ​ယူ နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ခေါ်​ယူ​ရွေး​ကောက် တော်​မူ​ပေ​သည်။-

သူ​တို့​သည်​သိုး​သူငယ်​တော်​ကို​စစ်​တိုက်​ကြ​လိမ့် မည်။ သိုး​သူ​ငယ်​တော်​သည်​အ​ရှင်​တ​ကာ​တို့​၏ အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ သော​ကြောင့်​သူ​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော​သူ၊ ကိုယ်​တော်​အား​သစ္စာ​ရှိ​သော​သူ​တို့​သည်​ကိုယ် တော်​နှင့်​အ​တူ​အောင်​ပွဲ​ဝင်​ခွင့်​ရ​ကြ​လိမ့် မည်'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ