Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 9:14

Common Language Bible

အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​ကြ​၏။ မေ​ရာ​ရိ​သား​ချင်း​စု​ဝင်၊ ဟာ​ရှ​ဘိ​နှင့်​အာ​ဇ​ရိ​ကံ တို့​မှ ဆင်း​သက်​လာ​သော​ဟာ​ရှုပ်​၏​သား​ရှေ​မာ​ရ။ ဗာ​က​ဗက္ကာ၊ဟေ​ရက်​နှင့်​ဂ​လာ​လ။ အာ​သပ်၊ဇိ​ခ​ရိ​တို့​မှ​ဆင်း​သက်​လာ​သော မိက္ခာ​၏​သား​မ​ဿ​နိ။ ဂ​လာ​လ၊ ယေ​ဒု​သုံ​တို့​မှ​ဆင်း​သက်​လာ သော ရှေ​မာ​ယ​၏​သား​သြ​ဗ​ဒိ။ ဧ​လ​ကာ​န​၏​မြေး၊အာ​သ​၏​သား​ဗေ​ရ​ခိ၊ ဧ​လ​ကာ​န​သည်​နေ​တော​ဖာ​သိ​မြို့​အ​ပိုင် နယ်​မြေ​သား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​အား ခွဲ​ခန့် သတ်​မှတ်​ပေး​သည့်​တာ​ဝန်​ဝတ္တ​ရား​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ကော​ရ​ဟိ​ဆွေ​မျိုး စု​တွင်​အာ​သပ်​၏​အိမ်​ထောင်​စု​မှ​ကော​ရ​၏ သား​မေ​ရှ​လေ​မိ​ဆို​သူ​ရှိ​၏။-

ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​မင်း​ကြီး၊ အိမ်​ထောင် ဦး​စီး​များ၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ​နှင့် စစ်​တပ်​အ​ရာ​ရှိ​များ​ဆက်​ကပ်​ထား​သည့်​လှူ ဖွယ်​ပစ္စည်း​များ​ကို​တာ​ဝန်​ယူ​၍​ထိန်း​သိမ်း ရ​ကြ​၏။-

မေ​ရာ​ရိ​၏​သား​များ​ကား​မ​ဟာ​လိ​နှင့်​မု​ရှိ ဖြစ်​သ​တည်း။

အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း မေ​ရာ​ရိ​၏​သား​မြေး​စာ​ရင်း​မှာ​မေ​ရာ​ရိ၊ မ​ဟာ​လိ၊ လိ​ဗ​နိ၊ ရှိ​မိ၊ သြ​ဇ၊-

ထို​နည်း​တူ​စွာ​မေ​ရာ​ရိ​သား​ချင်း​စု​တို့​သည် ရု​ဗင်​နယ်၊ ဂဒ်​နယ်​နှင့်​ဇာ​ဗု​လုန်​နယ်​တို့​မှ​မြို့ တစ်​ဆယ့်​နှစ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ ၍​ခွဲ​ဝေ​ယူ​ရ​ကြ​၏။-

အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​သည့်​ယဇ်​ပု​ရော ဟိတ်​တို့​၏​အ​ရေ​အ​တွက်​မှာ စု​စု​ပေါင်း​တစ် ထောင့်​ခု​နစ်​ရာ​ခြောက်​ဆယ်​ဖြစ်​၏။ သူ​တို့​သည် ဗိ​မာန်​တော်​အ​တွင်း​၌​ဆောင်​ရွက်​ရ​သော​အ​မှု ကိစ္စ​မှန်​သ​မျှ​တို့​တွင်​အ​ထူး​ကျွမ်း​ကျင်​သူ များ​ဖြစ်​ကြ​၏။

သို့​ရာ​တွင်​လေဝိ​အိမ်​ထောင်​ဦး​စီး​များ​စာ​ရင်း​ကို​ဧ​လျာ​ရှိပ်​၏​မြေး​ယော​ဟ​နန်​၏​လက်​ထက်​တိုင်​အောင်​သာ​လျှင်​တ​ရား​ဝင်​မှတ်​တမ်း​များ​တွင်​တွေ့​ရှိ​ရ​၏။

ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ယော​ရှု၊ ဗိနွိ နှင့်​ကပ်​မျေ​လ​တို့​၏​ညွှန်​ကြား​အုပ်​ချုပ်​မှု​ကို​ခံ​ယူ​ကာ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​အ​စု​များ​ခွဲ​၍​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ပေး​အပ်​သည့်​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ တစ်​ကြိမ်​လျှင်​နှစ်​စု​ကျ​အ​တုန့်​အ​ပြန်​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လျက်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ကြ​လေ​သည်။

လေ​ဝိ​အ​နွယ်​တွင်​ဂေ​ရ​ရှုံ​သား​ချင်း​စု၊ ကော ဟတ်​သား​ချင်း​စု​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု တို့​ပါ​ဝင်​ကြ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ