Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ သက် 1:7

Common Language Bible

သို့​ဖြစ်​၍​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ရှိ ယုံ​ကြည်​သူ​အ​ပေါင်း​တို့ အ​တွက်​စံ​န​မူ​နာ​ဖြစ်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ မိ​မိ​တို့​တည်း​ခို​ရာ အိမ်​အ​ထက်​ခန်း​သို့​သွား​ကြ​၏။ ထို​သူ​တို့​ကား ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ယာ​ကုပ်​၏ သား​ယု​ဒ​တို့​ဖြစ်​၏။-

ထို​မြို့​မှ​ဖိ​လိပ္ပိ​မြို့​သို့​သွား​ကြ​၏။ ဖိ​လိပ္ပိ​မြို့ ကား​မာ​ကေ​ဒေါ​နိ​ပြည်​ပ​ထ​မ​နယ်​၏​မြို့​တစ် မြို့​ဖြစ်​၏။ ရော​မ​အ​မျိုး​သား​တို့​အ​ခြေ​စိုက် ရာ​မြို့​လည်း​ဖြစ်​၏။ ထို​မြို့​တွင်​ကျွန်ုပ်​တို့​သည် ရက်​ပေါင်း​များ​စွာ​နေ​ထိုင်​ကြ​ပြီး​သည့်​နောက်၊-

ထို​နောက်​ပေါ​လု​သည်​အာ​သင်​မြို့​မှ​ထွက် ခွာ​၍ ကော​ရိ​န္သု​မြို့​သို့​ရောက်​၏။-

ဂါ​လျုန်​သည်​အ​ခါ​ယ​ပြည်​ဘု​ရင်​ခံ​ဖြစ်​စဉ် အ​ခါ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စု​ရုံး​လျက် ပေါ​လု​ကို​ဖမ်း​ဆီး​ပြီး​လျှင် တ​ရား​ခွင်​ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။-

ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ပေါ​လု သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​မှ တစ်​ဆင့် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရန်​စိတ်​ပိုင်း ဖြတ်​၏။ သူ​က ``ထို​မြို့​သို့​ငါ​သွား​ပြီး​နောက် ရော​မ​မြို့​သို့​လည်း​သွား​ရ​မည်'' ဟု​ဆို​၏။-

ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ် ခန့်​ထား​ခြင်း​ခံ​ရ သူ​ပေါ​လု​နှင့်​ညီ​တိ​မော​သေ​တို့​ထံ​မှ ကော​ရိန္သု ရှိ​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​များ​မှ​စ​၍ အ​ခါ​ယ​ပြည်​နယ်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။

သင်​တို့​ကူ​ညီ​ထောက်​ပံ့​ရန်​စိတ်​စေ​တ​နာ ထက်​သန်​ကြ​သည်​ကို​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် တို့​အ​ကြောင်း​ကို​မာ​ကေ​ဒေါ​နိ​ပြည်​သား တို့​အား​ငါ​ကြွား​ဝါ​ခဲ့​၏။ ``အ​ခါ​ယ​ပြည် ရှိ​ညီ​အစ်​ကို​တို့​သည်​ယ​မန်​နှစ်​က​ပင်​လျှင် ပေး​လှူ​ရန်​အ​သင့်​ရှိ​ကြ​၏'' ဟု​သူ​တို့​အား ငါ​ပြော​ကြား​ခဲ့​၏။ သင်​တို့​၏​စိတ်​စေ​တ​နာ ထက်​သန်​မှု​ကြောင့်​ထို​သူ​တို့​အား​လုံး​လို လို​ပင်​စိတ်​အား​တက်​ကြွ​လာ​ပေ​ပြီ။-

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ပြု​မူ​ကျင့် ကြံ​မှု​ကြောင့်​သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​တို့​တွင် ပျံ့​နှံ့​သွား​သည်​သာ​မ​က ဘု​ရား​သ​ခင်​အား သင်​တို့​ယုံ​ကြည်​ခြင်း​သ​တင်း​သည်​အ​ရပ် တ​ကာ​သို့​ရောက်​ရှိ​သွား​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​ပြော​ဆို​ရန်​မ​လို​တော့​ချေ။-

အ​မှန်​စင်​စစ်​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် တစ်​ပြည်​လုံး​ရှိ​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တို့​အား ချစ်​ခဲ့​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ထို​ထက်​မ​က​ပို​မို​ချစ်​ကြ​ရန် ငါ​တို့​တိုက်​တွန်း​၏။-

အ​သက်​ငယ်​ရွယ်​သူ​ဖြစ်​သည့်​အ​တွက်​သင့် အား​အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။ သင် ၏​အ​ပြော​အ​ဆို၊ အ​ပြု​အ​မူ၊ ချစ်​ခြင်း၊ သစ္စာ ရှိ​ခြင်း၊ စိတ်​နှ​လုံး​စင်​ကြယ်​ခြင်း​တို့​သည် ယုံ​ကြည်​သူ​တို့​အ​တွက်​စံ​န​မူ​နာ​ဖြစ်​စေ လော့။-

ကိစ္စ​အ​ဝ​ဝ​၌​သင်​ကိုယ်​တိုင်​ပင်​လျှင်​စံ​န​မူ နာ​ကောင်း​ကို​ပြ​လော့။ တည်​ကြည်​လေး​နက်​စွာ သြ​ဝါ​ဒ​ပေး​လော့။-

သင်​တို့​လက်​ဝယ်​အပ်​ထား​သည့်​သူ​တို့​အ​ပေါ် တွင်​အ​စိုး​တ​ရ​မ​ပြု​ကြ​နှင့်။ သိုး​စု​၏​ရှေ့​၌ စံ​န​မူ​နာ​ကောင်း​ကို​ပြ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ