နေရ၏သားသည်ကိရှ၊ ကိရှ၏သားမှာ ရှောလုဖြစ်၏။ ရှောလုတွင်ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလဟူ၍ သားလေးယောက်ရှိ၏။-
ရှောလု၏တပ်မတော်ဗိုလ်ချုပ်၊ နေရ၏သား အာဗနာသည်ရှောလု၏သားတော်ဣရှဗော ရှက်နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်၍မဟာ နိမ်မြို့သို့ထွက်ပြေးသွားလေသည်။-
ဒါဝိဒ်အမိန့်ပေးသဖြင့်စစ်သည်တော်တို့ သည်ရေခပ်နှင့်ဗာနာတို့အားသတ်ပြီးလျှင် သူတို့၏ခြေလက်တို့ကိုဖြတ်၍ဟေဗြုန် ရေကန်အနီးတွင်ဆွဲထားကြ၏။ ဣရှ ဗောရှက်၏ဦးခေါင်းကိုမူဟေဗြုန်မြို့ရှိ အာဗနာ၏ဂူတွင်သင်္ဂြိုဟ်ကြ၏။
မိကလုတ်၏သားသည်ရှိမံဖြစ်၏။ သူတို့ ၏သားမြေးများသည်မိမိတို့၏သားချင်း အခြားအိမ်ထောင်စုများအနီးယေရု ရှလင်မြို့တွင်နေထိုင်ကြလေသည်။
ယောနသန်၏သားသည်မေရိဗ္ဗာလဖြစ်၍ မေရိဗ္ဗာလ၏သားမှာမိက္ခာဖြစ်၏။
သူတို့သည်ရှင်ဘုရင်တစ်ပါးခန့်ပေးရန် ရှမွေလအားတောင်းဆိုကြသဖြင့် ဘုရား သခင်သည်ကိရှ၏သားဗင်္ယာမိန်အနွယ်ဝင် ရှောလုကိုခန့်ထားတော်မူ၏။ ရှောလုသည် အနှစ်လေးဆယ်ပတ်လုံးနန်းစံတော်မူ သတည်း။-
ဖိလိတ္တိအမျိုးသားတို့သည်ရှောလု၏သား များဖြစ်ကြသောယောနသန်၊ အဘိနဒပ် နှင့်မေလခိရွှတို့ကို လိုက်၍မီသဖြင့် သတ်ဖြတ်လိုက်ကြ၏။-
ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်ရှိ၏။ သူ၏ နာမည်မှာကိရှဖြစ်၏။ သူ့အဖသည်အဗျေလ၊ အဖိုးကားဇေရော်ဖြစ်၏။ သူသည်အာဖိသား ချင်းစုဝင်ဖြစ်သောဗေခေါရတ်အိမ်ထောင်စု မှဆင်းသက်လာသူတည်း။ ကိရှသည်ချမ်းသာ ကြွယ်ဝ၍သြဇာတိက္ကမရှိသူတစ်ယောက် ဖြစ်ပေသည်။-
သူ့မှာရှောလုနာမည်တွင်သောသားတစ် ယောက်ရှိ၏။ ထိုသားသည်ပျိုရွယ်၍အဆင်း လှ၏။ ဣသရေလအမျိုးသားရှိသမျှ တို့ထက်အရပ်တစ်ပေမျှပို၍မြင့်၏။ အဆင်းလည်းပို၍လှ၏။