Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ သက် 5:2

Common Language Bible

သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ရာ​နေ့​ရက်​သည် ညဥ့်​အ​ခါ​သူ​ခိုး​လာ​သ​ကဲ့​သို့​မ​မျှော်​မ​လင့် ဘဲ​ရောက်​ရှိ​လာ​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​မျက်​တော်​သည်​ကိုယ်​တော်​ကြံ​စည်​တော် မူ​သ​မျှ​သော​အ​မှု​များ​မ​ပြီး​မ​ချင်း​ပြေ ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ဤ​အ​ချက်​ကို​ကိုယ် တော်​၏​လူ​မျိုး​တော်​သည် လာ​လတ္တံ့​သော​နေ့ ရက်​များ​၌​သိ​ရှိ​နား​လည်​လာ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။

``သို့​ဖြစ်​၍​သင်​တို့​သည်​လည်း​ထို​နေ့​ထို​အ​ချိန် ကို​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။

``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-

ငါ​တို့​အရှင်​ယေ​ရှု​ခ​ရစ်​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​တွင် သင်​တို့​သည်​အ​ပြစ်​နှင့်​ကင်း​စင်​စေ​ရန် ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဆုံး​တိုင်​အောင် တည်​ကြည်​စေ​တော်​မူ​လိမ့်​မည်။-

သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​မူ​ကား​မှောင်​မိုက် တွင်​နေ​သူ​များ​မ​ဟုတ်​သ​ဖြင့် သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ရာ​နေ့​ရက်​သည် သူ​ခိုး​ကဲ့​သို့ သင်​တို့​ထံ​သို့​တိတ်​တ​ဆိတ်​ရောက်​ရှိ​၍​မ​လာ နိုင်။-

သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ရာ​နေ့​ကျ ရောက်​ပြီ​ဖြစ်​ကြောင်း​လူ​တို့​ပြော​ဆို​သည် ကို​ကြား​ရ​သော​အ​ခါ သင်​တို့​သည်​ရုတ်​တရက် စိတ်​ရှုပ်​ထွေး​ကာ​မ​တည်​မ​ငြိမ်​မ​ဖြစ်​ကြ​နှင့်။ ဤ​သို့​ပြော​ဆို​ခြင်း​သည်​ငါ​တို့​ပ​ရော​ဖက် ပြု​ခြင်း​အား​ဖြင့်​ပြော​သော​စ​ကား​ဟူ​၍ ဖြစ်​စေ၊ ငါ​တို့​တရား​ဟော​ရာ​တွင်​ပြော​သော စ​ကား​ဟူ​၍​ဖြစ်​စေ၊ ငါ​တို့​စာ​တွင်​ပါ​ရှိ သည့်​စ​ကား​ဟူ​၍​ဖြစ်​စေ​လူ​တို့​ထင် ကောင်း​ထင်​ကြ​ပေ​လိမ့်​မည်။-

သို့​ဖြစ်​၍​ယော​ရှု​နှင့်​သူ​၏​တပ်​သား​အ​ပေါင်း တို့​သည် မေ​ရုံ​ချောင်း​တွင်​စ​ခန်း​ချ​လျက်​ရှိ သော​ရန်​သူ​များ​ကို​ရုတ်​တ​ရက်​ဝင်​ရောက် တိုက်​ခိုက်​ရာ၊-

သူ​ခိုး​လာ​သ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​၏ နေ့​ရက်​သည်​ကျ​ရောက်​လာ​လိမ့်​မည်။ ယင်း နေ့​ရက်​၌​မိုး​ကောင်း​ကင်​သည်​အ​သံ​မြည် ဟီး​လျက်​ကွယ်​ပျောက်​သွား​လိမ့်​မည်။ ကြယ် တာ​ရာ​များ​သည်​လည်း​ကျွမ်း​လောင်​ကြ လိမ့်​မည်။ ထို​အ​ခါ​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ မြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​လိမ့်​မည်။-

``ငါ​သည်​သူ​ခိုး​လာ​သ​ကဲ့​သို့​အ​မှတ်​မ​ထင် လာ​မည်။ သို့​ဖြစ်​၍​အ​ဝတ်​အ​ချည်း​စည်း​နှင့် သွား​လာ​၍​လူ​တို့​၏​ရှေ့​၌​အ​ရှက်​မ​ရ​စေ ရန်​နိုး​လျက်​နေ​၍ မိ​မိ​၏​အ​ဝတ်​များ​ကို သ​တိ​နှင့်​စောင့်​ကြပ်​သော​သူ​သည်​မင်္ဂလာ​ရှိ​၏။

ထို့​ကြောင့်​သင်​သည်​ကြား​နာ​ခံ​ယူ​ခဲ့​သည့် တ​ရား​ကို​အောက်​မေ့​သ​တိ​ရ​လျက်​လိုက် လျှောက်​ကျင့်​သုံး​လော့။ နောင်​တ​ရ​လော့။ သင် သည်​မ​နိုး​မ​ထ​ပါ​မူ​သူ​ခိုး​လာ​သ​ကဲ့​သို့ သင့်​ထံ​သို့​ငါ​လာ​မည်။ ငါ​လာ​မည့်​အ​ချိန် ကို​သင်​သိ​ရ​လိမ့်​မည်​မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ